Main menu

Background

ပခုက္ကူမြို့တွင် အရောင်းအဝယ်ဖြစ်နေသော ဆန်ဈေးနှုန်းများ

Mon, 03/04/2024 - 09:47 -- journal_editor

ပခုက္ကူဒေသတွင် ဆန်ဈေးများအနေဖြင့် ဖေဖော်ဝါရီလ စတုတ္ထပတ် တွင် ဆန်ဝင်ရောက်မှုမှာ ဧရာဝတီ၊ မြောင်းမြ၊ ပုသိမ်မြို့များမှ ဝင်ရောက်မှု များသောကြောင့် ဆန်ဈေးနှုန်းများ အနည်းငယ်ကျပြီး ရွှေဘို စလင်း၊ ရှောက် တောဘက်မှလာသော ဆန်များမှ ဈေးအနည်းငယ် တက်လာ သည်ကို တွေ့ရှိ ရသည်။
ဒေသထွက် မနောသုခနှင့် ဆင်းသုခမှာ တစ်အိတ်လျှင် ကျပ် ၉၀ဝ၀ဝ-၉၂၀ဝ၀၊ ဧရာဝတီတိုင်းဒေသကြီးဘက်မှလာသော မနောသုခ အုပ်စုများဖြစ် သည့် ချန်ဧရာ တစ်အိတ်လျှင် ကျပ် ၁၁၀ဝ၀ဝ၊ စံပယ်ဦး တစ်အိတ်လျှင် ကျပ် ၁၃၀ဝ၀ဝ ၊ စိန်စံပယ် တစ်အိတ်လျှင် ကျပ် ၁၁၂၀ဝ၀၊ ပွင့်ဖူးသစ် တစ်အိတ် လျှင် ကျပ် ၁၀ဝ၀ဝ၀၊ မနောသုခ တစ်အိတ်လျှင် ကျပ် ၉၀ဝ၀ဝ ၊ ချန်သုခ(သစ်) တစ်အိတ်လျှင် ကျပ် ၈၇၀ဝ၀၊ ရွှေသမင် (သီးထပ်) တစ်အိတ်လျှင် ကျပ်  ၉၀ဝ၀ဝ၊ ပခန်းသုခ(ဟောင်း) တစ်အိတ်လျှင် ကျပ် ၉၅၀ဝ၀ ရှိသည်။ ဇီယာ အုပ်စုဖြစ်သည့် မိုးဇီယာ တစ်အိတ်လျှင် ကျပ် ၉၅၀ဝ၀၊ ချမ်းငြိမ်းကျော်(ဟောင်း)  တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ဝ၀၊ တိတ်ဝမ်(သစ်) တစ်အိတ်လျှင် ကျပ် ၉၀ဝ၀ဝ  ဈေးရှိသည်။ ဧရာဝတီဘက်မှ ဝင်ရောက်လာသော ဆန်များမှာ ရွှေဘို၊ စလင်း၊ ရှောက်တောဘက်မှလာသော ဆန်များထက် အရည်အသွေး အနည်းငယ် နိမ့်သော်လည်း   ပြည်သူများ  စားသုံးနိုင်သော  ဈေးနှုန်းရှိသောကြောင့် အရောင်းအဝယ်ပိုဖြစ်ကြောင်း သိရသည်။ 
ဧရာပဒေသာ အုပ်စုအနေဖြင့် စလင်းရှောက်တောမှလာသော ဝန်ကြီး ပဒေသာရှယ်(သစ်)၊ အမေ့နို့ရည်(သစ်)၊ မိသားစုရှယ်(သစ်) ဆန်များမှာ ဇန်နဝါရီ လကုန်ပိုင်းတွင် ကျပ် ၁၆၀ဝ၀ဝ-၁၆၅၀ဝ၀ မှ ယခု ဖေဖော်ဝါရီလ လယ်ပိုင်းတွင် ကျပ် ၁၇၅၀ဝ၀-၁၇၆၀ဝ၀ နှင့် ကျပ်  ၁၀ဝ၀ဝ ကျော် ဈေးနှုန်း တက်လာသည်ကို သိရှိရသည်။ ရွှေဘိုပေါ်ဆန်းမွှေးရှယ်(သစ်) တစ်အိတ်လျှင် ကျပ် ၁၇၅၀ဝ၀ ၊ မြောင်းမြ ပေါ်ဆန်းမွှေး တစ်အိတ်လျှင် ကျပ် ၁၆၀ဝ၀ဝ၊ ကောက်ညှင်းဆန်ဈေးအနေဖြင့် တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝ ဖြင့် ဈေးငြိမ် နေပြီး ဆန်လတ်ဈေး တစ်အိတ်လျှင် ကျပ် ၇၅၀ဝ၀၊ ဆန်ဝါတစ်အိတ်လျှင် ကျပ် ၆၂၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

 

စန်းမြင့်ရီ(ပခုက္ကူ)