Main menu

Background

ပခုက္ကူမြို့တွင် ဆန်ဈေးနှုန်းများ တည်ငြိမ်နေ

Mon, 04/01/2024 - 09:56 -- journal_editor

ပခုက္ကူမြို့သည်  စပါးစိုက်ဧက နည်းပြီး ဆန်လိုဒေသ ဖြစ်သောကြောင့် အခြားတိုင်းဒေသကြီးများနှင့် မြို့နယ် များမှ   ဆန်တင်သွင်းရသော  မြို့ဖြစ် သည်။ ဧရာဝတီတိုင်းဒေသကြီးများဖြစ် သော ပုသိမ်၊ မြောင်းမြမြို့များမှ ရေ လမ်းကြောင်းမှ အများဆုံးဝင်ရောက်ပြီး ရွှေဘိုခရိုင်၊ ဆင်ဖြူကျွန်း၊ စလင်းဒေသ များမှလည်း နေ့စဉ်ဝင်ရောက်လျက်ရှိ သည်။ 
ယခုအချိန်တွင်  ပခုက္ကူဒေသ၌ ဆန်အသစ်များ  ဝင်ရောက်လျက်ရှိပြီး မတ်လ  ပထမပတ်၌  ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများသည် ယခု မတ်လ စတုတ္ထ ပတ်ထိ ဈေးငြိမ်နေသည်ကို တွေ့ရှိရ သည်။      အများသုံးဆန်ဖြစ်သော မြောင်းမြ ဧရာပဒေသာဆန်ဈေးနှုန်းမှာ တစ်အိတ်လျှင် ကျပ် ၁၄၀ဝ၀ဝ၊ စလင်း မြို့နယ်  ရှောက်တောမှလာသော ဧရာ ပဒေသာဆန်(အသစ်) တစ်အိတ်လျှင် ကျပ် ၁၆၀ဝ၀ဝ  ရှိသည်။ ဧည့်မထဆန် မျိုးဖြစ်သော ချန်ဧရာ တစ်အိတ်လျှင် ကျပ် ၁၁၀ဝ၀ဝ၊ မနောဖြူ (အသစ်)တစ် အိတ်လျှင် ကျပ် ၁၁၂၀ဝ၀၊ နေလဆန် တစ်အိတ်လျှင် ကျပ် ၉၅၀ဝ၀၊ ဝန်ကြီး ပဒေသာ ဆန်တစ်အိတ်လျှင်   ကျပ် ၁၆၀ဝ၀ဝ ၊  ဧရာမင်းဆန်(ရှယ်)တစ် အိတ်လျှင် ကျပ်  ၁၁၂၀ဝ၀၊ မနောသုခ (အသစ်) တစ်အိတ်လျှင် ကျပ် ၉၅၀ဝ၀၊ ချန်သုခ(အသစ်) တစ်အိတ်လျှင် ကျပ် ၈၇၀ဝ၀ ၊ နေလ ဧရာပဒေသာဆန်(ရှယ်) တစ်အိတ်လျှင် ကျပ်  ၁၆၀ဝ၀ဝ ဖြင့် နေလ ၂၂ တစ်အိတ်လျှင် ကျပ် ၉၅၀ဝ၀၊ မိုးဇလပ် (နွေဆန်အသစ်)  တစ်အိတ် လျှင် ကျပ် ၇၅၀ဝ၀၊ နွေဇလပ် (အသစ်) တစ်အိတ်လျှင် ကျပ် ၇၂၀ဝ၀၊ ဇီယာ ဆန် (အသစ်)  တစ်အိတ်လျှင်  ကျပ် ၉၅၀ဝ၀၊ ပွင့်ဖြူသစ်(မနောဖြူအသစ်)တစ်အိတ်လျှင် ကျပ် ၁၀၅၀ဝ၀၊ အောင် သုခ (အသစ်)  ကျပ် ၉၅၀ဝ၀ ဈေးဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိ ပြီး ကောက်ညှင်းဆန်(အသစ်)  တစ် အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝ  ဖြင့် ဈေး တည်ငြိမ်နေကြောင်း  သိရသည်။ 
ဧရာဝတီဘက်မှ ဝင်ရောက်လာ သော  ဆန်များမှာ  ပြည်သူများ စားသုံး နိုင်ရန် သင့်တင့်သော ဈေးနှုန်းရှိသော ကြောင့် အရောင်းအဝယ်ပိုဖြစ်ကြောင်း သိရသည်။     

 

စန်းမြင့်ရီ(ပခုက္ကူ)