Main menu

Background

မကွေးတိုင်းဒေသကြီး ဆန်၊ စပါး ဈေးနှုန်းဈေးကွက်

Mon, 04/01/2024 - 10:02 -- journal_editor

နွေစပါး
မကွေးတိုင်းဒေသကြီး မကွေးခရိုင် မြို့သစ်မြို့နယ်တွင် နွေစပါးများ စတင်စိုက်ပျိုးလျက်ရှိပြီး တောင်သူများအနေဖြင့် စပါးများကို ပျိုးထောင်စိုက်ပျိုးခြင်းနှင့် အစေ့ချ တိုက်ရိုက်ချ စိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုးဆောင်ရွက်လျက်ရှိသည်။
၂၀၂၄ ခုနှစ်တွင် နွေစပါးစိုက် ဧက ၆၇၁၇ ဧကရှိပြီး တောင်သူများအနေဖြင့် အထွက်နှုန်းကောင်းသည့် ဆာဖိုးသာ စပါးမျိုး၊ ရတနာတိုးစပါးမျိုးနှင့် မနောသုခစပါးမျိုးများ စိုက် ပျိုးလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး  အစိုးရအဖွဲ့မှလည်း တောင်သူများ စိုက်ပျိုးထားရှိသည့် နွေစပါးများ  အထွက်နှုန်းမြင့်မားရေး အတွက် နိုင်ငံစီးပွားရန်ပုံငွေဖြင့် ဓာတ်မြေသြဇာအမျိုးမျိုး၊ ပိုးသတ်ဆေးအမျိုးမျိုးနှင့် ပေါင်းသတ်ဆေးများကို သွင်းအား စု အနေဖြင့် နွေစပါး စိုက်ပျိုးထားရှိသည့် တောင်သူများအား စပါးပေါ်ငွေချေစနစ်ဖြင့် အတိုးပြန်ဆပ်  သွင်းအားစုများ ထုတ်ပေးပြီး  မြို့နယ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီမှ     တောင်သူများအကျိုးရှိစွာ   အသုံးပြုနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သရက်ခရိုင်   ကံမမြို့နယ်   တောင်ချောင်းဘက်ရှိ ကျေးရွာများမှာ မဒေးဆည်လှောင်တမံမှရရှိသော ဆည်ရေ ဖြင့် နွေစပါး၊ မိုးစပါး၊ အခြားရာသီ  သီးနှံမျိုးစုံများကို စိုက်ပျိုး  ကြရာ နွေစပါးကို ၂၀၂၃-၂၀၂၄ဘဏ္ဍနှစ်တွင် လျာထား ဧက ၁၇၂၇ ဖြင့် အထွက်နှုန်း ကောင်းသည့် ဆာပိုးသာစပါးမျိုးကို သာ အဓိကထား စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆန်၊ စပါး ဈေးနှုန်း
မကွေးတိုင်းဒေသကြီးသည်   ဆန်လိုတိုင်းဒေသကြီး ဖြစ်၍  မတ်လစတုတ္ထပတ်အတွင်း စပါးဈေးနှုန်းများမှာ ဧရာ ပဒေသာတစ်တင်းလျှင် ကျပ်၃၈၀ဝ-၃၉၀ဝ၊ ဧည့်မထ(နွေ)တစ်တင်းလျှင် ကျပ်၂၅၀ဝ၀၊ ဧည့်မထ(မိုး)  တစ်တင်းလျှင် ကျပ် ၂၂၀ဝ၀၊   မနောသုခ တစ်တင်းလျှင် ကျပ်၂၅၀ဝ၀-၂၇၀ဝ၀ ဖြစ်ပြီး    ဆန်ဈေးနှုန်းများမှာ   မကွေးခရိုင်တွင် ပေါ်ဆန်းမွှေး ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၆၀ဝ၀ဝ၊ ဧရာ ပဒေသာ ကျပ် ၁၅၅၀ဝ၀၊ မနောသုခ ကျပ် ၁၀ဝ၀ဝ၀၊ ရတနာ တိုး ကျပ်၇၅၀ဝ၀၊ မင်းဘူးခရိုင်တွင် ကျပ်၁၆၀ဝ၀ဝ၊ ဧရာပဒေ သာ ကျပ် ၁၃၅၀ဝ၀ ၊ မနောသုခ ကျပ် ၉၀ဝ၀ဝ၊ သရက်ခရိုင် တွင် ပေါ်ဆန်းမွှေး  ကျပ် ၁၅၀ဝ၀ဝ၊ ဧရာပဒေသာ ကျပ် ၁၁၅၀ဝ၀၊ မနောသုခ ကျပ် ၉၃၀ဝ၀၊ အောင်လံခရိုင်တွင် ပေါ်ဆန်းမွှေးကျပ် ၁၇၅၀ဝ၀ ၊ ဧရာပဒေသာ ကျပ် ၁၄၂၀ဝ၀၊ မနောသုခ ကျပ်၉၃၀ဝ၀၊ ရတနာတိုး ကျပ် ၈၀ဝ၀ဝ၊ ချောက် ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၆၀ဝ၀ဝ၊ ဧရာပဒေသာ ကျပ် ၁၅၆၀ဝ၀၊  မနောသုခ ကျပ် ၉၀ဝ၀ဝ၊ ရတနာတိုး ကျပ် ၇၀ဝ၀ဝ၊ ပခုက္ကူ ခရိုင်တွင်ပေါ်ဆန်းမွှေး ကျပ်၁၅၀ဝ၀ဝ၊ ဧရာ ပဒေသာ ကျပ် ၁၄၅၀ဝ၀ ၊ မနောသုခ ကျပ် ၉၅၀ဝ၀၊ ဂန့်ဂေါ ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၇၀ဝ၀ဝ၊ ဧရာပဒေသာ ကျပ် ၁၆၀ဝ၀ဝ၊ မနောသုခ ကျပ် ၁၁၀ဝ၀ဝ တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ကုန်ဇောင်း ဧရာပဒေသာဆန်မှာ ဆီးချိုသမား များက ဝယ်ယူစားသုံးမှုများ၍ ရွှေဘိုပေါ်ဆန်းဈေးနှင့် အတူ တူဖြစ်သည်။ ယခင်တစ်ပတ်နှင့် နှိုင်း ယှဉ်ပါက ယခုတစ်ပတ် တွင် ဆန်ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်လျက်ရှိ ကြောင်း သိရသည်။
သရက်ခရိုင်   အထက်မင်းလှမြို့သည်    စိုက်ပျိုးရေး ဒေသဖြစ်သော်လည်း စပါးစိုက်ဧကနည်းပြီး ဆန်မှာ  အခြား တိုင်းဒေသကြီးများမှ  ဝယ်ယူတင်သွင်းရသော   ဒေသဖြစ် သည်။ မင်းလှမြို့သို့ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ရေဦးမြို့နှင့် မကွေးတိုင်းဒေသကြီး မကွေး၊ မင်းဘူး၊ စလင်း၊ ဆင်ဖြူကျွန်းနှင့်   ဧရာဝတီတိုင်းဒေသကြီး   ဖျာပုံ၊ ပုသိမ်၊ မြောင်းမြ၊ မြန်အောင်၊ ကြံခင်း၊ ဟင်္သာတတို့မှ  ကုန်းလမ်း၊ ရေလမ်းတို့ဖြင့်  ဆန်အိတ်များ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
မတ်စတုတ္ထပတ်တွင် အထက်မင်းလှမြို့တွင် အရောင်း အဝယ်ဖြစ်လျက်ရှိသော ဆန်ဈေးနှုန်းများမှာ ဧရာပဒေသာ ဆန်ရွှေပိုးအိမ် ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၁၇၀ဝ၀ဝ၊ စိန်ရတီ(စိမ်း) ကျပ် ၁၆၀ဝ၀ဝ၊ စိန်ရတီ(နီ) ကျပ် ၁၇၀ဝ၀ဝ၊ ကုန်းဇောင်း(အလွတ်) ကျပ် ၁၅၆၀ဝ၀၊ မနောသုခ ကျပ် ၁၁၅၀ဝ၀၊ ပေါ်ဆန်း(ရွှေဘို) ကျပ် ၁၆၈၀ဝ၀၊ ပေါ်ဆန်း(ဖျာပုံ) ကျပ် ၁၆၈၀ဝ၀၊ ရက်(၉၀) ကျပ် ၁၁၉၀ဝ၀၊ ပေါင်းဆန် ကျပ် ၆၀ဝ၀ဝ၊ ဧရာပဒေသာ(သစ်) ကျပ် ၁၄၇၀ဝ၀ ဈေးအသီး သီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။  
မတ်လ တတိယပတ်နှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ် တွင် ဆန် အဟောင်းတစ်အိတ်လျှင် ကျပ် ၃၀ဝ၀ မှ ၅၀ဝ၀ ဝန်းကျင် ဈေးနှုန်းမြင့်တက်လျက်ရှိပြီး ဆန်သစ်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိ ကြောင်း သိရသည်။

 

ဆယ်အောင်၊ နွဲ့ယဉ်ဝင်း၊ ရဲမင်းသာ၊ နှင်းလွင်ဦး