Main menu

Background

မကွေးတိုင်းဒေသကြီးတွင် ဖြစ်ပေါ်လျက်ရှိသော စပါး၊ ဆန်ဈေးနှုန်းနှင့် စီးဝင်မှုအခြေအနေ

Mon, 06/02/2025 - 11:24 -- journal_editor

မကွေးတိုင်းဒေသကြီးသည် စပါးကိုဆည်ရေရရှိသော တောင်တွင်းကြီး၊ မြို့သစ်နှင့် ဧရာဝတီမြစ်အနောက်ဘက်ရှိ ပွင့်ဖြူနှင့် စလင်းမြို့များတွင် အများအပြားစိုက်ပျိုးကြသော် လည်း ဆန်လိုတိုင်းဒေသကြီးဖြစ်၍ စပါးအဓိကစိုက်ပျိုးထွက် ရှိရာ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တင်းသွင်းရ သည်။
မကွေးတိုင်းဒေသကြီးအတွင်း  ဧရာပဒေသာစပါးကို အဓိက စိုက်ပျိုးကြပြီး မေလနောက်ဆုံးပတ်တွင် ဖြစ်ပေါ် နေသော စပါးဈေးနှုန်းများမှာ ဧည့်မထတစ်တင်းလျှင် ကျပ် ၁၇၀ဝ၀၊ ဆန်ဈေးနှုန်းများမှာ မကွေးခရိုင်တွင် ပေါ်ဆန်းမွှေး ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၁၄၈၀ဝ၀ ၊ ဧရာ ပဒေသာ ကျပ် ၁၃၅၀ဝ၀၊ မနောသုခ   ကျပ် ၈၀ဝ၀ဝ၊  ရတနာတိုး  ကျပ် ၇၀ဝ၀ဝ၊  မင်းဘူးခရိုင်တွင်  ပေါ်ဆန်းမွှေး ကျပ် ၁၄၅၀ဝ၀၊ ဧရာပဒေသာ ကျပ် ၁၃၀ဝ၀ဝ၊ မနောသုခ ကျပ် ၈၀ဝ၀ဝ၊ ရတနာတိုး ကျပ် ၇၀ဝ၀ဝ၊ သရက်ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၅၅၀ဝ၀၊  ဧရာပဒေသာ  ကျပ် ၁၃၀ဝ၀ဝ၊ မနောသုခ ကျပ် ၈၁၀ဝ၀၊  အောင်လံခရိုင်တွင်  ပေါ်ဆန်းမွှေး ကျပ် ၁၅၅၀ဝ၀၊ ဧရာပဒေသာ ကျပ် ၁၀၇၀ဝ၀၊ မနောသုခ ကျပ် ၈၂၀ဝ၀၊ ရတနာတိုး ကျပ် ၇၂၀ဝ၀၊ ချောက်ခရိုင်တွင် ပေါ် ဆန်းမွှေး  ကျပ် ၁၅၀ဝ၀ဝ၊ ဧရာပဒေသာ ကျပ် ၁၃၉၀ဝ၀၊ မနောသုခ ကျပ် ၈၅၀ဝ၀၊  ရတနာတိုး ကျပ် ၇၂၀ဝ၀၊ ပခုက္ကူ ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၄၀ဝ၀ဝ၊ ဧရာပဒေသာ ကျပ် ၁၄၀ဝ၀ဝ၊ မနောသုခ ကျပ် ၈၅၀ဝ၀၊ ရတနာတိုး ကျပ် ၇၃၀ဝ၀၊ ဂန့်ဂေါခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၅၉၀ဝ၀၊ ဧရာပဒေသာ ကျပ် ၁၄၅၀ဝ၀၊ မနောသုခ ကျပ် ၁၁၀ဝ၀ဝ တို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊    မေလတွင်  ယခင်လထက် မကွေးခရိုင်တွင် ပေါ်ဆန်းမွှေးတစ်အိတ်လျှင်  ကျပ် ၃၀ဝ၀၊ အောင်လံခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၅၀ဝ ၊ ပခုက္ကူခရိုင် တွင် ဧရာပဒေသာ ကျပ် ၁၀ဝ၀ ဈေးနှုန်းမြင့်တက်ခဲ့ပြီး မကွေး ခရိုင်တွင် မနောသုခ ကျပ်၁၁၀ဝ၀၊  ရတနာတိုး ကျပ် ၂၀ဝ၀၊ မင်းဘူးခရိုင်တွင် ဧရာပဒေသာ ကျပ် ၃၀ဝ၀၊ မနောသုခ ကျပ် ၁၇၀ဝ၀ ရတနာတိုး ကျပ် ၅၀ဝ၀၊ အောင်လံခရိုင်တွင် မနော သုခ ကျပ်၁၈၀ဝ၀၊ ရတနာတိုး ကျပ်၁၂၀ဝ၀၊  ချောက်ခရိုင်တွင် မနောသုခ ကျပ်၇၀ဝ၀၊ ရတနာတိုး ကျပ် ၆၀ဝ၀၊ ပခုက္ကူခရိုင် တွင် ပေါ်ဆန်းမွှေး ကျပ် ၁၀ဝ၀ဝ၊ မနောသုခ ကျပ် ၁၅၀ဝ၀၊ ရတနာတိုး  ကျပ် ၇၀ဝ၀ ဈေးနှုန်းကျဆင်းခဲ့ကြောင်း  သိရ သည်။ 
၂၀၂၅ ခုနှစ်၊ မေ ၁ ရက်မှ ၂၅ ရက်အထိ မကွေးတိုင်း ဒေသကြီးသို့ အခြားတိုင်း ဒေသကြီး/ ပြည်နယ်များမှ ဆန်စီး ဝင်မှုမှာ စပါးအဓိကစိုက်ပျိုးထွက်ရှိသည့် ဧရာဝတီတိုင်းဒေသ ကြီးမှ ဆန် ၄၄၈၁၁ အိတ်၊ ရန်ကုန်တိုင်းဒေသကြီးမှ ဆန်အိတ် ၅၉၇၅၊ ပဲခူးတိုင်းဒေသကြီးမှ ဆန် ၇၈၅၈ အိတ်၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ ဆန်အိတ် ၆၈၈၀၊  မန္တလေးတိုင်းဒေသကြီးမှ ဆန်အိတ်ရေ ၂၀၉၄၀၊ စုစုပေါင်းဆန်အိတ်ရေ ၈၆၄၆၄ အိတ်၊ တန်ချိန် ၄၃၂၃ ဒသမ ၁၅ တန် စီးဝင်ခဲ့ကြောင်း သိရှိရသည်။ 

 

ရဲမင်းသာ (မကွေး)