Main menu

Background

မကွေးတိုင်းဒေသကြီးတွင် ဖြစ်ပေါ်လျက်ရှိသော စပါး၊ ဆန်ဈေးနှုန်းနှင့် စီးဝင်မှု အခြေအနေ

Mon, 06/03/2024 - 10:11 -- journal_editor

မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီး ဟု တင်စားရလောက်အောင် ဆီထွက်သီးနှံ နှမ်း၊ မြေပဲတို့အား အဓိက စိုက်ပျိုးကြသော်လည်း စပါးကို ဆည်ရေရရှိသည့် တောင်တွင်း၊  မြို့သစ်နှင့် မြစ်အနောက်ဘက်ရှိ ပွင့်ဖြူနှင့် စလင်းမြို့များတွင်သာ   အများအပြား  စိုက်ပျိုးကြသည်။ ဆန်လိုတိုင်းဒေသကြီးဖြစ်၍ စပါးအဓိကစိုက်ပျိုးထွက်ရှိရာ အခြားတိုင်းဒေသကြီး၊ ပြည်နယ်များမှ တင်သွင်းရသည်။ 
မကွေးတိုင်းဒေသကြီးအတွင်း  ဧရာပဒေသာစပါးကို အဓိကစိုက်ပျိုးကြပြီး မေလ စတုတ္ထပတ်အတွင်း စပါးဈေးနှုန်း များမှာ ဧရာပဒေသာတစ်တင်းလျှင် ကျပ် ၃၈၀ဝ၀-၃၉၀ဝ၀၊ မနောသုခတစ်တင်းလျှင် ကျပ် ၂၅၀ဝ၀ ဖြစ်ပြီး ဆန်ဈေးနှုန်း များမှာ မကွေးခရိုင်တွင် ပေါ်ဆန်းမွှေး ၂၄ ပြည် တစ်အိတ် လျှင် ကျပ်၁၇၅၀ဝ၀၊ ဧရာပဒေသာ ကျပ် ၁၆၇၀ဝ၀၊ မနော သုခ ကျပ် ၁၁၀ဝ၀ဝ၊ ရတနာတိုး ကျပ် ၇၅၀ဝ၀၊ မင်းဘူးခရိုင် တွင် ပေါ်ဆန်းမွှေး  ကျပ် ၁၆၇၀ဝ၀၊  ဧရာပဒေသာ ကျပ် ၁၄၀ဝ၀ဝ၊   မနောသုခ ကျပ် ၁၀ဝ၀ဝ၀၊  သရက်ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၆၀ဝ၀ဝ ၊ ဧရာပဒေသာ ကျပ် ၁၂၀ဝ၀ဝ၊ မနောသုခ ကျပ် ၉၃၀ဝ၀၊ အောင်လံခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၇၅၀ဝ၀၊ ဧရာပဒေသာ ကျပ် ၁၄၂၀ဝ၀၊ မနောသုခ ကျပ် ၉၃၀ဝ၀၊ ရတနာတိုး ကျပ် ၈၀ဝ၀ဝ၊ ချောက်ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၇၂၈၀ဝ ၊ ဧရာပဒေသာ ကျပ် ၁၇၀ဝ၀ဝ၊ မနောသုခ ကျပ် ၉၅၀ဝ၀၊ ပခုက္ကူခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၅၀ဝ၀ဝ၊ ဧရာပဒေသာ ကျပ် ၁၅၀ဝ၀ဝ၊ မနောသုခ ကျပ် ၁၀ဝ၀ဝ၀၊  ရတနာတိုး ကျပ် ၇၈၀ဝ၀၊   ဂန့်ဂေခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၈၀ဝ၀ဝ၊ ဧရာပဒေသာ ကျပ် ၁၇၀ဝ၀ဝ၊ မနောသုခ ကျပ် ၁၁၀ဝ၀ဝ တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပြီး ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ဆန် ဈေးနှုန်းမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှသည်။ 
မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ မေ ၁ ရက်မှ ၂၄ ရက်အတွင်း အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဆန် စီးဝင်မှုမှာ စပါးအဓိကစိုက်ပျိုးထွက်ရှိသည့် ဧရာဝတီတိုင်း ဒေသကြီးမှ ဆန် ၂၂၉၆၃ အိတ်၊ မန္တလေးတိုင်းဒေသကြီးမှ ဆန်အိတ် ၈၉၀၊ ရန်ကုန်တိုင်းဒေသကြီးမှ ဆန်အိတ် ၇၂၀၊ ပဲခူးတိုင်းဒေသကြီးမှ ဆန်အိတ် ၁၃၀ဝ၊ စုစုပေါင်း ဆန်အိတ် ၂၅၈၇၃ အိတ်၊  ၁၂၉၃ ဒသမ ၆၅ တန် စီးဝင်ခဲ့ကြောင်း သိရ သည်။                                                                 ရဲမင်းသာ