Main menu

Background

ဓနုဖြူမြို့နယ်မှ ဆန်နှင့်ဆန်ကွဲ ဈေးကွက်အခြေအနေ

Tue, 12/03/2024 - 15:30 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး  မအူပင်ခရိုင် ဓနုဖြူမြို့နယ်မှ ယခုနှစ် အောက်တိုဘာလအတွင်းက ဆန် ၂၄ ပြည်ပါ ၄၀၇၅ အိတ်နှင့် ဆန်ကွဲ ၂၄ ပြည်ပါ အိတ် ၈၅၀ဝ၀ ကို ရန်ကုန်ဈေး ကွက်သို့ တင်ပို့ရောင်းချခဲ့ကြောင်း သိရသည်။  နိုဝင်ဘာလ အတွင်း ဆန်အိတ်၂၅၁၂၅ တင်ပို့နိုင်ခဲ့ပြီး ဓနုဖြူမြို့မှ ဆန်နှင့် ဆန်ကွဲ များကို ရန်ကုန်ဈေးကွက်မှ ဝယ်ယူမှုအားကောင်းနေကြောင်းသိရသည်။ 
ဧရာဝတီတိုင်းဒေသကြီးမှ  အောက်တိုဘာလအတွင်း ရန်ကုန်သို့တင်ပို့ခဲ့သော ဆန်အိတ်ရေမှာ စုစုပေါင်း ၃၄၄၆၅၂ အိတ်ရှိပြီး မြို့နယ်အလိုက် ဆန်တင်ပို့မှုစာရင်းများမှ  မအူပင် မှ ၄၀၇၅ အိတ်၊  ပန်းတနော်မှ ၁၀၃၂၄ အိတ်၊ ညောင်တုန်းမှ ၅၃၈၁၉ အိတ်၊ ဓနုဖြူမှ ၁၄၉၁၆ အိတ်နှင့် အခြားမြို့နယ်များ မှ ၂၆၁၅၂၈ အိတ်ရှိပြီး စုစုပေါင်း ၃၄၄၆၅၂ အိတ်ဖြစ်ကြောင်း သိရသည်။ ဓနုဖြူမြို့မှ ရန်ကုန်ဈေးကွက်သို့ ဆန်ကို နိုဝင် ဘာလအတွင်း ၂၅၁၂၅ အိတ် တင်ပို့ခဲ့ပြီး ဆန်ဝယ်လိုအား ကောင်းလာကြောင်း သိရသည်။ 
နိုဝင်ဘာလအတွင်း ဓနုဖြူမြို့နယ်တွင် ဆင်းသုခ ဆင်း သွယ် တစ်အိတ်ကျပ်  ၉၆၀ဝ၀ မှ ၉၇၀ဝ၀၊ ရက် ၉၀ ဆန်တစ် အိတ်လျှင် ကျပ် ၁၀၂၀ဝ၀ မှ ၁၀၃၀ဝ၀ မနောသုခ တစ်အိတ် လျှင် ကျပ် ၁၀၂၀ဝ၀-၁၀၃၀ဝ၀၊  ဆန်ကွဲ တစ်အိတ်လျှင် ကျပ် ၄၉၀ဝ၀ ဈေးပေါက်ကြောင်း သိရသည်။ 

သဇင် (မအူပင်)