Main menu

Background

ပြည်ခရိုင်၏ စပါး၊ ဆန် ဈေးနှုန်းများ

Mon, 01/06/2025 - 15:03 -- journal_editor

ပြည်ခရိုင်တွင်  မိုးစပါးများ လှိုင် လှိုင်ထွက်ပေါ်နေပြီဖြစ်သည်။  ပြည် ခရိုင်အတွင်း၌ အင်းမစပါး၊  မှော်ဘီ၊ စပါးများကို  အဓိကထား  စိုက်ပျိုးပြီး စပါးရင်   အမျိုးအစားများဖြစ်သော ဗီယက်နမ်GW-11၊ ထိုင်းနှံကောက်များ မှာ အနည်းငယ်သာစိုက်ပျိုးပြီး ဒေသ တွင်း  စားသုံးမှု  နည်းပါးသော်လည်း အခြားဒေသများ သို့တင်ပို့ရောင်းချမှုရှိ သည်။ 
ပြည်ခရိုင်   ဈေးကွက်အတွင်း၌ ရောင်းချသော တောင်ပျံ၊ ဧရာပဒေသာ၊ ရိုးရိုးပေါ်ဆန်း၊ ပခမ်းရိုးနီ၊ ငွေတိုးဆန် များမှာ အခြားတိုင်းဒေသကြီးများမှ မှာယူရောင်းချကြသည်။ ပြည်ဈေးကွက် အတွင်းတွင် ရောင်းချသော ဆန်ဈေး များမှာ ပေါ်ဆန်းဆန်  တစ်အိတ်လျှင် ကျပ် ၁၃၀ဝ၀ဝ၊ ဧရာဝတီ ပဒေသာဆန် တစ်အိတ်လျှင် ကျပ် ၁၃၀ဝ၀ဝ၊ တောင်ပျံ ဆန်တစ်အိတ်လျှင်  ကျပ် ၁၁၃၀ဝ၀၊ ရိုးနီ တစ်အိတ်လျှင် ကျပ် ၁၁၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ပြည်ခရိုင်၊ ပြည်မြို့ရှိ စပါး ၄၆ ပေါင်တင်း ၁၀ဝဈေးနှုန်းများမှာ အင်းမ စပါး ကျပ် ၁၉၃၀ဝ၀ဝ၊  မှော်ဘီ စပါး ကျပ် ၁၉၇၀ဝ၀ဝ၊ ဗီယက်နမ်စပါး (အစို ဓာတ်၂၀ရာခိုင်နှုန်း)မှာ ကျပ် ၁၆၅၀ဝ၀ဝ၊ ထိုင်းနှံကောက်မှာ  ကျပ် ၁၆၅၀ဝ၀ဝ ဖြင့်  အရောင်းအဝယ်ရှိပြီး မှော်ဘီဆန် သစ် တစ်အိတ်လျှင် ကျပ် ၇၇၀ဝ၀၊ ဗီယက်နမ်ဆန်   တစ်အိတ်လျှင် ကျပ် ၇၂၀ဝ၀ ဖြစ်သည်။
ရွှေတောင်မြို့နယ်တွင် မှော်ဘီ စပါး (၄၆)ပေါင် တင်း ၁၀ဝ လျှင် ကျပ် ၁၈၈၀ဝ၀ဝအစို ၁၄ရာခိုင်နှုန်း၊  ကရင်မ စပါးဈေးမှာ ကျပ် ၁၉၃၀ဝ၀ဝ၊ အစို ၁၆  ရာခိုင်နှုန်း၊  ကောက်စောစပါးမျိုးဖြစ် သော ဗီယက်နမ်စပါးမှာ ကျပ် ၁၇၀ဝ၀ဝ၀၊ မှော်ဘီဆန်သစ် တစ်အိတ်လျှင် ကျပ် ၇၇၀ဝ၀ ဖြင့် အရောင်းအဝယ်ရှိသည်။
ပေါက်ခေါင်းမြို့နယ်တွင် စပါး တင်း ၁၀ဝ လျှင် မှော်ဘီနှင့် အင်းမစပါး မှာ ကျပ် ၁၈၄၀ဝ၀ဝ၊GW-11 ၁၁ တင်း ၁၀ဝ လျှင်    ကျပ် ၁၆၅၀ဝ၀ဝ၊  ထိုင်း နှံကောက်စပါးမှာ ကျပ် ၁၆၅၀ဝ၀ဝ ၊ မှော်ဘီဆန်နှင့် အင်းမဆန် တစ်အိတ် လျှင် ကျပ် ၇၅၀ဝ၀ ဖြင့် အရောင်းအဝယ် ရှိသည်။
စပါးသစ်များလှိုင်လှိုင်ထွက်ပေါ် နေသော်လည်း  ဆန်သစ်မှာ စားသုံး သူများ ဝယ်ယူသုံးစွဲမှု နည်းနေသော ကြောင့်  အရောင်းအဝယ်အေးသည့် အတွက် ပြည်ခရိုင်အတွင်း စပါး/ဆန် ဈေးမှာ အနည်းငယ်  အေးနေသည်။ ပြည်ခရိုင်မှ ရန်ကုန်တိုင်းဒေသကြီးသို့ တစ်ပတ်အတွင်း ဆန်အိတ်ရေ  ၂၀ဝ၀ ခန့်၊ မကွေးတိုင်းဒေသကြီးသို့ ဆန်အိတ် ရေ ၅၀ဝ၀ ခန့် တင်ပို့ရောင်းချကြောင်း သိရသည်။

လွင်လွင်ဆန်း(ပြည်)