Main menu

Background

ပခုက္ကူမြို့ ဆန်ဈေးနှုန်းများ

Mon, 02/05/2024 - 09:44 -- journal_editor

ပခုက္ကူမြို့သည် စပါးစိုက်ဧက နည်းပြီး  ဆန်လိုဒေသဖြစ်သောကြောင့် အခြားတိုင်းဒေသများနှင့် မြို့နယ်များမှ ဆန်တင်သွင်းရသောမြို့ဖြစ်သည်။ ဧရာ ဝတီတိုင်းဒေသကြီးများ    ဖြစ်သော ပုသိမ်၊   မြောင်းမြမြို့များမှ   ရေလမ်း ကြောင်းမှ အများဆုံး ဝင်ရောက်ပြီး၊ ရွှေဘိုခရိုင်၊ ဆင်ဖြူကျွန်း၊ စလင်းဒေသ များမှလည်း  နေ့စဉ်ဝင်ရောက်လျက်ရှိ သည်။ 
ယခုအချိန်တွင် ပခုက္ကူဒေသ၌ ဆန်အသစ်များ  ဝင်ရောက်လျက်ရှိပြီး  ဇန်နဝါရီလ တတိယပတ်ထက် စတုတ္ထ ပတ်တွင်  ဈေးနှုန်းမြင့်တက်လာသည်ကို တွေ့ရှိရသည်။ အများသုံးဆန်ဖြစ်သော မြောင်းမြဧရာပဒေသာ ဆန်ဈေးနှုန်းမှာ တစ်အိတ်လျှင် ကျပ် ၁၄၀ဝ၀ဝ စလင်း မြို့နယ်၊ ရှောက်တောမှလာသော ဧရာ ပဒေသာဆန်(အသစ်) တစ်အိတ်လျှင် ကျပ် ၁၅၅၀ဝ၀  ရှိသည်။ ဧည့်မထဆန် မျိုးဖြစ်သော ချန်ဧရာ တစ်အိတ်လျှင် ကျပ် ၉၅၀ဝ၀၊ မနောဖြူ (အသစ်) တစ် အိတ်လျှင် ကျပ် ၁၂၂၀ဝ၀၊ နေလဆန် တစ်အိတ်လျှင် ကျပ် ၉၅၀ဝ၀၊ ဝန်ကြီး ပဒေသာဆန်  တစ်အိတ်လျှင်  ကျပ် ၁၅၅၀ဝ၀၊ ဧရာမင်းဆန်တစ်အိတ်လျှင် ကျပ် ၉၅၀ဝ၀၊ မနောသုခ(အသစ်) တစ် အိတ်လျှင် ကျပ် ၉၅၀ဝ၀၊   ချန်သုခ (အသစ်) တစ်အိတ်လျှင် ကျပ် ၈၇၀ဝ၀၊ နေလ ဧရာပဒေသာ ဆန်(ရှယ်) တစ် အိတ်လျှင် ကျပ် ၁၅၅၀ဝ၀၊  ဖန်သီး(နွေ ဆန်အသစ်)  တစ်အိတ်လျှင်  ကျပ်  ၉၀ဝ၀ဝ၊   ရွှေသမင်(နွေဆန်အသစ်) တစ်အိတ်လျှင် ကျပ်  ၉၅၀ဝ၀၊ ရတနာ တိုး(အသစ်)တစ်အိတ်လျှင် ကျပ်  ၈၅၀ဝ၀၊ ဇီယာဆန်(အသစ်)   တစ်အိတ်လျှင် ကျပ် ၉၅၀ဝ၀ ဈေးဖြင့် အသီးသီးအရောင်း အဝယ်ဖြစ်လျက်ရှိပြီး   ကောက်ညှင်း ဆန်(အသစ်)  တစ်အိတ်လျှင်  ကျပ်  ၁၂၀ဝ၀ဝ ဖြင့် ဈေးမြင့်တက်နေကြောင်း  သိရှိရသည်။
ပေါ်ဆန်းမွှေးမှာ ဒုတိယအများ ဆုံး စားသုံးသောဆန်ဖြစ်ပြီး မြောင်းမြ ဒေသမှ ဝင်ရောက်သလို ရွှေဘိုဒေသမှ လည်းအများဆုံးဝင်ရောက်သည်။ ရွှေဘို ပေါ်ဆန်းမွှေးမှာ  ပိုမိုအရည်အသွေး ကောင်းမွန်ပြီး ယခုလ တတိယပတ်တွင် (ရှယ်)တစ်အိတ်လျှင် ကျပ်  ၁၆၀ဝ၀ဝ-၁၆၅၀ဝ၀၊  အဟောင်း  တစ်အိတ်လျှင် ကျပ် ၁၅၅၀ဝ၀၊  မြောင်းမြပေါ်ဆန်းမှာ တစ်အိတ်လျှင်   ကျပ်  ၁၅၀ဝ၀ဝ နှင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊  ယခု ဖေဖော်ဝါရီလဆန်းပိုင်းထိ  ဆန်ဈေး အတက်အကျမရှိဘဲဈေးငြိမ်၍ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း ဆန်ရောင်း ဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရသည်။

 

စန်းမြင့်ရီ (ပခုက္ကူ)