Main menu

Background

အထက်မင်းလှမြို့၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆန်ဈေးနှုန်းများ

Mon, 02/05/2024 - 09:43 -- journal_editor

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အထက်မင်းလှမြို့ နယ်သည် စိုက်ပျိုးရေးဒေသဖြစ်သော်လည်း စပါးစိုက်ဧက နည်းပြီး ဆန်မှာ အခြားတိုင်းဒေသကြီးများမှ ဝယ်ယူ တင် သွင်းရသောဒေသဖြစ်သည်။ မင်းလှမြို့သို့ စစ်ကိုင်းတိုင်းဒေသ ကြီး ရွှေဘိုမြို့၊  ရေဦးမြို့နှင့် မကွေးတိုင်းဒေသကြီး မကွေးမြို့၊ မင်းဘူးမြို့၊ စလင်းမြို့၊ ဆင်ဖြူကျွန်းမြို့နှင့် ဧရာဝတီတိုင်းဒေသ ကြီး ဖျာပုံမြို့၊ ပုသိမ်မြို့၊ မြောင်းမြမြို့၊ မြန်အောင်မြို့၊ ကြံခင်း မြို့၊ ဟင်္သာတမြို့တို့မှ ဆန်အိတ်များ ဝင်ရောက်လျက်ရှိကြောင်း  သိရသည်။
ဇန်နဝါရီလ စတုတ္ထပတ်တွင် အထက် မင်းလှမြို့၌ဖြစ် ပေါ်လျက်ရှိသော  ဆန်ဈေးနှုန်းများမှာ ဧရာပဒေသာဆန် ရွှေပိုးအိမ် ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၁၅၀ဝ၀ဝ၊ စိန်ရတီ (စိမ်း) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၅၀ဝ၀ဝ၊ စိန်ရတီ (နီ) ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၁၁၈၀ဝ၀၊ စိန်ရတနာဧရာ ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၁၂၃၀ဝ၀၊ စိန်ပုလဲဧရာ ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝ၊ ကုန်းဇောင်း(အလွတ်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၄၃၀ဝ၀၊ မနောသုခ ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၉၃၀ဝ၀၊ ပေါ်ဆန်း(ရွှေဘို) ၂၄ ပြည်တစ် အိတ်လျှင် ကျပ် ၁၇၈၀ဝ၀၊ ဧရာပေါ်ဆန်း ၂၄ ပြည် တစ်အိတ် လျှင် ကျပ် ၁၅၂၀ဝ၀၊ ရက်(၉၀) ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၉၇၀ဝ၀၊ ဖယောင်းရွှေစင် ၂၄ ပြည်  တစ်အိတ်လျှင် ကျပ် ၉၂၀ဝ၀ ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ 
ဇန်နဝါရီလ တတိယပတ်နှင့်  နှိုင်းယှဉ်ပါက ယခုတစ် ပတ်တွင် စိန်ရတနာဧရာတစ်အိတ်လျှင် ကျပ် ၃၀ဝ၀ ဈေးမြင့် ခဲ့ပြီး စိန်ပုလဲဧရာတစ်အိတ်လျှင် ကျပ် ၅၀ဝ၀၊ မနောသုခ တစ်အိတ်လျှင် ကျပ် ၁၅၀ဝ၊ ပေါ်ဆန်း(ရွှေဘို)တစ်အိတ်လျှင် ကျပ် ၃၀ဝ၀ အသီးသီး ဈေးနှုန်းလျော့ကျခဲ့ပြီး ကျန်ဆန်ဈေး နှုန်းများမှာ   တည်ငြိမ်လျက်ရှိကြောင်း   အထက်မင်းလှမြို့၊ အမှတ်(၉) ရပ်ကွက်နေ  ဆန်ရောင်းချသည့် ဆန်ကုန်သည် တစ်ဦးထံမှ သိရသည်။                                        

 

နှင်းလွင်ဦး