Main menu

Background

မကွေးတိုင်းဒေသကြီးတွင် ဖြစ်ပေါ်လျက်ရှိသော စပါး၊ ဆန်ဈေးနှုန်းနှင့် စီးဝင်မှုအခြေအနေ

Mon, 01/06/2025 - 14:39 -- journal_editor

မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံ နှမ်းနှင့် မြေပဲ တို့အား အဓိကစိုက်ပျိုးကြသော်လည်း ဆန်လိုတိုင်းဒေသကြီးဖြစ် ၍ စပါးအဓိကစိုက်ပျိုးထွက်ရှိရာ အခြားတိုင်းဒေသကြီးနှင့် ပြည် နယ်များမှ တင်သွင်းရသည်။ 
မကွေးတိုင်းဒေသကြီးအတွင်း    ဧရာပဒေသာစပါးကို အဓိက စိုက်ပျိုးကြပြီး ဒီဇင်ဘာလ စတုတ္ထပတ်တွင် ဖြစ်ပေါ်နေ သော စပါးဈေးနှုန်းများမှာ  တစ်တင်းလျှင် ဧရာပဒေသာ(ဟောင်း) ကျပ် ၃၀ဝ၀ဝ၊ ဧရာပဒေသာ(သစ်) ကျပ် ၂၈၀ဝ၀၊ ဆန်ဈေးနှုန်း များမှာ မကွေးခရိုင်တွင် ပေါ်ဆန်းမွှေး ၂၄ ပြည် တစ်အိတ်လျှင် ကျပ်  ၁၆၀ဝ၀ဝ၊  ဧရာပဒေသာ ကျပ် ၁၃၉၀ဝ၀၊ မနောသုခ ကျပ် ၁၀၃၀ဝ၀၊ ရတနာတိုး ကျပ် ၇၅၀ဝ၀၊ မင်းဘူးခရိုင်တွင် ပေါ်ဆန်း မွှေး ကျပ် ၁၅၅၀ဝ၀၊ ဧရာပဒေသာ ကျပ်  ၁၄၂၀ဝ၀၊ မနောသုခ ကျပ် ၉၇၀ဝ၀၊ သရက်ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၅၅၀ဝ၀၊ ဧရာပဒေသာ ကျပ် ၁၁၂၀ဝ၀၊   မနောသုခ ကျပ် ၈၅၀ဝ၀၊ အောင်လံခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်  ၁၅၉၀ဝ၀ ၊ ဧရာပဒေသာ ကျပ် ၁၄၅၀ဝ၀၊ မနောသုခ ကျပ် ၁၀ဝ၀ဝ၀၊ ရတနာတိုး ကျပ် ၈၁၀ဝ၀၊ ချောက်ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၆၀ဝ၀ဝ၊ ဧရာ ပဒေသာ ကျပ် ၁၃၉၀ဝ၀၊ မနောသုခ ကျပ်  ၈၅၀ဝ၀၊  ရတနာတိုး ကျပ် ၇၈၀ဝ၀၊ ပခုက္ကူခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၅၀ဝ၀ဝ၊ ဧရာပဒေသာ ကျပ် ၁၄၆၀ဝ၀၊ မနောသုခ ကျပ် ၉၃၀ဝ၀၊ ရတနာ တိုး ကျပ်၇၈၀ဝ၀၊ ဂန့်ဂေါခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၅၉၀ဝ၀၊ ဧရာပဒေသာ ကျပ် ၁၄၅၀ဝ၀၊ မနောသုခ ကျပ် ၉၅၀ဝ၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လထက် ယခုလတွင် မကွေးခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၀ဝ၀၊ မင်းဘူးခရိုင်တွင် ဧရာပဒေသာ ကျပ် ၂၀ဝ၀၊ မနောသုခ ကျပ် ၁၀ဝ၀ဝ၊ ချောက် ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၅၀ဝ၀ ဈေးမြင့်တက်ခဲ့ကြောင်း သိရသည်။ 
၂၀၂၄ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၂၄ ရက်အထိ မကွေးတိုင်း ဒေသကြီး မကွေးမြို့သို့ အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ဆန်စီးဝင်မှုမှာ စပါးအဓိကစိုက်ပျိုးထွက်ရှိသည့် ဧရာဝတီတိုင်း ဒေသကြီးမှ ဆန်အိတ် ၃၀ဝ၁၀၊ မန္တလေးတိုင်းဒေသကြီးမှ ဆန် အိတ် ၁၈၀ဝ၊ ရန်ကုန်တိုင်းဒေသကြီးမှ  ဆန်အိတ် ၁၀ဝ၀၊ ပဲခူး တိုင်းဒေသကြီးမှ ဆန်အိတ် ၉၉၀၊ သရက်မြို့သို့ ပဲခူးတိုင်းဒေသ ကြီးမှ ဆန်အိတ် ၁၃၆၂၀၊ ဧရာဝတီတိုင်းဒေသကြီးမှ ဆန် အိတ် ၈၀၃၀၊ ချောက်မြို့သို့ စစ်ကိုင်းတိုင်းဒေသကြီးမှ ဆန်အိတ် ၁၀ဝ၊ ဧရာဝတီတိုင်းဒေသကြီးမှ  ဆန်အိတ် ၅၁၀ဝ၊ အောင်လံမြို့သို့ ရန်ကုန်တိုင်းဒေသကြီးမှ ဆန်အိတ် ၁၇၅၀၊ ပဲခူးတိုင်းဒေသကြီးမှ ဆန်အိတ် ၃၅၀၊ ပခုက္ကူမြို့သို့ စစ်ကိုင်းတိုင်းဒေသကြီး မှ ဆန် ၆၁၆၃ အိတ်၊ ဧရာဝတီတိုင်းဒေသကြီးမှ ဆန်အိတ် ၁၀ဝ၀၊ စုစု ပေါင်းဆန် ၆၉၉၁၃ အိတ်၊  ၃၄၉၅ ဒသမ ၆၅ တန် စီးဝင်ခဲ့ကြောင်း သိရသည်။ 

 

ရဲမင်းသာ(မကွေး)