Main menu

Background

ပုသိမ်ခရိုင်တွင် ဆန်/စပါးဈေးကွက် ဈေးနှုန်း အပြောင်းအလဲဖြစ်

Mon, 06/03/2024 - 10:13 -- journal_editor

ပုသိမ်ခရိုင်  ဆန်စပါးဈေးကွက်တွင် ယခင်ဧပြီလအတွင်း ပုသိမ်၊ ကန်ကြီးထောင့်၊ ငပုတောမြို့နယ်များတွင် ပေါ်ဆန်းစပါး ၄၆ ပေါင် တစ်တင်းလျှင် ကျပ် ၃၀ဝ၀ဝ ဝန်းကျင် ပေါ်ဆန်းဆန်တစ်အိတ် ကျပ် ၁၃၅၀ဝ၀ ဈေးပုသိမ်၊ ကန်ကြီးထောင့်မြို့နယ်များတွင် မိုး ဧည့်မထစပါး ၄၆ ပေါင် တစ်တင်းလျှင်ကျပ် ၂၁၆၀ဝ ဈေး ဆန် တစ်အိတ် ကျပ် ၈၉၀ဝ၀ ဈေးနှင့် သာပေါင်း၊ ငပုတော၊ ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်းမြို့နယ်များတွင် မိုးဧည့် မထ စပါး ၄၆ ပေါင် တစ်တင်း  ကျပ် ၂၀ဝ၀ဝ ဝန်းကျင် ဆန်တစ်အိတ် ကျပ် ၈၄၀ဝ၀-၈၅၀ဝ၀ ဈေးဖြင့် ရောင်းဝယ်လျက်ရှိသည်။ 
ဈေးတန်းနိမ့်၍ လူအများစားသုံးမှုရှိသော နွေစပါး ၄၆ပေါင် တစ်တင်း ကျပ် ၁၇၀ဝ၀-၁၅၀ဝ၀ခန့်နှင့် နွေဆန်တစ်အိတ်လျှင် ကျပ် ၇၆၀ဝ၀-၇၈၀ဝ၀ ဈေးအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဒေသ တွင်းစားသုံးမှုနှင့် ရန်ကုန်၊ အထက်အညာဒေသများသို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း ဈေးကွက်မှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအနေဖြင့်  နှစ်စဉ် မိုးစပါးစိုက်ဧက ၃၆ သိန်းကျော်နှင့် နွေစပါးစိုက်ဧက ၁၀ သိန်းကျော် စိုက်ပျိုးလျက်ရှိပြီး ဒေသတွင်းစားသုံးမှု  ဖူလုံရုံသာမက ပိုလျှံသည့်ဆန်များကို အခြား တိုင်းဒေသကြီး ပြည်နယ်များသို့လည်း နှစ်စဉ်တင်ပို့ရောင်းချလျက်ရှိသည့်အပြင် ဆန်စပါးဈေးကွက်ပေါ်မူတည်၍ အရောင်းအဝယ် ဖြစ်နေသည်။ 
ယခင် ဧပြီလဈေးနှင့် မေလအတွင်း ပေါ်ဆန်း စပါး/ ဆန်ဈေး နှုန်းများ ပြောင်းလဲမှုမရှိဘဲ ပုသိမ်မြို့နယ်တွင် ယခင်လ မိုးဧည့်မထ ဆန် တစ်အိတ် ကျပ် ၈၉၀ဝ၀ ဈေးမှ ယခု မေလတွင် ကျပ် ၈၄၀ဝ၀ ဖြစ်သွား၍ ဆန်တစ်အိတ်ကျပ် ၅၀ဝ၀ ဈေးကျဆင်းပြီး ကျုံပျော် မြို့နယ်တွင် ဧပြီလက ဧည့်မထဆန်တစ်အိတ် ကျပ် ၈၅၀ဝ၀ ဈေးမှ မေလက ကျပ် ၈၇၀ဝ၀ ဈေးမြင့်တက်၍ ဆန်တစ်အိတ် ကျပ် ၂၀ဝ၀ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ဆန်စပါးသတင်းအရ သိရသည်။
  

 

 မင်းမင်းဦး(ပသ)