Main menu

Background

ဈေးသွက်လာသည့် ဧည့်မထဆန်ဈေး

Mon, 09/02/2024 - 10:02 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်သည် ဧည့်မထ စပါးမျိုးများကို အများဆုံးစိုက်ပျိုးကြပြီး ရန်ကုန် ဘုရင့်နောင် ဈေးကွက်သို့ ဧည့်မထဆန် အများဆုံးတင်ပို့ရောင်းချသည်။ 
ယခုနှစ်   ဇူလိုင်လမှစ၍   အရောင်းအဝယ်အေးပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့မှုနည်းခဲ့သော ဟင်္သာတ ဧည့်မထ ဆန် ၁၅ မှတ်သည် သြဂုတ်လလယ်မှစ၍ ရန်ကုန်အဝယ်လိုက် လာပြီး ဈေးတက်လာသည့်အတွက် နေ့စဉ် အိတ် ၂၀ဝ၀ မှ ၃၀ဝ၀ ကြား ရန်ကုန်သို့ တင်ပို့ရောင်းချလျက်ရှိသည်။ 
သြဂုတ်လ နောက်ဆုံးပတ်တွင် ဧည့်မထဆန်(၁၅) မှတ် ၁၀၈ ပေါင် တစ်အိတ်လျှင် ကျပ် ၇၈၀ဝ၀ ဈေးဖြင့် ဟင်္သာတ ဈေးကွက်တွင်   အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လ ကာလတူက ကျပ် ၆၈၀ဝ၀ ဝန်းကျင်သာရှိသဖြင့် ကာလတူ နှင့်နှိုင်းယှဉ်ပါက ကျပ်  ၁၀ဝ၀ဝ ခန့် ဈေးမြင့်တက်လျက်ရှိ သည်။ 
ဆန်ကွဲ ၁ရ နထအမေ ဈေးမှာ ၁၀၈ ပေါင် တစ်အိတ်လျှင် ကျပ် ၆၀ဝ၀ဝ၊  ဆန်ကွဲ(၂၃၄) ၁၀၈ ပေါင် တစ်အိတ်လျှင် ကျပ် ၅၄၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ 

 

မောင်မောင်မြတ်ခိုင်