Main menu

Background

ဧရာဝတီတိုင်းဒေသကြီး ဆန်စပါးဈေးကွက်နှင့် စီးဝင်/စီးထွက်မှု အခြေအနေ

Tue, 03/04/2025 - 12:54 -- journal_editor

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပုသိမ်မြို့ ဆန်စပါးဈေးကွက်တွင် ဖေဖော်ဝါရီလ ပထမပတ် အရောင်းအဝယ်သွက်ပြီး ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် အရောင်းအဝယ်အေးလျက်ရှိကြောင်း ဈေး ကွက်မှ သိရသည်။ ဧရာဝတီ ပေါ်ဆန်းစပါး တစ်တင်းလျှင် ကျပ် ၃၂၀ဝ၀-၃၃၀ဝ၀၊ ပေါ်ဆန်း ဆန်တစ် အိတ်လျှင် ကျပ် ၁၁၀ဝ၀ဝ-၁၁၅၀ဝ၀ ဈေးနှင့် မနောသုခ၊ မျိုးပွား စပါးတစ်တင်း ကျပ် ၁၈၀ဝ၀-၁၉၀ဝ၀ ဈေး၊ ဆန်တစ်အိတ် ကျပ် ၆၅၀ဝ၀-၇၀ဝ၀ဝ ဈေးအတွင်းနှင့် ရွှေသွယ်စပါး တစ်တင်းလျှင် ကျပ် ၂၃၀ဝ၀-၂၄၀ဝ၀၊ ဆန်တစ်အိတ် ကျပ် ၈၅၀ဝ၀-၉၀ဝ၀ဝ ဈေးအတွင်း အရောင်းအဝယ်ဖြစ်နေသည်။ မကြာမီ နွေ သီးထပ်၊ ရက်၉၀ စပါးများလည်း ထွက်ရှိလာမည်ဖြစ်သည်။
ဟင်္သာတခရိုင်အတွင်းရှိ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်များတွင် ဖေဖော်ဝါရီလ ပထမပတ်က ဧည့်မထစပါး တစ်တင်းလျှင် ကျပ် ၁၄၀ဝ၀-၁၅၀ဝ၀ နှင့် ဆန်တစ်အိတ်လျှင် ကျပ် ၇၁၀ဝ၀ အရောင်းအဝယ်ဖြစ်နေပြီး ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် အချို့မြို့နယ်များ၌ စပါး တစ်တင်းလျှင် ကျပ် ၁၆၀ဝ၀ ဖြစ်သွားသည့်အတွက် စပါးတစ်တင်းလျှင် ကျပ် ၁၀ဝ၀ ခန့် မြင့်တက်သွား သည်။
မြောင်းမြခရိုင်အတွင်းရှိ မြို့နယ်များတွင် ဖေဖော်ဝါရီလဆန်းပိုင်းတွင် မိုးဧည့်မထဆန်တစ်အိတ် လျှင် ကျပ် ၇၅၀ဝ၀-၈၀ဝ၀ဝ နောက်ဆုံးပတ်တွင် ဆန်တစ်အိတ်လျှင် ကျပ် ၇၀ဝ၀ဝ-၇၅၀ဝ၀ ဖြစ်၍ ဆန် တစ်အိတ်လျှင် ကျပ် ၅၀ဝ၀ ခန့် ဈေးကျဆင်းလျက်ရှိသည်။ 
ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ပေါ်ဆန်းဆန် တစ်အိတ်လျှင် ကျပ် ၁၂၄၀ဝ၀ မှ ၁၁၂၀ဝ၀ ဖြစ်၍ ဆန်တစ်အိတ်လျှင် ကျပ်  ၁၀ဝ၀ဝ ခန့်ဈေးကျသွားသည်။ မိုးဧည့်မထဆန် တစ်အိတ်လျှင် ယခင် က ကျပ် ၈၆၀ဝ၀မှ ယခု ကျပ် ၇၆၀ဝ၀ဖြစ်သည့်အတွက် ဧည့်မထဆန်တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ဝ ဈေး ကျဆင်းသွားသည်။ ဧရာဝတီတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ကုန်းလမ်း၊ ရေလမ်းမှ ဆန်စီး ထွက်မှုမှာ ၂၀၂၄ ဒီဇင်ဘာလတွင် အိတ်ရေ ၁၈၇၅၈၇၅ အိတ် စီးထွက်ခဲ့ပြီး ၂၀၂၅ ဇန်နဝါရီလတွင် အိတ်ရေ ၂၀၁၆၆၄၄ အိတ် စီးထွက်ခဲ့ရာ ယခင်လထက် အိတ်ရေ ၁၄၀၇၆၉ အိတ် ပိုမိုစီးထွက်ခဲ့ကြောင်း သိရသည်။                                                                                  

ဧရာမြေ(ပသ)