Main menu

Background

မွန်ပြည်နယ်၏ ဆန်ဈေးနှုန်းနှင့် စီးဝင်၊ စီးထွက်မှု အခြေအနေ

Tue, 08/06/2024 - 11:30 -- journal_editor

မွန်ပြည်နယ်အတွင်းသို့ ဆန်အိတ်များ စီးဝင်၊ စီးထွက် လျက်ရှိပြီး ဇူလိုင်လ စတုတ္ထပတ်၌ ဆန်ဈေးနှုန်းမှာ  တည် ငြိမ်လျက်ရှိသည်။ အခြားတိုင်းဒေသကြီးများမှ မွန်ပြည်နယ်သို့ ဆန်စီးဝင်မှုများမှာ ၂၀၂၄ ခုနှစ် ဇူလိုင်လ တတိယပတ်တွင် ဧရာဝတီမှ  အိတ် ၁၂၄၀  ခန့်၊  စစ်ကိုင်းမှ အိတ် ၅၀၄၀ ခန့်၊ ပဲခူးမှ အိတ် ၄၈၀ ခန့်၊ ရန်ကုန်မှ အိတ်  ၈၅၂၀ ခန့်၊  စုစုပေါင်း အိတ် ၁၅၂၈၀ခန့်၊ တန်ချိန်အားဖြင့်  ၇၆၄ တန်ခန့် စီးဝင်ခဲ့ သည်။ ဇူလိုင်လ စတုတ္ထပတ်တွင်  ဧရာဝတီမှ အိတ် ၂၁၈၀ ခန့်၊ စစ်ကိုင်းမှ အိတ် ၃၁၂၀ ခန့်၊ ပဲခူးမှ အိတ် ၁၆၄၀ ခန့်၊ ရန်ကုန်မှ အိတ် ၁၃၈၂၀ ခန့်၊ မန္တလေးမှ အိတ် ၂၀ဝ ခန့်၊ စုစု ပေါင်း အိတ် ၂၀၉၆၀ ခန့်၊ တန်ချိန်အားဖြင့် ၁၀၄၈  တန်ခန့် စီးဝင်ခဲ့ပြီး ယခင်တတိယပတ်နှင့် နှိုင်းယှဉ်ပါက  အနည်းငယ် ပို၍စီးဝင်ခဲ့သည်။
မွန်ပြည်နယ်မှ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ သို့ ဆန်စီးထွက်ရာတွင် ၂၀၂၄ ခုနှစ် ဇူလိုင်လ၏ တတိယပတ် တွင် ကရင်ပြည်နယ်သို့ အိတ် ၂၁၆၀ ခန့်၊ တန်ချိန်အားဖြင့် ၁၀၈ တန်ခန့်  စီးထွက်ခဲ့ပြီး ဇူလိုင်လ   စတုတ္ထပတ်တွင် ကရင်ပြည်နယ်သို့  အိတ် ၁၅၀ဝ ခန့်၊ တန်ချိန်အားဖြင့်  ၇၅  တန်ခန့် စီးထွက်ခဲ့သဖြင့်  ယခင်တတိယပတ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်လျော့၍ စီးထွက်ခဲ့သည်။
မွန်ပြည်နယ်၌ ဇူလိုင်လ၏ စတုတ္ထပတ်တွင် ဆန်ဈေး နှုန်းမှာ ၂၄ ပြည်ဝင် ဆန်တစ်အိတ်လျှင် ပေါ်ဆန်း(ဒေသ)  ကျပ် ၁၂၀ဝ၀ဝ ခန့်၊   ရွှေဘိုပေါ်ဆန်း ကျပ် ၁၅၇၀ဝ၀ ခန့်၊ ဧည့်မထ(ဒေသ) ကျပ် ၇၁၀ဝ၀ ခန့် ရှိပြီး ယခုပတ်တွင် ဆန် ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရသည်။

ဖူးဖူး (ချောင်းဆုံ)