Main menu

Background

ဧရာဝတီတိုင်းဒေသကြီး ဆန်စပါးဈေးကွက်

Mon, 03/04/2024 - 09:48 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ် များတွင် ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း ပေါ်ဆန်း စပါး ၄၆ ပေါင် တစ်တင်းလျှင် ကျပ် ၃၀ဝ၀ဝ ဝန်းကျင် ၁၀၈ ပေါင် ပေါ်ဆန်းဆန် တစ်အိတ်လျှင် ကျပ် ၁၂၇၀ဝ၀ ဈေးနှင့် ဧည့်မထစပါး တစ်တင်းကျပ် ၂၁၀ဝ၀-၂၃၀ဝ၀ ဆန် တစ်အိတ် ကျပ် ၈၃၀ဝ၀ -၈၆၀ဝ၀ ဈေးအတွင်း အရောင်းအဝယ် ဖြစ်နေ ပြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်မှ ထွက်ရှိသော ပေါ်ဆန်းဆန် တစ်အိတ် ကျပ် ၁၄၀ဝ၀ဝ ဈေးဖြင့် ဈေးနှုန်းပိုမိုရရှိ၍ ယခင် ဇန်နဝါရီလဈေးနှုန်းထက် ယခု ဖေဖော်ဝါရီလမှာ ပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၂၀ဝ၀ နှင့် ဧည့်မထဆန် တစ် အိတ်လျှင် ကျပ် ၅၀ဝ၀ ဈေးနှုန်းပိုမိုမြင့်တက်၍ ပိုလျှံဆန်များကို ရန်ကုန် နှင့် အထက်အညာဒေသများသို့   တင်ပို့ရောင်းချလျက်ရှိ ကြောင်း ဆန်စပါးဈေးကွက်မှသိရသည်၊
ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်များရှိ ဆန်စပါးဈေး ကွက်တွင် ပေါ်ဆန်းစပါးစိုက်ပျိုးထွက်ရှိမှု မရှိဘဲ မိုးဧည့်မထစပါးအများစုသာစိုက်ပျိုးလျက် ဧည့်မထစပါး ၄၆ ပေါင် တစ် တင်း ကျပ်၂၀ဝ၀ဝ-၂၁၀ဝ၀ နှင့် ဧည့်မထဆန် ၁၀၈ ပေါင် တစ် အိတ်ကျပ် ၈၁၀ဝ၀ ဈေးနှင့် ရောင်းဝယ်လျက်ရှိပြီး ယခင် ဇန်နဝါရီလနှင့် ယခုဖေဖော်ဝါရီကာလတူဆန်ဈေးမှာ ဆန် တစ်အိတ်ကျပ် ၄၀ဝ၀-၅၀ဝ၀ ဈေးနှုန်းမြင့်တက်၍ ဒေသတွင်း စားသုံးမှုနှင့် ရန်ကုန်၊ အညာဈေးကွက်သို့ တင်ပို့ရောင်းချမှု ရှိကြောင်း ဈေးကွက်မှသိရသည်၊ 
မြောင်းမြခရိုင် မြို့နယ်များရှိ ဆန်၊ စပါးဈေးကွက်တွင် ပေါ်ဆန်းစပါး ၄၆ ပေါင်  တစ်တင်း ကျပ် ၂၈၀ဝ၀-၃၀ဝ၀ဝ ဈေးနှင့် ပေါ်ဆန်း ၁၀၈ ပေါင် တစ်အိတ်လျှင် ကျပ် ၁၁၀ဝ၀ဝ -၁၂၅၀ဝ၀ ဈေး ဧည့်မထစပါး တစ်တင်းလျှင် ကျပ် ၁၉၀ဝ၀-၂၀ဝ၀ဝ ဈေးဆန်တစ်အိတ် ကျပ် ၇၂၀ဝ၀ -၈၅၀ဝ၀ ဈေးဖြင့် ရောင်းဝယ်လျက်  ခရိုင်တွင်းမြို့နယ်များတွင် ဈေးကွက်ပေါ် မူတည်၍ စပါး၊ ဆန်ဈေးနှုန်း အနည်းငယ် ကွာခြားမှုရှိပြီး ဆန်ဈေးနှုန်းများမှာ ဇန်နဝါရီလနှင့် ကာလတူ ဖေဖော်ဝါရီလ တွင် ပေါ်ဆန်းဆန် တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ဝ ဝန်းကျင်နှင့် ဧည့်မထဆန်  တစ်အိတ်လျှင် ကျပ် ၄၀ဝ၀-၅၀ဝ၀ ဈေးနှုန်း မြင့်တက်မှုရှိကြောင်း ဈေးကွက်မှသိရသည်၊ 
မအူပင်ခရိုင်ရှိ   မြို့နယ်များတွင်  ပေါ်ဆန်းစပါး ၄၆ ပေါင် တစ်တင်း ကျပ် ၂၉၀ဝ၀ -၃၀ဝ၀ဝ ဆန်တစ်အိတ် ကျပ် ၁၂၀ဝ၀ ဈေး၊ ဧည့်မထစပါး တစ်တင်းလျှင် ကျပ် ၁၉၀ဝ၀-၂၁၀ဝ၀ ဈေးနှင့် အရောင်းအဝယ်ဖြစ်လျက်  ယခင်လနှင့် ယခုလကာလတူဈေးမှာ ပေါ်ဆန်းဆန်တစ်အိတ် ကျပ် ၅၀ဝ၀ နှင့် ဧည့်မထဆန်တစ်အိတ် ကျပ် ၅၀ဝ၀-၇၀ဝ၀ အတွင်း ဈေး နှုန်းမြင့်တက်၍   ဒေသတွင်း စားသုံးမှုနှင့်  ပိုလျှံဆန်များကို ရန်ကုန်နှင့် အညာဒေသသို့ တင်ပို့ရောင်းချမှုရှိကြောင်း ဈေး ကွက်မှသိရသည်၊
ဖျာပုံခရိုင်အတွင်းမြို့နယ်များတွင် ပေါ်ဆန်းစပါး ၄၆ ပေါင် တစ် တင်းကျပ် ၂၆၀ဝ၀ -၃၀ဝ၀ဝ ဆန်တစ်အိတ်လျှင် ကျပ် ၁၁၄၀ဝ၀ ဈေး၊ ဧည့်မထစပါး တစ်တင်း ကျပ် ၁၈၂၀ဝ ဆန်တစ်အိတ်လျှင် ကျပ် ၈၈၀ဝ၀ ဈေးဖြင့် အရောင်းအဝယ် ဖြစ်နေပြီး  ယခင်လနှင့်  ယခုလ ကာလတူနှိုင်းယှဉ်ပါက ပေါ်ဆန်းတစ်အိတ် ကျပ် ၁၅၀ဝ၀ နှင့် ဧည့်မထဆန် တစ် အိတ်လျှင် ကျပ် ၁၅၀ဝ၀ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ဈေးကွက်မှ သိရသည်၊

မင်းမင်းဦး(ပသ)