Main menu

Background

ဧရာဝတီတိုင်းဒေသကြီး ဆန်/စပါးဈေးကွက်နှင့် ဈေးနှုန်း

Mon, 06/02/2025 - 11:26 -- journal_editor

ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ဆန်စပါးအများဆုံး စိုက်ပျိုးထုတ်လုပ်လျက်ရှိသော တိုင်းဒေသကြီး တစ်ခု ဖြစ်ပြီး နှစ်စဉ်မိုးစပါး၊ နွေစပါးစိုက်ဧက ၅၂သိန်းကျော် စိုက်ပျိုးလျက်ရှိရာ ဒေသတွင်း စားသုံးမှုဖူလုံရေးသာမက  ပိုလျှံသည့် ဆန်နှင့် ဆန်ထွက် ပစ္စည်းများကို ပြည်ပဈေးကွက်နှင့် အခြားတိုင်းဒေသကြီး ပြည်နယ်များ သို့လည်း လစဉ်တင်ပို့ရောင်းချလျက်ရှိသည်၊
ပုသိမ်ခရိုင်အတွင်းရှိ ပုသိမ်၊ ကန်ကြီးထောင့်၊  ငပုတောမြို့နယ် များတွင် မေလအတွင်း လူနည်းစုစားသုံးလျက်ရှိသော ပေါ်ဆန်းစပါးတင်း ၁၀ဝ လျှင် ကျပ် ၂၁ သိန်းမှ ၂၂ သိန်း၊ ပေါ်ဆန်းဆန်တစ်အိတ်လျှင် ကျပ် ၁၀၆၀ဝ၀၊ ပုသိမ်၊ ကန်ကြီးထောင့်၊ ငပုတော၊ သာပေါင်း၊ ရေကြည်၊ ကျောင်းကုန်း၊ ကျုံပျော်မြို့နယ်များတွင် လူအများစု စားသုံးလျက်ရှိသော ဧည့်မထ မိုးစပါး တင်း ၁၀ဝလျှင် ကျပ်  ၁၄ သိန်းမှ ၁၅ သိန်း၊  ဆန်တစ် အိတ်လျှင် ကျပ် ၆၅၀ဝ၀-၇၀ဝ၀ဝ အတွင်း အရောင်းအဝယ်ဖြစ်နေပြီး ဒေသတွင်းနှင့် ပြည်တွင်းဈေးကွက်အနေဖြင့် ရန်ကုန်နှင့် အထက်အညာ ဒေသများ၊ ဆန်လိုသည့် တိုင်းများသို့လည်း လစဉ်တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။  ခရိုင်အတွင်း မြို့နယ်တစ်ခုနှင့်တစ်ခု စပါး၊ ဆန် အရည်အသွေး၊ ဈေးကွက်ဖွံ့ဖြိုးမှု၊ ဝယ်လိုအားပေါ်မူတည်၍ ဈေးနှုန်း အနည်းငယ် ကွာခြားမှုရှိပြီး အရောင်းအဝယ် ပုံမှန်ဖြစ်နေကြောင်း ဈေး ကွက်မှ သိရသည်၊
ဟင်္သာတခရိုင်အတွင်းရှိ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ မြန်အောင်၊ အင်္ဂပူ၊ ကြံခင်းမြို့နယ်များတွင် ပေါ်ဆန်းစပါးစိုက်ပျိုးမှု အနည်းငယ်သာ ရှိပြီး အဓိကမိုးဧည့်မထစပါးများသာ စိုက်ပျိုးကြသည်။ မေလအတွင်း မိုးဧည့်မထ စပါးတင်း ၁၀ဝ လျှင် ကျပ် ၁၃သိန်းမှ ၁၅သိန်း၊ ဈေးဆန်တစ် အိတ်လျှင် ကျပ် ၆၃၀ဝ၀-၆၄၀ဝ၀ အတွင်း အရောင်းအဝယ်ဖြစ်နေသည်။ ဧပြီလနှင့် မေလအတွင်း ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ဟင်္သာတခရိုင်အတွင်း အဓိက ဈေးကွက်မှာ ဒေသတွင်းနှင့် ရန်ကုန်အထက် အညာဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ဟင်္သာတခရိုင် ဆန်စပါးဈေးကွက်မှ သိရ သည်၊
