မကွေးတိုင်းဒေသကြီးသည် ဆန်လိုတိုင်းဒေသကြီးဖြစ်၍ စပါး အဓိကစိုက်ပျိုးထွက်ရှိရာ အခြား တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တင် သွင်းရသည်။ မကွေးတိုင်းဒေသကြီးအတွင်း ဧရာပဒေသာစပါးကိုအဓိက စိုက်ပျိုးကြပြီး သြဂုတ်လနောက်ဆုံးပတ်တွင် ဖြစ်ပေါ်နေသော စပါးဈေး နှုန်းများမှာ ဧည့်မထ(နွေ)တစ်တင်းလျှင် ကျပ် ၁၇၀ဝ၀ ဖြစ်ပြီး ဆန်ဈေး နှုန်းများမှာ မကွေးခရိုင်တွင် ပေါ်ဆန်းမွှေး(၂၄)ပြည် တစ်အိတ်လျှင် ကျပ် ၁၃၅၀ဝ၀၊ ဧရာပဒေသာ ကျပ် ၁၂၅၀ဝ၀၊ မနောသုခ ကျပ် ၇၅၀ဝ၀၊ ရတနာတိုး ကျပ် ၇၅၀ဝ၀၊ မင်းဘူးခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၅၀ဝ၀ဝ၊ ဧရာပဒေသာ ကျပ် ၁၄၀ဝ၀ဝ၊ မနောသုခ ကျပ် ၈၂၀ဝ၀၊ သရက်ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၅၀ဝ၀ဝ၊ ဧရာပဒေသာ ကျပ် ၁၁၂၀ဝ၀၊ မနောသုခ ကျပ် ၈၅၀ဝ၀၊ အောင်လံခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၅၀ဝ၀ဝ၊ ဧရာ ပဒေသာ ကျပ် ၁၃၁၀ဝ၀၊ မနောသုခ ကျပ် ၈၅၀ဝ၀၊ ရတနာတိုး ကျပ် ၇၅၀ဝ၀၊ ချောက်ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၅၀ဝ၀ဝ၊ ဧရာပဒေသာ ကျပ် ၁၃၃၆၀ဝ၊ မနောသုခ ကျပ်၈၅၀ဝ၀၊ ပခုက္ကူခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၃၀ဝ၀ဝ၊ ဧရာပဒေသာ ကျပ်၁၂၀ဝ၀ဝ၊ မနောသုခ ကျပ်၈၅၀ဝ၀၊ ရတနာတိုး ကျပ် ၇၈၀ဝ၀၊ ဂန့်ဂေါခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်၁၄၅၀ဝ၀၊ ဧရာပဒေသာ ကျပ် ၁၃၀ဝ၀ဝ၊ မနောသုခ ကျပ် ၉၀ဝ၀ဝ တို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
စိုက်ပျိုးသူတောင်သူများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ သိုလှောင်ဖြန့် ဖြူးရောင်းချသူများနှင့် စားသုံးသူပြည်သူများအတွက် သင့်တင့်မျှတသော ဆန်ဈေးနှုန်း ဖြစ်စေရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ရည်ညွှန်း ဈေး ထုတ်ပြန်သည့်အတွက် စပါး၊ ဆန်ဈေးနှုန်းများ တည်ငြိမ်လျက်ရှိ ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ ၂၀၂၄ ခုနှစ် ဇူလိုင် ၁ ရက်မှ ၂၆ ရက်အတွင်း အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ဆန်စီးဝင်မှုမှာ စပါးအဓိကစိုက်ပျိုးထွက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီးမှ ဆန် ၂၁၇၅၇ အိတ်၊ မန္တလေးတိုင်းဒေသကြီးမှ ဆန် ၂၃၂၇ အိတ်၊ ရန်ကုန်တိုင်းဒေသကြီး မှ ဆန် ၅၉၀ အိတ်၊ ပဲခူးတိုင်းဒေသကြီးမှ ဆန် ၁၆၀ဝ၊ စုစုပေါင်းဆန် ၂၇၁၈၄ အိတ်၊ ၁၃၅၉ဒသမ၂ တန် စီးဝင်ခဲ့ကြောင်း သိရသည်။
ရဲမင်းသာ(မကွေး)