Main menu

Background

မကွေးတိုင်းဒေသကြီး စပါး၊ ဆန်ဈေးနှုန်းများ

Mon, 01/15/2024 - 10:49 -- journal_editor

မကွေးတိုင်းဒေသကြီးသည် ဆန်လိုတိုင်းဒေသကြီး ဖြစ်၍ စပါး အဓိကစိုက်ပျိုးထွက်ရှိရာ အခြား တိုင်းဒေသကြီး၊ ပြည်နယ်များမှ တင်သွင်းရသည်။ 
ဇန်နဝါရီ  ၃ ရက်မှ  ၉ ရက်အတွင်း ယခင်တစ်ပတ်ထက် စပါးဧရာပဒေသာတစ်တင်းလျှင် ကျပ် ၁၀ဝ၀၊ ဧည့်မထ နွေ/ မိုးတစ်တင်းလျှင် ကျပ် ၂၀ဝ၀၊ မကွေးခရိုင်တွင် ပေါ်ဆန်း မွှေးဆန် ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၁၆၀ဝ၀၊ မနောသုခ ကျပ် ၇၀ဝ၀၊ ရတနာတိုး ကျပ် ၃၀ဝ၀၊ မင်းဘူးခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်၅၀ဝ၀၊ သရက်ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၅၀ဝ၀၊ ဧရာပဒေသာ ကျပ် ၃၀ဝ၀၊ မနောသုခ ကျပ် ၁၀ဝ၀ ဖြင့် ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။ 
ဆန်၊ စပါးဈေးနှုန်းမှာ ပြည်ပသို့ တင်ပို့ရောင်းချသည့် နထစသမအ လုပ်ငန်းရှင်များက ဆန်ဈေးမြင့်ပြီး   ဝယ်ယူသည့် အတွက်ကြောင့်  ဆန်စပါးဈေးနှုန်းများ မြင့်တက်ရခြင်းဖြစ် ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း မင်းဘူးခရိုင်၊  မင်းဘူး၊ ပွင့်ဖြူ၊  စလင်းနှင့် မကွေးခရိုင်၊ မြို့သစ်၊တောင်တွင်းတို့တွင် ဧရာပဒေသာစပါးကိုအဓိကစိုက်ပျိုးကြပြီး ဇန်နဝါရီ ၉  ရက် တွင်ဖြစ်ပေါ်နေသော စပါးဈေးမှာ ဧရာပဒေသာ တစ်တင်း လျှင် ကျပ် ၃၅၀ဝ၀၊ မနောသုခ(သစ်) ကျပ်၂၃၀ဝ၀၊ ဧည့်မထ နွေ(အဟောင်း) ကျပ်၂၂၀ဝ၀၊ ဧည့်မထမိုး(အသစ်) ကျပ် ၁၉၀ဝ၀ ဖြစ်ပြီး   ဆန်ဈေးနှုန်းများမှာ   မကွေးခရိုင်တွင် ပေါ်ဆန်းမွှေး ၂၄ ပြည် တစ်အိတ်လျှင်   ကျပ်  ၁၆၀ဝ၀ဝ၊ ဧရာပဒေသာ ကျပ် ၁၄၀ဝ၀ဝ၊     မနောသုခ ကျပ် ၉၅၀ဝ၀၊ ရတနာတိုး ကျပ်၇၅၀ဝ၀၊  မင်းဘူးခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်၁၂၅၀ဝ၀၊ ဧရာပဒေသာ ကျပ်  ၁၃၀ဝ၀ဝ၊ မနောသုခ ကျပ် ၈၅၀ဝ၀၊သရက်ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၄၀ဝ၀ဝ၊ ဧရာပဒေသာ ကျပ်  ၁၀၅၀ဝ၀၊ မနောသုခ ကျပ်  ၈၀ဝ၀ဝ၊ အောင်လံခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၆၈၀ဝ၀၊ ဧရာပဒေ သာ ကျပ ်၁၂၅၀ဝ၀၊ မနောသုခ ကျပ် ၇၅၀ဝ၀၊ ရတနာတိုး ကျပ်၆၅၀ဝ၀၊ ချောက်ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၅၀ဝ၀ဝ၊ ဧရာပဒေသာ ကျပ် ၁၅၀ဝ၀ဝ၊   မနောသုခ ကျပ် ၉၀ဝ၀ဝ၊ ရတနာတိုး ကျပ်၇၀ဝ၀ဝ၊ ပခုက္ကူခရိုင်တွင်  ပေါ်ဆန်းမွှေး ကျပ် ၁၃၅၀ဝ၀၊ ဧရာပဒေသာ ကျပ်  ၁၂၅၀ဝ၀၊ မနောသုခ ကျပ် ၉၀ဝ၀ဝ၊ ဂန့်ဂေါခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၆၀ဝ၀ဝ ဧရာပဒေသာ ကျပ် ၁၃၁၀ဝ၀၊ မနောသုခ ကျပ် ၁၀ဝ၀ဝ၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကန်ဇောင်းဧရာ ပဒေသာဆန်မှာ  ဆီးချိုသမားများမှ  ဝယ်ယူစားသုံးမှုများ၍             ရွှေဘိုပေါ်ဆန်းဈေးနှင့် အတူတူဖြစ်ကြောင်း  သိရသည်။
မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ ၂၀၂၄ခုနှစ်၊ ဇန်န ဝါရီ  ဒုတိယပတ်အထိ အခြားတိုင်းဒေသကြီး၊ ပြည်နယ်များမှ  ဆန်စီးဝင်မှုမှာ စပါးအဓိကစိုက်ပျိုးထွက်ရှိသည့် ဧရာဝတီ တိုင်းဒေသကြီးမှ ဆန် ၁၄၇၂၂ အိတ်၊ မန္တလေးတိုင်းဒေသကြီးမှ ၅၄၀ အိတ်၊ ရန်ကုန်တိုင်းဒေသကြီးမှ ၁၁၃၀ အိတ်၊ ပဲခူးတိုင်း ဒေသကြီးမှ ၁၅၂၃ အိတ်၊ စုစုပေါင်း၁၇၉၁၅ အိတ်၊ ၈၉၅ ဒသမ ၇၅ တန် စီးဝင်ခဲ့ကြောင်း သိရသည်။                

ရဲမင်းသာ