Main menu

Background

မကွေးတိုင်းဒေသကြီးတွင် ဖြစ်ပေါ်လျက်ရှိသော စပါး၊ ဆန်ဈေးနှုန်းနှင့် စီးဝင်မှုအခြေအနေ

Wed, 04/09/2025 - 10:52 -- journal_editor

မကွေးတိုင်းဒေသကြီးသည် ဆန်လိုတိုင်းဒေသကြီးဖြစ်၍  စပါး အဓိကစိုက်ပျိုးထွက်ရှိရာ အခြား တိုင်းဒေသကြီး/ပြည်နယ်များမှ တင် သွင်းရသည်။  ဧရာဝတီမြစ်အနောက်ဘက်ရှိ မင်းဘူး၊ ပွင့်ဖြူ၊ စလင်းနှင့် စပါးကို ဆည်ရေရရှိသော တောင်တွင်း၊ မြို့သစ်တို့တွင် ဧရာပဒေသာ စပါးကို အဓိကထား စိုက်ပျိုးကြသည်။ 
ယခုနှစ် မတ်လတွင် ယခင်လထက် မကွေးခရိုင်၌ ပေါ်ဆန်းမွှေး ကျပ် ၄၀ဝ၀၊ မင်းဘူးခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၀ဝ၀ဝ၊ အောင်လံ ခရိုင်တွင် ပေါ်ဆန်းမွှေး  ကျပ် ၁၁၀ဝ၀၊ ဧရာပဒေသာ ကျပ် ၃၈၀ဝ၀၊ ပခုက္ကူခရိုင်တွင် ဧရာပဒေသာ ကျပ် ၄၀ဝ၀ ဈေးနှုန်းလျော့ကျခဲ့ပြီး ချောက်ခရိုင်တွင် ဧရာပဒေသာ ကျပ်၂၄၀ဝ၀၊ မနောသုခ ကျပ်၁၀ဝ၀ဝ၊ သရက်ခရိုင်တွင် ဧရာပဒေသာ ကျပ် ၁၀ဝ၀ဝ၊ မနောသုခ ကျပ် ၅၀ဝ၀၊ ပခုက္ကူ ခရိုင်တွင်  မနောသုခ ကျပ် ၇၀ဝ၀၊ ရတနာတိုး  ကျပ် ၂၀ဝ၀၊ အောင်လံခရိုင်တွင် ရတနာတိုး ကျပ် ၂၅၀ဝဈေးနှုန်းမြင့်တက်လာ ကြောင်း သိရသည်။ 
ဧပြီလဆန်းပိုင်းတွင်  ဖြစ်ပေါ်နေသောစပါးဈေးနှုန်းများမှ ဧည့်မထ (မိုး) တစ်တင်းလျှင် ကျပ်  ၁၈၅၀ဝ - ၁၇၀ဝ၀၊ ဆန်ဈေးနှုန်းများမှာ မကွေးခရိုင်တွင် ပေါ်ဆန်းမွှေး ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၄၈၀ဝ၀၊ ဧရာပဒေသာ ကျပ် ၁၃၅၀ဝ၀၊ မနောသုခ ကျပ် ၉၇၀ဝ၀၊ ရတနာတိုး ကျပ် ၇၂၀ဝ၀ ၊ မင်းဘူးခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၃၅၀ဝ၀၊ ဧရာ ပဒေသာ ကျပ် ၁၃၃၀ဝ၀၊ မနောသုခ ကျပ် ၉၇၀ဝ၀၊ ရတနာတိုး ကျပ် ၇၅၀ဝ၀၊ သရက်ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၅၅၀ဝ၀၊ ဧရာပဒေသာ ကျပ် ၁၃၀ဝ၀ဝ၊ မနောသုခ ကျပ် ၉၀ဝ၀ဝ၊ အောင်လံခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၄၅၀ဝ၀၊ ဧရာပဒေသာ ကျပ် ၁၄၅၀ဝ၀၊ မနောသုခ ကျပ် ၁၀ဝ၀ဝ၀၊ ရတနာတိုး ကျပ် ၈၄၀ဝ၀၊ ချောက်ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၅၀ဝ၀ဝ၊ ဧရာပဒေသာ ကျပ် ၁၃၉၀ဝ၀ ၊ မနောသုခ ကျပ် ၁၀ဝ၀ဝ၀၊  ရတနာတိုး ကျပ် ၇၈၀ဝ၀၊ ပခုက္ကူခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၅၀ဝ၀ဝ၊ ဧရာပဒေ သာ ကျပ် ၁၃၉၀ဝ၀ ၊ မနောသုခ ကျပ် ၉၃၀ဝ၀ ၊ ရတနာတိုး ကျပ် ၈၀ဝ၀ဝ၊ ဂန့်ဂေါခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်  ၁၅၉၀ဝ၀၊ ဧရာပဒေသာ ကျပ် ၁၄၅၀ဝ၀ ၊ မနောသုခ ကျပ် ၁၁၀ဝ၀ဝ တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရသည်။ 
မတ်လအတွင်း မကွေးတိုင်းဒေသကြီးသို့ အခြားတိုင်းဒေသကြီး၊ ပြည်နယ်များမှ ဆန်စီးဝင်မှုမှာ စပါးအဓိကစိုက်ပျိုးထွက်ရှိသည့် ဧရာဝတီ တိုင်း ဒေသကြီးမှ ဆန်အိတ် ၉၃၀ဝ၉ အိတ်၊ မန္တလေးတိုင်းဒေသကြီးမှ ဆန်အိတ် ၇၃၃၀ အိတ်၊ ရန်ကုန်တိုင်းဒေသကြီးမှ ဆန်အိတ် ၁၅၅၀၊ ပဲခူး တိုင်းဒေသကြီးမှ ဆန်အိတ် ၆၆၈၅ အိတ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဆန် အိတ်  ၈၁၀၁၊ စုစုပေါင်း ဆန်အိတ်ရေ ၁၁၆၆၇၅ အိတ်၊ တန်ချိန် ၅၈၃၃ ဒသမ ၇၅  တန် စီးဝင်ခဲ့ကြောင်း သိရသည်။              

 

ရဲမင်းသာ (မကွေး)