Main menu

Background

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဧပြီနောက်ဆုံးပတ်က ဖြစ်ပေါ်ခဲ့သော စပါး၊ ဆန်ဈေးနှုန်းများ အခြေအနေ

Mon, 05/05/2025 - 10:16 -- journal_editor

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဧပြီလစတုတ္ထပတ်တွင် ဖြစ်ပေါ်နေ သော စပါး၊ ဆန်ဈေးနှုန်းများမှာ  ရွှေဘိုပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀ဝ လျှင် ကျပ် ၃၉၀ဝ၀ဝ၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၄၀ဝ၀ဝ၊ ဧရာမင်း  (စပါး)(သစ်)  တင်း ၁၀ဝ လျှင် ကျပ် ၂၃၀ဝ၀ဝ၀၊ ဧရာမင်း ဆန်(သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၁၅၀ဝ၀ ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရသည်။
ရေဦးမြို့နယ်တွင် ပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀ဝ လျှင် ကျပ် ၃၈၀ဝ၀ဝ၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ ပြည်ပါ  တစ်အိတ်လျှင် ကျပ် ၁၃၅၀ဝ၀ ၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀ဝလျှင် ကျပ် ၂၃၀ဝ၀ဝ၀၊ ဧရာမင်း ဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်  ၁၁၅၀ဝ၀ အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။
ဧည့်မထ(စပါး)(သစ်) တင်း၁၀ဝ လျှင် ကျပ် ၁၇၀ဝ၀ဝ၀ ၊ဧည့်မထ (ဆန်)(သစ်) ‌၂၄ ပြည်ပါ တစ်အိတ် ကျပ် ၆၈၀ဝ၀၊ ငစိန်(စပါး) (ဟောင်း) တင်း၁၀ဝလျှင် ကျပ်၂၀ဝ၀ဝ၀ဝ၊ ဧရာ မင်း(စပါး)(သစ်) တင်း ၁၀ဝ လျှင် ကျပ် ၂၁၀ဝ၀ဝ၀၊ ဧရာမင်း(ဆန်)(သစ်) ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၈၃၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ဆင်းဧကရီ(၃)(စပါး)(သစ်)  တင်း၁၀ဝ လျှင် ကျပ် ၁၆၀ဝ၀ဝ၀၊ ဆင်း ဧကရီ-၃ ဆန်(သစ်)  ၂၄ ပြည်တစ်အိတ် ကျပ် ၈၀ဝ၀ဝ၊ ဧရာမင်း(စပါး) (ဟောင်း) တင်း ၁၀ဝလျှင် ကျပ် ၂၈၀ဝ၀ဝ၀၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၃၂၀ဝ၀ ဖြင့်အရောင်းအဝယ်ဖြစ် နေကြောင်း သိရသည်။
မုံရွာမြို့တွင် ဧရာမင်း(စပါး)(ဟောင်း) တင်း ၁၀ဝ လျှင် ကျပ် ၂၈၅၀ဝ၀ဝ၊  ဧရာမင်း (ဆန်)(‌ဟောင်း) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၁၃၅၀ဝ၀၊ ဧရာမင်း (စပါး) (သစ်) တင်း ၁၀ဝ လျှင် ကျပ် ၂၅၀ဝ၀ဝ၀၊  ဧရာမင်း ဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၅၀ဝ၀ ၊  ရွှေဘိုပေါ်ဆန်း(စပါး)(သစ်)  တင်း ၁၀ဝ လျှင် ကျပ် ၃၈၀ဝ၀ဝ၀၊ ရွှေဘိုပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည် တစ် အိတ်လျှင် ကျပ် ၁၄၀ဝ၀ဝ၊ မနောသုခ (စပါး) (သစ်)တင်း ၁၀ဝ လျှင် ကျပ် ၁၉၀ဝ၀ဝ၀၊  မနောသုခ (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၈၀ဝ၀ဝ၊ ရွှေဝါထွန်း (စပါး)(သစ်)တင်း ၁၀ဝ လျှင် ကျပ် ၂၁၀ဝ၀ဝ၀၊ ရွှေဝါထွန်း (ဆန်) (သစ်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၈၅၀ဝ၀၊ ရွှေသွယ်ရင် (စပါး)(သစ်) တင်း ၁၀ဝ လျှင် ကျပ် ၂၀ဝ၀ဝ၀ဝ၊  ရွှေသွယ်ရင် (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၈၀ဝ၀ဝ ဖြင့် အရောင်းအဝယ် ဖြစ်နေသည်။
 မြန်မာနိုင်ငံ  ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်သည့် စိုက်ပျိုးသူ တောင်သူများ အပါအဝင် ကုန်သွယ် ရောင်းဝယ် သိုလှောင်ကြသူများအထိ သင့်တင့်မျှတသော ရည်ညွှန်းဈေးနှုန်းများအ‌ပေါ်  မူတည်၍ ယခု ဧပြီလ စတုတ္ထပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေဘိုမြို့နယ်မှ ရွှေဘို ပေါ်ဆန်း စပါး၊ ဆန်ဈေးနှုန်းနှင့် မုံရွာမြို့နယ်မှ ရွှေသွယ်ရင်၊ မနောသုခ စပါး၊ ဆန် (သစ်) ဈေးနှုန်းများမှာ ‌ဈေးကွက်အတွင်း ဝယ်လက်များနေချိန် ဖြစ်သောကြောင့်  ဧပြီလ ဒုတိယပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်း အနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရသည်။ 

 

ခင်မို့မို့ငြိမ်း (မုံရွာ)