မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟု တင်စားရလောက်အောင် ဆီထွက်သီးနှံ နှမ်းနှင့်မြေပဲတို့အား အဓိကစိုက်ပျိုးကြသော်လည်း စပါးကို ဆည်ရေရရှိသော တောင်တွင်း၊ မြို့သစ်နှင့် မြစ်အနောက်ဘက်ရှိ ပွင့်ဖြူနှင့် စလင်းမြို့များတွင်သာ အများအပြားစိုက်ပျိုးကြသည်။ ဆန်လိုတိုင်း ဒေသကြီးဖြစ်၍ စပါး အဓိကစိုက်ပျိုးထွက်ရှိရာ အခြားတိုင်း/ပြည်နယ်များမှ တင်သွင်းရသည်။ မကွေးတိုင်းဒေသကြီးအတွင်း ဧရာပဒေသာစပါးကို အဓိကစိုက်ပျိုးကြပြီး ဇန်နဝါရီ နောက်ဆုံးပတ် တွင် ဖြစ်ပေါ်နေသော စပါးဈေးနှုန်းများမှာ ဧည့်မထနွေ(ဟောင်း) တစ်တင်းလျှင် ကျပ် ၁၈၅၀ဝ၊ ဆန်ဈေး နှုန်းများမှာ မကွေးခရိုင်တွင် ပေါ်ဆန်းမွှေး (၂၄)ပြည် တစ်အိတ်လျှင် ကျပ် ၁၆၀ဝ၀ဝ၊ ဧရာပဒေသာ ကျပ် ၁၃၉၀ဝ၀၊ မနောသုခ ကျပ် ၁၀၃၀ဝ၀၊ ရတနာတိုး ကျပ် ၇၅၀ဝ၀၊ မင်းဘူးခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၅၅၀ဝ၀၊ ဧရာပဒေသာ ကျပ် ၁၄၂၀ဝ၀၊ မနောသုခ ကျပ် ၉၇၀ဝ၀၊ သရက်ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၅၅၀ဝ၀၊ ဧရာ ပဒေသာ ကျပ် ၁၁၂၀ဝ၀၊ မနောသုခ ကျပ် ၈၅၀ဝ၀၊ အောင်လံခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၅၆၀ဝ၀၊ ဧရာပဒေသာ ကျပ် ၁၄၅၀ဝ၀၊ မနောသုခ ကျပ် ၁၀ဝ၀ဝ၀၊ ရတနာတိုး ကျပ် ၈၁၅၀ဝ၊ ချောက်ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၆၀ဝ၀ဝ၊ ဧရာပဒေသာ ကျပ် ၁၃၉၀ဝ၀၊ မနောသုခ ကျပ် ၉၀ဝ၀ဝ၊ ရတနာတိုး ကျပ် ၇၈၀ဝ၀၊ ပခုက္ကူခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၅၀ဝ၀ဝ၊ ဧရာပဒေသာ ကျပ် ၁၄၆၀ဝ၀၊ မနောသုခ ကျပ် ၉၃၀ဝ၀၊ ရတနာတိုး ကျပ် ၇၈၀ဝ၀၊ ဂန့်ဂေါခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၅၉၀ဝ၀၊ ဧရာပဒေသာ ကျပ် ၁၄၅၀ဝ၀၊ မနောသုခ ကျပ် ၉၅၀ဝ၀ တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်လထက် ယခုလတွင် အောင်လံခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၃၀ဝ၀ လျော့ကျခဲ့ပြီး ရတနာတိုး ကျပ် ၅၀ဝ ဈေးနှုန်းမြင့်တက်ခဲ့ပြီး ချောက်ခရိုင်တွင် မနောသုခ ကျပ် ၅၀ဝ၀ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။ ဇန်နဝါရီ ၁ ရက်မှ ၂၇ ရက်အထိ မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ဆန်စီးဝင်မှုမှာ စပါးအဓိကစိုက်ပျိုးထွက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီးမှ ဆန် ၃၁၂၇၅ အိတ်၊ မန္တလေးတိုင်းဒေသကြီးမှ ဆန် ၅၉၃၃ အိတ်၊ ရန်ကုန်တိုင်းဒေသကြီးမှ ဆန်အိတ် ၁၈၅၀၊ ပဲခူးတိုင်း ဒေသကြီးမှ ဆန် ၃၇၅ အိတ်၊ စုစုပေါင်း ဆန် ၃၉၄၃၃ အိတ်၊ ၁၉၇၁ ဒသမ ၆၅ တန် စီးဝင်ခဲ့ကြောင်း သိရသည်။
ရဲမင်းသာ (မကွေး)