ပြည်ခရိုင်အတွင်းတွင် ပြီးခဲ့သည့်၂၀၂၄ ခုနှစ် မတ်လအတွင်း ဖြစ်ပေါ်ခဲ့သည့် စပါးအမျိုးအစားအလိုက် ဈေးနှုန်းမှာ မှော်ဘီ (၄၆)ပေါင် တင်း ၁၀ဝ ဈေးမှာ ကျပ် ၂၁၅၀ဝ၀ဝ ၊ ကရင်စပါးဈေးမှာ ကျပ် ၂၀ဝ၀ဝ၀ဝ ၊ ရတနာတိုးစပါးမှာ ကျပ် ၁၇၃၀ဝ၀ဝ၊ ဗီယက်နမ်စပါးမှာ ကျပ် ၁၆၅၀ဝ၀ဝ၊ ျွွှ ၁၁ မှာ ကျပ် ၁၆၅၀ဝ၀ဝ ၊ ထိုင်းနှံကောက်စပါးမှာ ကျပ် ၁၇၀ဝ၀ဝ၀ နှင့် ဆင်းသုခစပါးဈေးမှာ ကျပ် ၁၇၀ဝ၀ဝ၀ ဖြင့် အရောင်းအဝယ်ရှိခဲ့သည်။ ဆန်ဈေးများမှာ မှော်ဘီ၁၀၈ပေါင် တစ်အိတ် လျှင် ကျပ် ၈၀ဝ၀ဝ၊ ရတနာတိုးဆန်တစ်အိတ်လျှင် ကျပ် ၆၈၀ဝ၀၊ ကရင်မဆန်တစ်အိတ်လျှင် ကျပ် ၇၅၀ဝ၀ ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ၂၀၂၅ ခုနှစ်၊ မတ်လတွင် မှော်ဘီစပါးတင်း ၁၀ဝ လျှင် ကျပ် ၁၇၄၈၀ဝ၀ ၊ ရတနာတိုးစပါးမှာ ကျပ် ၁၆၅၆၀ဝ၀၊ ထိုင်းနှံကောက်စပါးမှာ ကျပ် ၁၇၄၀ဝ၀ဝ ၊ ကရင်မစပါးမှာ ကျပ် ၁၅၆၄၀ဝ၀ ဈေးဖြင့် အရောင်းအဝယ်ရှိပြီး ဆန်ဈေးမှာ မှော်ဘီ တစ်အိတ်လျှင် ကျပ် ၇၅၀ဝ၀၊ နှံကောက် ဆန်တစ်အိတ်လျှင် ကျပ် ၇၀ဝ၀ဝ၊ ကရင်မဆန် တစ်အိတ်လျှင် ကျပ် ၇၀ဝ၀ဝ ဈေးဖြင့် အရောင်းအဝယ်ရှိသည်။
လွင်လွင်ဆန်း (ပြည်)