Main menu

Background

မြန်အောင်ခရိုင်တွင် နွေစပါးများ စတင်ထွက်ရှိ

Mon, 05/05/2025 - 10:18 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး   မြန် အောင်ခရိုင်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာ နှစ် နွေစပါးစိုက်ပျိုးမှုမှာ    မြန်အောင် မြို့နယ်တွင် ၁၀၁၇၈ ဧက၊ ကြံခင်းမြို့ နယ်တွင် ၂၄၄၆ ဧက၊  အင်္ဂပူမြို့နယ်တွင် ၂၆၂၈၆ ဧကနှင့် စုစုပေါင်းဧက၃၈၉၁၀ စိုက်ပျိုးခဲ့ပြီး   ၂၀၂၃-၂၀၂၄ ဘဏ္ဍာ နှစ်ထက် ၁၅၅၆ ဧက  ပိုမိုစိုက်ပျိုးခဲ့ သည်။ မြန်အောင်ခရိုင်မှ နွေစပါးစိုက် တောင်သူများအနေဖြင့် နန်ကသူဆည်၊ ကညင်ဆည်၊ မမြဆည်တို့မှ ဆည်ရေရ ရှိပြီး အောင်ရေအတွက် လိုအပ်ပါက စက်ရေတွင်းဖြင့် ရေတင်စိုက်ပျိုးကြ သည်။  ပခန်း၊ ဒဂုံသွယ်၊ ျွွှ ၁၁ ၊ ရက် ၉၀၊ ဆာဖိုးသာနှင့် နှံကောက်စပါးမျိုး များကို အများဆုံး စိုက်ပျိုးကြသည်။
ဧပြီလ  တတိယပတ်တွင် စတင် ရိတ်သိမ်းကြပြီး တစ်ဧကလျှင် ပျမ်းမျှ တင်း ၁၂၀ မှ ၁၅၀ ကြား ထွက်ရှိသည့် အတွက် နွေစပါးစိုက်  တောင်သူများ တွက်ခြေကိုက်လျက်ရှိသည်။ အစိုဓာတ် ၂၃ ရာနှုန်းဝန်းကျင်ရှိ    နွေစပါး ၅၁ ပေါင် တင်း ၁၀ဝ လျှင် ကွင်းအထိုင်ဈေး ကျပ် ၁၁ သိန်းခန့်ရှိပြီး         ဆန်စက် အရောက်ဈေးမှာ ကျပ် ၁၂ သိန်း ဝန်း ကျင်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိ သည်။ ယခင်နှစ်   ကာလတူ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နွေစပါး တင်း(၁၀ဝ) ပေါက်ဈေး ၁၆ သိန်းကျပ်နှင့် နှိုင်းယှဉ် ပါက ကျပ် လေးသိန်းခန့် လျော့နည်း လျက်ရှိသည်။ 
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နွေ စပါး စိုက်ပျိုးခြင်းအတွက် မျိုး၊ ထွန် ယက်ခ၊ စိုက်ခ၊ သွင်းအားစု၊ ရေတင်ခ၊ ရိတြွေ်ခခ  အပါအဝင် တစ်ဧက စုစု ပေါင်း ကုန်ကျ စရိတ်မှာ ကျပ်ရှစ်သိန်းခွဲ ခန့်ရှိသည်။ တစ်ဧက ပျမ်းမျှ ထွက်နှုန်း တင်း ၁၂၀ ကို စက်အရောက် စပါးတင်း ၁၀ဝ ဈေး ကျပ် ၁၂သိန်းနှင့်တွက်ပါ က ကျပ် ၁၄၄၀ဝ၀ဝ  ခန့် ရရှိသည့်အတွက် တစ်ဧကလျှင်   ကျပ်ခြောက်သိန်းခန့် အကျိုးအမြတ် ရလျက်ရှိသည်။
နွေစပါးသည် လိုအပ်သောရေ  ူနလနူ ကို ထိန်းညှိနိုင်ခြင်း၊ သွင်းအားစု ကို  စနစ်တကျ ထည့်သွင်းခြင်း၊    နေ ရောင်ခြည်လုံလောက်စွာ  ရရှိခြင်းတို့ ကြောင့်  တစ်ဧက တင်း ၁၀ဝ ကျော် ထွက်ရှိနိုင်သည့်အတွက် တောင်သူတို့ တွက်ခြေကိုက် အကျိုးရှိသော စိုက်ပျိုး မှုဖြစ်ကြောင်း သိရသည်။ 

 

အိရတနာစိုး