Main menu

Background

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများ အခြေအနေ

Mon, 09/02/2024 - 09:58 -- journal_editor

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း သြဂုတ်လ  စတုတ္ထပတ်တွင် ဖြစ်ပေါ်နေ သော စပါး၊ ဆန်ဈေးနှုန်းများမှာ ရွှေဘို ခရိုင် ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း (စပါး)တင်း ၁၀ဝလျှင် ကျပ် ၄၁၀ဝ၀ဝ၀၊ ပေါ်ဆန်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ် လျှင် ကျပ် ၁၄၅၀ဝ၀၊ ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၃၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
    ရေဦးခရိုင်   ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)  တင်း ၁၀ဝ လျှင် ကျပ် ၄၁၀ဝ၀ဝ၀၊ ပေါ်ဆန်း(ဆန်)(သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၄၅၀ဝ၀၊ ဧရာမင်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ် လျှင်  ကျပ် ၁၃၀ဝ၀ဝ  ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရသည်။
ကလေးခရိုင် ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀ဝ လျှင်  ကျပ် ၂၂၀ဝ၀ဝ၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၀ဝ၀ဝ၊ ငစိန် (စပါး)တင်း ၁၀ဝ လျှင် ကျပ် ၁၉၀ဝ၀ဝ၀၊ ငစိန်(ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ် လျှင် ကျပ် ၇၀ဝ၀ဝ၊  ဧရာမင်း(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၂၆၅၀ဝ၀ဝ၊ ဧရာ မင်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၀၅၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ် နေကြောင်း သိရသည်။
 ကသာခရိုင် အင်းတော်မြို့နယ်မှ ဆင်းဧကရီ(၃)(စပါး)  တင်း ၁၀ဝ လျှင် ကျပ် ၁၆၀ဝ၀ဝ၀၊ ဆင်းဧကရီ-၃ ဆန်  ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၈၀ဝ၀ဝ၊ ဧရာမင်း(စပါး)  တင်း ၁၀ဝ လျှင် ကျပ် ၂၆၀ဝ၀ဝ၀၊ ဧရာမင်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင်    ကျပ် ၁၂၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရ သည်။
မုံရွာခရိုင် မုံရွာမြို့တွင် ဧရာမင်း (စပါး)တင်း ၁၀ဝလျှင် ကျပ် ၃၀ဝ၀ဝ၀ဝ၊  ဧရာမင်း(ဆန်) (သစ်) ၂၄ပြည် တစ် အိတ်လျှင် ကျပ် ၁၃၀ဝ၀ဝ၊ ရွှေဘိုပေါ်   ဆန်း(စပါး)    တင်း ၁၀ဝ လျှင် ကျပ် ၄၅၀ဝ၀ဝ၀၊    ရွှေဘိုပေါ်ဆန်း (ဆန်)(သစ်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၄၅၀ဝ၀၊  မနောသုခ(မိုး) (စပါး)တင်း ၁၀ဝ လျှင် ကျပ် ၂၃၀ဝ၀ဝ၀၊  မနောသုခ (မိုး) (ဆန်)(သစ်) ၂၄ ပြည် တစ်အိတ် လျှင် ကျပ် ၉၈၀ဝ၀၊ ရွှေဝါထွန်း (စပါး)(သစ်)တင်း ၁၀ဝ လျှင် ကျပ် ၁၈၀ဝ၀ဝ၀  ရွှေဝါထွန်း (ဆန်)(သစ်) ၂၄ပြည် တစ် အိတ်လျှင် ကျပ် ၈၀ဝ၀ဝ၊ ရွှေသွယ်ရင်  (စပါး)(သစ်) တင်း ၁၀ဝ လျှင် ကျပ် ၁၇၀ဝ၀ဝ၀၊  ရွှေသွယ်ရင် (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၈၀ဝ၀ဝ၊ ငစိန် (စပါး)   (သစ်) တင်း ၁၀ဝ လျှင် ကျပ် ၁၈၀ဝ၀ဝ၀၊  ငစိန်  (ဆန်)(သစ်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၈၀ဝ၀ဝ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။ 

 

ခင်မို့မို့ငြိမ်း(မုံရွာ)