Main menu

Background

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် စီးထွက်မှုနှင့် ဈေးနှုန်း

Tue, 08/06/2024 - 11:29 -- journal_editor

ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇူလိုင်လ စတုတ္ထပတ် တွင် စပါးဈေးနှုန်းမှာ အနည်းငယ်ကျဆင်း၍ ဆန် ဈေးနှုန်းမှာ  တည်ငြိမ်နေသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်း ဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇူလိုင်လ တတိယပတ်တွင်  ရန်ကုန်သို့ အိတ်ရေ ၂၉၀ဝ၀၊ မန္တလေးသို့ အိတ်ရေ ၂၈၇၀ဝ၊ နေပြည်တော် သို့ အိတ်ရေ ၄၀ဝ၀၊ ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ အိတ်ရေ ၂၅၀ဝ၊  ပခုက္ကူသို့   အိတ်ရေ ၃၀ဝ၀၊   စုစုပေါင်း အိတ်ရေ ၆၇၂၀ဝ၊ တန်အားဖြင့် ၃၃၆၀တန် စီး ထွက်ခဲ့သည်။ ယခုတစ် ပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီး ထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၃၅၀ဝ၊ မန္တလေးသို့ အိတ်ရေ ၃၂၀ဝ၀၊ နေပြည်တော်သို့ အိတ်ရေ၃၅၀ဝ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)သို့ အိတ်ရေ၂၅၀ဝ၊ ပခုက္ကူသို့ အိတ်ရေ ၃၀ဝ၀၊ စုစုပေါင်းအိတ်ရေ ၇၄၅၀ဝ၊ တန်အားဖြင့် ၃၇၂၅တန် စီးထွက် ခဲ့သည့်အတွက် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် အိတ်ရေ ၇၃၀ဝ၊ တန်အားဖြင့် ၃၆၅ တန် ပို၍စီးထွက်ခဲ့သည်။
ရွှေဘိုမြို့၏ ဇူလိုင်၊ စတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း ၁၀ဝ လျှင် ကျပ် ၄၁၀ဝ၀ဝ၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ ပြည်ပါ တစ် အိတ်လျှင် ကျပ် ၁၄၅၀ဝ၀၊  ဧရာမင်းဆန် ၂၄ ပြည်ပါ တစ် အိတ်လျှင် ကျပ်၁၃၀ဝ၀ဝ နှင့် ရွှေဝါထွန်း ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ဝ၀ဖြင့် အရောင်းအဝယ် ဖြစ်နေ ကြောင်း သိရသည်။                          

 

     အေးသိင်္ဂီစိုး (ရွှေဘို)