မကွေးတိုင်းဒေသကြီးသည် ဆန်လိုတိုင်းဒေသကြီးဖြစ် ၍ စပါးအဓိကစိုက်ပျိုးထွက်ရှိရာ အခြား တိုင်းဒေသကြီး/ ပြည်နယ်များ မှ တင်သွင်းရသည်။ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ တွင် ဇန်နဝါရီလထက် မကွေးခရိုင်နှင့် ပခုက္ကူ ခရိုင်တွင် ဆန် ဈေးနှုန်းလျော့ကျခဲ့ပြီး သရက်ခရိုင်တွင် အနည်းငယ်ဈေးနှုန်း ပိုမိုလာကြောင်း သိရသည်။ မိုးစပါးသစ်များ လှိုင်လှိုင်ထွက် ပေါ်၍ ဈေးကွက်အတွင်းသို့ ဆန်အသစ်များ ဝင်ရောက်မှုများ လာသည့်အတွက် ဈေးနှုန်းအနည်းငယ် ကျဆင်းလာရခြင်း ဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း မြစ်အနောက်ဘက်ရှိ မင်းဘူး၊ ပွင့်ဖြူ၊ စလင်းနှင့် ဆည်ရေရရှိသော တောင်တွင်း၊ မြို့သစ်တို့တွင် ဧရာပဒေသာစပါးကို အဓိကစိုက်ပျိုးကြပြီး ဖေဖော်ဝါရီ စတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော စပါးဈေးနှုန်း များမှာ ဧည့်မထနွေ(ဟောင်း)တစ်တင်းလျှင် ကျပ် ၁၈၅၀ဝ ၊ ဆန်ဈေးနှုန်းများမှာ မကွေးခရိုင်တွင် ပေါ်ဆန်းမွှေး (၂၄)ပြည် တစ်အိတ်လျှင် ကျပ် ၁၅၂၀ဝ၀၊ ဧရာပဒေသာ ကျပ်၁၃၅၀ဝ၀၊ မနောသုခ ကျပ်၉၇၀ဝ၀၊ ရတနာတိုး ကျပ် ၇၂၀ဝ၀၊ မင်းဘူး ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၃၅၀ဝ၀၊ ဧရာ ပဒေသာ ကျပ် ၁၃၃၀ဝ၀၊ မနောသုခ ကျပ်၉၇၀ဝ၀၊ သရက်ခရိုင်တွင် ပေါ် ဆန်းမွှေး ကျပ် ၁၅၅၀ဝ၀၊ ဧရာပဒေသာ ကျပ် ၁၂၀ဝ၀ဝ၊ မနောသုခ ကျပ် ၈၅၀ဝ၀၊ အောင်လံခရိုင်တွင် ပေါ်ဆန်း မွှေး ကျပ် ၁၅၆၀ဝ၀၊ ဧရာပဒေသာ ကျပ် ၁၄၅၀ဝ၀၊ မနောသုခ ကျပ် ၁၀ဝ၀ဝ၀၊ ရတနာတိုး ကျပ် ၈၁၅၀ဝ၊ ချောက်ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၅၀ဝ၀ဝ၊ ဧရာပဒေသာ ကျပ် ၁၁၅၀ဝ၀၊ မနောသုခ ကျပ် ၉၀ဝ၀ဝ၊ ရတနာတိုး ကျပ် ၇၈၀ဝ၀၊ ပခုက္ကူ ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၅၀ဝ၀ဝ၊ ဧရာပဒေသာ ကျပ် ၁၄၃၀ဝ၀၊ မနောသုခ ကျပ် ၉၃၀ဝ၀၊ ရတနာတိုး ကျပ် ၇၈၀ဝ၀၊ ဂန့်ဂေါခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၅၉၀ဝ၀၊ ဧရာပဒေသာ ကျပ် ၁၄၅၀ဝ၀၊ မနောသုခ ကျပ် ၉၅၀ဝ၀ တို့ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁ ရက်မှ ၂၃ ရက်အထိ မကွေးတိုင်းဒေသ ကြီးသို့ အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ဆန်စီးဝင်မှု မှာ စပါးအဓိကစိုက်ပျိုးထွက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီး မှ ဆန်၆၄၄၀၂ အိတ်၊ မန္တလေးတိုင်းဒေသကြီးမှ ဆန်အိတ် ၂၈၈၀၊ ရန်ကုန်တိုင်းဒေသကြီးမှ ဆန် ၄၆၅၆ အိတ်၊ ပဲခူးတိုင်း ဒေသကြီးမှ ဆန်အိတ်၈၀ဝ၀၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဆန် အိတ် ၆၈၈၀၊ စုစုပေါင်းဆန်အိတ်ရေ ၈၆၇၂၇ အိတ်၊ တန်ချိန် ၄၃၄၀ တန် စီးဝင်ခဲ့ကြောင်း သိရသည်။
ရဲမင်းသာ(မကွေး)