Main menu

Background

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး၊ ဆန်ဈေးနှုန်းများအခြေအနေ

Mon, 06/03/2024 - 10:12 -- journal_editor

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရှိ  ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့်  ရေဦး၊ ကသာခရိုင်(အင်းတော်မြို့နယ်) နှင့် မုံရွာခရိုင်များအနေဖြင့် စပါး၊ ဆန် ဈေး နှုန်းများမှာ   ယခင်ပတ်များအတိုင်း ဈေးအေးနေကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း  မေလ  စတုတ္ထပတ်တွင်  ဖြစ်ပေါ်နေ သော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘို ခရိုင် ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း စပါး(သစ်) တင်း ၁၀ဝ လျှင်  ကျပ် ၄၃၀ဝ၀ဝ၀၊ ပေါ်ဆန်းဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၅၀ဝ၀ဝ၊ ရွှေဘိုဧရာမင်းစပါး(သစ်)  တင်း ၁၀ဝ လျှင် ကျပ် ၃၃၀ဝ၀ဝ၀၊  ဧရာမင်းဆန် (သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၄၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရသည်။
ရေဦးခရိုင်    ရေဦးမြို့နယ်မှ ပေါ်ဆန်းစပါး(သစ်)  တင်း ၁၀ဝ လျှင် ကျပ် ၄၃၀ဝ၀ဝ၀၊ ပေါ်ဆန်းဆန် (သစ်) ၂၄ပြည်ပါ   တစ်အိတ်လျှင်   ကျပ် ၁၅၀ဝ၀ဝ၊ ရွှေဘိုဧရာမင်း(စပါး)(သစ်)  တင်း ၁၀ဝ လျှင်   ကျပ် ၃၃၀ဝ၀ဝ၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၄၀ဝ၀ဝ  ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရ သည်။
ကလေးခရိုင် ကလေးမြို့နယ်မှ ဧည့်မထစပါး (သစ်) တင်း ၁၀ဝ လျှင် ၂၆၅၀ဝ၀ဝ၊ ဧည့်မထဆန် (သစ်)‌ ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၈၅၀ဝ၀၊ ငစိန်စပါး(သစ်)တင်း ၁၀ဝ  လျှင် ၂၄၅၀ဝ၀ဝ၊ ငစိန်ဆန်(သစ်)၂၄ ပြည် ပါ တစ်အိတ်လျှင် ကျပ် ၇၀ဝ၀ဝ၊ ဧရာ မင်း စပါး(သစ်) တင်း ၁၀ဝ လျှင် ကျပ် ၂၇၀ဝ၀ဝ၀၊ ဧရာမင်းဆန်(သစ်)၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၉၅၀ဝ၀၊ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ကသာခရိုင် အင်းတော်မြို့နယ်မှ ဆင်းဧကရီ(၃)စပါး (သစ်) တင်း ၁၀ဝ လျှင် ကျပ် ၁၆၅၀ဝ၀ဝ၊ ဆင်းဧကရီ-၃ ဆန် (သစ်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၈၅၀ဝ၀၊ ဧရာမင်းစပါး(သစ်)  တင်း ၁၀ဝ လျှင် ကျပ် ၃၀ဝ၀ဝ၀ဝ၊ ဧရာ မင်း ဆန်(သစ်) ၂၄ပြည်ပါ တစ်အိတ် လျှင် ကျပ် ၁၄၈၀ဝ၀ ဖြင့်   အရောင်း အဝယ်ဖြစ်နေကြောင်း သိရသည်။
မုံရွာခရိုင် မုံရွာမြို့တွင် ဧရာမင်း စပါး (သစ်)တင်း  ၁၀ဝ လျှင် ကျပ် ၃၀ဝ၀ဝ၀ဝ၊  ဧရာမင်းဆန်(သစ်) ၂၄ ပြည် တစ်အိတ်လျှင်  ကျပ် ၁၃၅၀ဝ၀၊ ရွှေဘိုပေါ်ဆန်းစပါး (သစ်) တင်း ၁၀ဝ လျှင် ကျပ် ၃၈၀ဝ၀ဝ၀၊ ရွှေဘိုပေါ်ဆန်း ဆန်(သစ်) ၂၄ ပြည်  တစ်အိတ်လျှင် ကျပ် ၁၅၀ဝ၀ဝ၊ မနောသုခစပါး(သစ်) တင်း ၁၀ဝ လျှင်   ကျပ် ၂၆၀ဝ၀ဝ၀၊  မနောသုခ ဆန်(သစ်) ၂၄ပြည် တစ် အိတ်လျှင် ကျပ် ၈၈၀ဝ၀၊ ရွှေဝါထွန်း စပါး(သစ်) တင်း ၁၀ဝ လျှင် ကျပ် ၂၆၀ဝ၀ဝ၀၊  ရွှေဝါထွန်းဆန် (သစ်) ၂၄ ပြည်တစ်အိတ်လျှင်  ကျပ် ၈၅၀ဝ၀၊ ရွှေသွယ်ရင် စပါး (သစ်)တင်း ၁၀ဝ လျှင် ကျပ် ၂၆၀ဝ၀ဝ၀၊  ရွှေသွယ်ရင်ဆန် (သစ်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၈၅၀ဝ၀၊ ငစိန်  စပါး (သစ်)တင်း ၁၀ဝ လျှင် ကျပ် ၂၂၀ဝ၀ဝ၀၊  ငစိန်ဆန်(သစ်) ၂၄ပြည် တစ်အိတ်လျှင်  ကျပ် ၇၅၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေသည်။ 

ခင်မို့မို့ငြိမ်း (မုံရွာ)