မကွေးတိုင်းဒေသကြီးသည် ဆီ ထွက်သီးနှံ နှမ်း/မြေပဲတို့အား အဓိက စိုက်ပျိုးကြသော်လည်း ဆန်လိုအပ် ချက်ရှိသည့် တိုင်းဒေသကြီးဖြစ်၍ စပါး အဓိက စိုက်ပျို ထွက်ရှိရာ အခြား တိုင်း/ ပြည်နယ်များမှတင်သွင်းရသည်။ မကွေး တိုင်းဒေသကြီးအတွင်း ဧရာပဒေသာ စပါးကို အဓိကစိုက်ပျိုးကြပြီး နိုဝင်ဘာ လ စတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော စပါးဈေးနှုန်းများမှာ တစ်တင်းလျှင် ဧရာပဒေသာ(ဟောင်း) ကျပ် ၃၀ဝ၀ဝ၊ ဧရာပဒေသာ(သစ်) ကျပ်၂၈၀ဝ၀၊ ဆန် ဈေးနှုန်းများမှာ မကွေးခရိုင်တွင် ပေါ်ဆန်းမွှေး (၂၄)ပြည် တစ်အိတ်လျှင် ကျပ် ၁၅၉၀ဝ၀၊ ဧရာပဒေသာ ကျပ် ၁၃၉၀ဝ၀၊ မနောသုခ ကျပ်၁၀၃၀ဝ၀၊ ရတနာတိုး ကျပ် ၇၅၀ဝ၀၊ မင်းဘူးခရိုင် တွင် ပေါ်ဆန်းမွှေး ကျပ်၁၅၅၀ဝ၀၊ ဧရာပဒေသာ ကျပ်၁၄၀ဝ၀ဝ၊ မနော သုခ ကျပ်၈၇၀ဝ၀၊ သရက်ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၅၅၀ဝ၀၊ ဧရာပဒေ သာ ကျပ် ၁၁၂၀ဝ၀၊ မနောသုခ ကျပ် ၈၅၀ဝ၀၊ အောင်လံခရိုင်တွင် ပေါ်ဆန်း မွှေး ကျပ် ၁၅၉၀ဝ၀၊ ဧရာပဒေသာ ကျပ် ၁၄၅၀ဝ၀၊ မနောသုခ ကျပ် ၁၀ဝ၀ဝ၀၊ ရတနာတိုး ကျပ် ၈၁၀ဝ၀၊ ချောက်ခရိုင် တွင် ပေါ်ဆန်းမွှေး ကျပ်၁၅၅၀ဝ၀၊ ဧရာ ပဒေသာ ကျပ် ၁၃၉၀ဝ၀၊ မနောသုခ ကျပ် ၈၅၀ဝ၀၊ ပခုက္ကူခရိုင်တွင် ပေါ်ဆန်း မွှေး ကျပ် ၁၅၀ဝ၀ဝ၊ ဧရာပဒေသာ ကျပ် ၁၄၆၀ဝ၀၊ မနောသုခ ကျပ် ၉၃၀ဝ၀၊ ရတနာတိုး ကျပ် ၇၈၀ဝ၀၊ ဂန့်ဂေါခရိုင် တွင် ပေါ်ဆန်းမွှေး ကျပ် ၁၅၉၀ဝ၀၊ ဧရာပဒေသာ ကျပ်၁၄၅၀ဝ၀၊ မနော သုခ ကျပ် ၉၅၀ဝ၀ တို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လ ထက် ယခုလတွင် ဆန်တစ်အိတ်လျှင် ပခုက္ကူခရိုင်တွင် မနောသုခ ကျပ် ၁၄၃၀ဝ၊ ဂန့်ဂေါခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၃၀ဝ၀၊ မနောသုခ ကျပ်၂၄၀ဝ ဈေးမြင့် တက်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး မကွေး မြို့သို့၂၀၂၄ခုနှစ်၊ နိုဝင်ဘာ ၁ ရက်မှ ၂၆ ရက်အထိ အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ဆန်စီးဝင်မှုမှာ စပါး အဓိကစိုက်ပျိုးထွက်ရှိသည့် ဧရာဝတီ တိုင်းဒေသကြီးမှ ဆန်အိတ် ၁၅၁၈၅ ၊ မန္တလေးတိုင်းဒေသကြီးမှ ဆန်အိတ် ၁၄၂၀၊ ရန်ကုန်တိုင်းဒေသကြီးမှ ဆန် ၁၇၉၀ အိတ်၊ စုစုပေါင်းဆန် ၁၈၃၉၅ အိတ်နှင့် ၉၁၉ ဒသမ ၇၅ တန်စီးဝင်ခဲ့ ကြောင်း သိရသည်။
ရဲမင်းသာ(မကွေး)