Main menu

Background

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး၊ ဆန်ဈေးနှုန်းများ အခြေအနေ

Wed, 04/09/2025 - 10:57 -- journal_editor

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း  မတ်လ စတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ  ရွှေဘိုခရိုင်နှင့် ရေဦးခရိုင်တွင်  ရွှေဘိုပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀ဝလျှင် ကျပ် ၃၆၀ဝ၀ဝ၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ ပြည် ပါ တစ်အိတ်လျှင် ကျပ် ၁၃၅၀ဝ၀၊ ဧရာမင်း  (စပါး)(သစ်)  တင်း ၁၀ဝ လျှင် ကျပ် ၂၃၀ဝ၀ဝ၀ ဧရာမင်း ဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်  ၁၁၀ဝ၀ဝ ဖြင့်  အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရသည်။
ကလေးခရိုင်တွင် ဧည့်မထ(စပါး)(ဟောင်း) တင်း၁၀ဝ လျှင် ကျပ် ၂၇၀ဝ၀ဝ၀ ၊ဧည့်မထ (ဆန်)(ဟောင်း) ‌၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၅၀ဝ၀၊ ဧည့်မထ(စပါး)(သစ်) တင်း၁၀ဝ လျှင်  ကျပ် ၁၇၀ဝ၀ဝ၀၊ ဧည့်မထ (ဆန်)(သစ်) ‌၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၈၀ဝ၀၊ ငစိန်(စပါး) (ဟောင်း) တင်း ၁၀ဝ လျှင် ကျပ်၂၀ဝ၀ဝ၀ဝ၊ ငစိန် (ဆန်)(ဟောင်း)၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၇၅၀ဝ၀၊ ဧရာမင်း(စပါး)(ဟောင်း) တင်း ၁၀ဝ လျှင် ကျပ် ၃၀ဝ၀ဝ၀ဝ၊ ဧရာမင်း(ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝ၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀ဝ လျှင် ကျပ် ၂၁ယဝ၀ယဝ၀ဝ၊ ဧရာမင်း(ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၃၀ဝ၀ ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရ သည်။
ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် ဆင်း ဧကရီ(၃)(စပါး)(ဟောင်း)  တင်း၁၀ဝ လျှင် ကျပ် ၂၀ဝ၀ဝ၀ဝ၊ ဆင်းဧကရီ-၃ ဆန်  ၂၄ ပြည် တစ် အိတ်လျှင် ကျပ် ၉၁၀ဝ၀၊ ဆင်းဧကရီ(၃)(စပါး)(သစ်)တင်း ၁၀ဝ လျှင် ကျပ် ၁၆၀ဝ၀ဝ၀၊  ဆင်း ဧကရီ-၃ ဆန်(သစ်)  ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၈၀ဝ၀ဝ၊ ဧရာမင်း(စပါး) (ဟောင်း) တင်း ၁၀ဝ လျှင် ကျပ် ၂၈၀ဝ၀ဝ၀၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၃၂၀ဝ၀  ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
မုံရွာခရိုင် မုံရွာမြို့တွင် ဧရာမင်း(စပါး)(ဟောင်း) တင်း ၁၀ဝ လျှင် ကျပ် ၂၈၅၀ဝ၀ဝ၊  ဧရာ မင်း (ဆန်)(‌ဟောင်း) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၃၅၀ဝ၀၊ ဧရာမင်း (စပါး) (သစ်) တင်း ၁၀ဝ လျှင် ကျပ် ၂၄၅၀ဝ၀ဝ၊ ဧရာမင်း ဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝ၊ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀ဝ လျှင် ကျပ် ၃၆၀ဝ၀ဝ၀၊ ရွှေဘိုပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၁၃၅၀ဝ၀၊ မနောသုခ (စပါး)(သစ်)တင်း ၁၀ဝ လျှင် ကျပ် ၁၈၀ဝ၀ဝ၀၊  မနောသုခ (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်လျှင်  ကျပ် ၈၀ဝ၀ဝ၊ ရွှေဝါထွန်း (စပါး)(သစ်)တင်း ၁၀ဝ လျှင် ကျပ် ၂၁၀ဝ၀ဝ၀၊  ရွှေဝါထွန်း (ဆန်)(သစ်) ၂၄ပြည် တစ် အိတ်လျှင် ကျပ် ၈၅၀ဝ၀၊ ရွှေသွယ်ရင်  (စပါး)(သစ် ) တင်း ၁၀ဝ လျှင် ကျပ် ၁၈၀ဝယဝ၀ဝ၊  ရွှေသွယ်ရင် (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၇၈၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ်မှ   ထုတ်ပြန်သည့် စိုက်ပျိုးသူ တောင်သူ များအပါအဝင် ကုန်သွယ်ရောင်းဝယ်သို လှောင်ကြသူများအထိ သင့်တင့်မျှတသော ရည် ညွှန်းဈေးနှုန်းများအ‌ပေါ် မူတည်၍ ယခု မတ်လ စတုတ္ထပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စပါး/ ဆန်ဈေးနှုန်းများမှာ  ယခင်တစ်ပတ်အတိုင်း ဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း သိရသည်။ 

 

 ခင်မို့မို့ငြိမ်း(မုံရွာ)