စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း အောက်တိုဘာလ စတုတ္ထပတ်တွင် ဖြစ် ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများ မှာ ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်နှင့် ရေဦး မြို့နယ်တို့တွင် ရွှေဘိုပေါ်ဆန်း (စပါး) တင်း ၁၀ဝ လျှင် ကျပ် ၄၄၀ဝ၀ဝ၀၊ ပေါ် ဆန်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၅၀ဝ၀ဝ၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၃၃၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ကလေးခရိုင် ကလေးမြို့နယ် တွင် ဧည့်မထ(စပါး) တင်း ၁၀ဝ လျှင် ၂၇၀ဝ၀ဝ၀၊ ဧည့်မထ (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၅၀ဝ၀၊ ငစိန် (စပါး)တင်း ၁၀ဝလျှင် ကျပ် ၂၀ဝ၀ဝ၀ဝ၊ ငစိန် (ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ် လျှင် ၇၅၀ဝ၀၊ ဧရာမင်း(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၃၀ဝ၀ဝ၀ဝ၊ ဧရာမင်း (ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရသည်။
ကသာခရိုင် အင်းတော်မြို့နယ် တွင် ဆင်းဧကရီ(၃)(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၂၀ဝ၀ဝ၀ဝ၊ ဆင်းဧကရီ-၃ ဆန် ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၉၁၀ဝ၀၊ ဧရာမင်း(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၂၈၀ဝ၀ဝ၀၊ ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၃၂၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
မုံရွာခရိုင် မုံရွာမြို့တွင် ဧရာမင်း (စပါး)တင်း ၁၀ဝ လျှင် ကျပ် ၃၀ဝ၀ဝ၀ဝ၊ ဧရာမင်း(ဆန်)(သစ်) ၂၄ပြည် တစ် အိတ်လျှင် ကျပ် ၁၃၃၀ဝ၀၊ ရွှေဘိုပေါ် ဆန်း (စပါး) တင်း ၁၀ဝ လျှင် ကျပ် ၄၆၀ဝ၀ဝ၀၊ ရွှေဘိုပေါ်ဆန်း (ဆန်)(သစ်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၅၀ဝ၀ဝ၊ မနောသုခ(မိုး) (စပါး)တင်း ၁၀ဝ လျှင် ကျပ် ၂၃၀ဝ၀ဝ၀၊ မနောသုခ (မိုး) (ဆန်)(သစ်) ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၉၈၀ဝ၀၊ ရွှေဝါထွန်း (စပါး)(သစ်)တင်း ၁၀ဝ လျှင် ကျပ် ၁၈၀ဝ၀ဝ၀ ရွှေဝါထွန်း (ဆန်)(သစ်) ၂၄ပြည် တစ် အိတ်လျှင် ကျပ် ၈၀ဝ၀ဝ၊ ရွှေ သွယ်ရင် (စပါး)(သစ်)တင်း ၁၀ဝ လျှင် ကျပ် ၁၇၀ဝ၀ဝ၀၊ ရွှေသွယ်ရင် (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၈၀ဝ၀ဝ၊ ငစိန် (စပါး)(သစ်) တင်း ၁၀ဝ လျှင် ကျပ် ၁၈၀ဝ၀ဝ၀၊ ငစိန် (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၈၅၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ် ပြန်သည့် စိုက်ပျိုးသူ တောင်သူများ အပါအဝင် ကုန်သွယ်ရောင်းဝယ်သို လှောင်ကြသူများအထိ သင့်တင့်မျှတ သော ရည်ညွှန်းဈေးနှုန်းများအပေါ် မူ တည်၍ အောက်တိုဘာလ စတုတ္ထပတ် တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စပါး/ဆန် ဈေးနှုန်းများမှာ ဈေးနှုန်း တည်ငြိမ်နေကြောင်း သိရသည်။
ခင်မို့မို့ငြိမ်း(မုံရွာ)