မွန်ပြည်နယ်အတွင်းသို့ ဆန်အိတ်များ စီးဝင်၊ စီးထွက်လျက်ရှိပြီး ဇန်နဝါရီ နောက်ဆုံးပတ်၌ ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိသည်။ အခြား တိုင်းဒေသကြီးများမှ မွန်ပြည်နယ်သို့ ဆန်စီးဝင်မှုများမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်တွင် ဧရာဝတီမှ ၄၅၀ဝ အိတ်ခန့်၊ စစ်ကိုင်းမှ ၁၁၇၂၀ အိတ်ခန့်၊ ပဲခူးမှ ၂၆၈၀ အိတ်ခန့်၊ ရန်ကုန်မှ ၁၆၁၀ဝ အိတ်ခန့် စုစုပေါင်း အိတ် ၃၅၀ဝ၀ ခန့်၊ တန်ချိန်အားဖြင့် ၁၇၅၀ တန်ခန့် စီးဝင်ခဲ့သည်။
ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဧရာဝတီမှ ၄၁၆၀ အိတ်ခန့်၊ စစ်ကိုင်းမှ ၁၁၈၈၀ အိတ်ခန့်၊ ပဲခူးမှ ၂၆၀ဝ အိတ်ခန့်၊ ရန်ကုန်မှ ၁၆၄၄၀ အိတ်ခန့်၊ စုစုပေါင်း ၃၅၀၈၀ အိတ်ခန့်၊ တန်ချိန်အားဖြင့် ၁၇၅၄ တန်ခန့် ဝင်ရောက်ခဲ့ပြီး ဇန်နဝါရီ၊ ဒုတိယပတ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ် ပို၍ စီးဝင်ရောက်ခဲ့သည်။
မွန်ပြည်နယ်မှ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ဆန်ထွက် ရှိမှုတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်တွင် ကရင်ပြည်နယ်သို့ ၂၁၄၀ အိတ်ခန့်၊ တန်ချိန်အားဖြင့် ၁၀၇ တန် ခန့်စီးထွက်ခဲ့ပြီး ဇန်နဝါရီလ နောက် ဆုံးပတ်တွင် ကရင်ပြည်နယ်သို့ ၁၉၄၀ အိတ်ခန့်၊ တန်ချိန်အားဖြင့် ၉၇ တန် ခန့် စီးထွက်ခဲ့ပြီး ယခင်ဒုတိယပတ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်လျော့၍ စီးထွက်ခဲ့သည်။
မွန်ပြည်နယ်၌ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဆန်ဈေးနှုန်းမှာ ၂၄ ပြည်ဝင် ဆန်တစ်အိတ်လျှင် ပေါ်ဆန်း(ဒေသ) ကျပ် ၁၁၀ဝ၀ဝ ခန့်၊ ရွှေဘို ပေါ်ဆန်း ကျပ် ၁၅၈၀ဝ၀ ခန့်၊ ဧည့်မ ထ(ဒေသ) ကျပ် ၇၂၀ဝ၀ ခန့်ရှိပြီး ယခုပတ်တွင် ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရသည်။
ဖူးဖူး (ချောင်းဆုံ)