မြောင်းမြခရိုင်အတွင်းရှိ မြောင်းမြ၊ ဝါးခယ်မ၊ လပွတ္တာ၊ မော်လမြိုင် ကျွန်းမြို့နယ်များတွင် ပေါ်ဆန်းစပါးတင်း ၁၀ဝ လျှင် ကျပ် ၂၃၀ဝ၀ဝ၀၊ ပေါ်ဆန်းဆန်တစ်အိတ်လျှင်ကျပ် ၁၀၅၀ဝ၀-၁၀ဝ၀ဝ၀ ဈေးနှင့် မိုးဧည့်မထ စပါးတင်း ၁၀ဝ လျှင် ကျပ် ၁၄ သိန်း၊ ၁၅ သိန်း၊ ဆန်တစ်အိတ်လျှင် ကျပ် ၇၀ဝ၀ဝ- ၇၅၀ဝ၀ ဈေးဖြင့် ဈေးကွက်အတွင်း ပုံမှန်အရောင်းအဝယ်ဖြစ် လျက်ရှိသည်။ မြောင်းမြခရိုင်မှ ထွက်ရှိသော ဆန်၊ ဆန်ထွက်ပစ္စည်းများကို ရန်ကုန်မြို့နှင့် အညာဒေသသို့ အဓိကတင်ပို့လျက်ရှိပြီး ဧပြီလနှင့် မေလ                      အတွင်း  ဈေးနှုန်းအတက်အကျမရှိကြောင်း မြောင်းမြခရိုင် ဆန်စပါး ဈေးကွက်မှ သိရသည်၊
မအူပင်ခရိုင်   မအူပင်မြို့နယ်တွင်သာ  ပေါ်ဆန်းထွက်ရှိပြီး ပေါ်ဆန်စပါးတင်း ၁၀ဝလျှင် ကျပ် ၂၃၂၀ဝ၀ဝ၊ ဆန်တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ဝ၀ နှင့် မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့ နယ်များတွင် ဧည့်မထစပါးတင်း ၁၀ဝ လျှင် ကျပ် ၁၅သိန်း၊ ဆန်တစ် အိတ်လျှင် ကျပ် ၇၀ဝ၀ဝ ဈေးဖြင့် အဓိကရန်ကုန်ဈေးကွက်နှင့် အထက်အညာဒေသများ သို့ တင်ပို့ရောင်းချလျက်ရှိပြီး အရောင်းအဝယ် ပုံမှန်ဖြစ်လျက်ဈေးနှုန်း လည်း တည်ငြိမ်လျက်ရှိကြောင်း  မအူပင်ခရိုင် ဆန်စပါးဈေးကွက်မှ သိရ သည်။ 
ဖျာပုံခရိုင်အတွင်းရှိ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲမြို့နယ် များတွင် ပေါ်ဆန်းစပါး တင်း ၁၀ဝ လျှင် ကျပ် ၂၃၈၀ဝ၀ဝ၊ ဆန်တစ်အိတ် လျှင် ကျပ် ၁၀၅၀ဝ၀-၁၁၀ဝ၀ဝ ဈေးနှင့် မိုးဧည့်မထစပါးတင်း ၁၀ဝ လျှင် ကျပ် ၁၄၇၀ဝ၀ဝ၊ ဆန်တစ်အိတ်လျှင် ကျပ် ၆၆၀ဝ၀-၆၇၀ဝ၀ အတွင်း အရောင်းအဝယ်ဖြစ်နေသည်။ ဖျာပုံခရိုင်မှ ရန်ကုန်၊ တနင်္သာရီတိုင်း ဒေသကြီး နှင့် အထက်အညာဒေသများသို့လည်း တင်ပို့ရောင်းချလျက်ရှိပြီး ပုံမှန်အရောင်းအဝယ်ဖြစ်နေကြောင်း ဆန်စပါးဈေးကွက်မှ သိရသည်၊
ဧရာဝတီတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီး ထွက်မှုမှာ မတ်လတွင် အိတ်ရေ ၁၅၂၅၁၆၉ စီးထွက်ခဲ့ပြီး ဧပြီလ ရုံးပိတ် ရက်များသော ကာလတွင် အိတ်ရေ ၁၂၇၅၂၈၆ အိတ်စီး ထွက်ခဲ့သည်၊ မေလအတွင်း ဆန်စီးထွက်မှုမှာ ၂၄ ရက်အထိ အိတ်ရေ ၁၂၇၉၅၁၀ စီး ထွက်ခဲ့ကြောင်း သိရသည်၊

 

ဧရာမြေ(ပသ)