Main menu

Background

မကွေးတိုင်းဒေသကြီးတွင် ဖြစ်ပေါ်လျက်ရှိသော စပါး၊ ဆန် ဈေးနှုန်းနှင့် စီးဝင်မှုအခြေအနေ

Tue, 08/06/2024 - 11:26 -- journal_editor

မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟု တင် စားရလောက်အောင် ဆီထွက်သီးနှံ နှမ်းနှင့်မြေပဲတို့အား အဓိကစိုက် ပျိုးကြသော်လည်း စပါးကို ဆည်ရေရရှိသော တောင်တွင်း၊ မြို့သစ် နှင့် မြစ်အနောက်ဘက်ရှိ ပွင့်ဖြူနှင့် စလင်းမြို့များတွင်သာ အများ အပြား စိုက်ပျိုးကြသည်။ ဆန်လိုတိုင်းဒေသကြီးဖြစ်၍   စပါးအဓိက စိုက်ပျိုးထွက်ရှိရာ အခြားတိုင်းဒေသကြီးနှင့်  ပြည်နယ်များမှ တင် သွင်းရသည်။ 
မကွေးတိုင်းဒေသကြီးအတွင်း ဧရာပဒေသာစပါးကို အဓိက စိုက်ပျိုးကြပြီး ဇူလိုင် နောက်ဆုံးပတ်တွင် ဖြစ်ပေါ်နေသော စပါးဈေး နှုန်းမှာ ဧည့်မထ(နွေ)တစ်တင်းလျှင် ကျပ် ၁၇၀ဝ၀ ဖြစ်ပြီး ဆန်ဈေး နှုန်းများမှာ မကွေးခရိုင်တွင် ပေါ်ဆန်းမွှေး ၂၄ ပြည် တစ်အိတ်လျှင် ကျပ်၁၃၀ဝ၀ဝ၊ ဧရာပဒေသာ ကျပ်၁၂၀ဝ၀ဝ၊ မနောသုခ ကျပ် ၈၀ဝ၀ဝ၊ ရတနာတိုး  ကျပ် ၇၅၀ဝ၀၊ မင်းဘူးခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၅၀ဝ၀ဝ၊  ဧရာပဒေသာ ကျပ်  ၁၄၀ဝ၀ဝ၊ မနောသုခ ကျပ် ၈၂၀ဝ၀၊ သရက်ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၅၀ဝ၀ဝ၊ ဧရာပဒေ သာ ကျပ် ၁၁၂၀ဝ၀၊ မနောသုခ ကျပ် ၈၅၀ဝ၀၊ အောင်လံခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်၁၅၀ဝ၀ဝ၊ ဧရာပဒေသာ ကျပ် ၁၃၁၀ဝ၀၊ မနော သုခ  ကျပ် ၈၅၀ဝ၀၊  ရတနာတိုး ကျပ်  ၇၅၀ဝ၀၊ ချောက်ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၅၀ဝ၀ဝ၊ ဧရာပဒေသာ ကျပ် ၁၃၅၀ဝ၀၊ မနော သုခ ကျပ် ၈၅၀ဝ၀၊  ပခုက္ကူခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၃၀ဝ၀ဝ၊ ဧရာပဒေသာ ကျပ်၁၂၀ဝ၀ဝ၊ မနောသုခ ကျပ် ၈၅၀ဝ၀၊ ရတနာတိုး ကျပ် ၇၈၀ဝ၀၊ ဂန့်ဂေါခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်၁၄၅၀ဝ၀၊ ဧရာ ပဒေသာ ကျပ် ၁၃၀ဝ၀ဝ၊ မနောသုခ ကျပ် ၉၀ဝ၀ဝတို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ 
စိုက်ပျိုးသူ တောင်သူများ၊ ဆန်စက်လုပ်ငန်းများ၊ သိုလှောင် ဖြန့်ဖြူးရောင်းချသူများနှင့် စားသုံးသူပြည်သူများအတွက် သင့်တင့် မျှတသော ဆန်ဈေးနှုန်းဖြစ်စေရန်အတွက် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ ရည်ညွှန်းဈေး ထုတ်ပြန်သည့်အတွက်ကြောင့် စပါး၊ ဆန်ဈေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ ဇူလိုင်လအတွင်း အခြား တိုင်းဒေသကြီးနှင့်  ပြည်နယ်များမှ ဆန်စီးဝင်မှုမှာ စပါးအဓိက စိုက် ပျိုးထွက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီးမှ ဆန် ၉၈၂၈ အိတ်၊ မန္တလေး တိုင်းဒေသကြီးမှ  ဆန်  ၃၁၉၅ အိတ်၊ ရန်ကုန်တိုင်းဒေသကြီးမှ ဆန် ၁၆၈၈ အိတ်၊ ပဲခူးတိုင်းဒေသကြီးမှ ဆန်၇၀ဝ၊ စုစုပေါင်းဆန် ၁၅၄၀၃ အိတ်၊ ၇၇၀ဒသမ၁၅ တန် စီးဝင်ခဲ့ကြောင်း သိရသည်။  

 

ရဲမင်းသာ(မကွေး)