Main menu

Background

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး၊ ဆန်ဈေးနှုန်းများ အခြေအနေ

Mon, 07/07/2025 - 13:44 -- journal_editor

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဇွန်လနောက်ဆုံးပတ် တွင် ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင် တွင် ရေဘိုပေါ်ဆန်း (စပါး)(သစ်) တင်း ၁၀ဝ လျှင် ကျပ် ၄၅၀ဝ၀ဝ၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၅၀ဝ၀ဝ၊ ဧရာမင်း (စပါး)(သစ်)  တင်း ၁၀ဝလျှင် ကျပ် ၂၅၀ဝ၀ဝ၀၊ ဧရာမင်း ဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်  ၁၂၅၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရ သည်။
ရေဦးခရိုင်တွင် ပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀ဝ လျှင် ၄၅၀ဝ၀ဝ၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ ပြည်ပါ တစ် အိတ်လျှင် ကျပ် ၁၅၀ဝ၀ဝ၊ ဧရာမင်း (စပါး)(သစ်)  တင်း ၁၀ဝ လျှင် ကျပ် ၂၅၀ဝ၀ဝ၀၊ ဧရာမင်းဆန် (သစ်) ၂၄ ပြည်ပါ တစ် အိတ်လျှင် ကျပ်  ၁၂၅၀ဝ၀ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ကလေးခရိုင်တွင် ဧည့်မထ(စပါး)(သစ်) တင်း ၁၀ဝ လျှင် ကျပ် ၁၇၀ဝ၀ဝ၀၊ ဧည့်မထ (ဆန်)(သစ်) ‌၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၈၀ဝ၀၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀ဝ လျှင် ကျပ် ၂၁၀ဝ၀ဝ၀၊ ဧရာမင်း(ဆန်)(သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၅၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရသည်။
မုံရွာခရိုင်တွင် ဧရာမင်း(စပါး)(ဟောင်း) တင်း ၁၀ဝ လျှင် ကျပ် ၂၈၅၀ဝ၀ဝ၊  ဧရာမင်း (ဆန်)(‌ဟောင်း) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၁၃၅၀ဝ၀၊ ဧရာမင်း (စပါး) (သစ်) တင်း ၁၀ဝ လျှင် ကျပ် ၂၆၀ဝ၀ဝ၀၊ ဧရာမင်းဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၃၀ဝ၀ဝ၊ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀ဝ လျှင် ကျပ် ၄၅၀ဝ၀ဝ၀၊ ရွှေဘိုပေါ်ဆန်း (ဆန်)(သစ်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၅၀ဝ၀ဝ၊ မနောသုခ (စပါး)(သစ်)တင်း ၁၀ဝ လျှင် ကျပ် ၁၉၀ဝ၀ဝ၀၊  မနောသုခ (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၈၃၀ဝ၀၊ ရွှေဝါ ထွန်း (စပါး)(သစ်)တင်း ၁၀ဝ လျှင် ကျပ် ၂၁၀ဝ၀ဝ၀၊  ရွှေဝါ ထွန်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်လျှင်  ကျပ် ၉၀ဝ၀ဝ၊ ရွှေသွယ်ရင်  (စပါး)(သစ် ) တင်း ၁၀ဝ လျှင် ကျပ် ၂၀ဝ၀ဝ၀ဝ၊  ရွှေသွယ်ရင် (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၈၃၀ဝ၀ ဖြင့် အရောင်းအဝယ် ဖြစ်နေပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်မှ ထုတ်ပြန်သည့် စိုက်ပျိုးသူတောင်သူများ အပါအဝင် ကုန်သွယ် ရောင်းဝယ်သိုလှောင်ကြသူများအထိ သင့်တင့်မျှတ သော ရည်ညွှန်းဈေးနှုန်းများအ‌ပေါ် မူတည်၍ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ရွှေဘိုမြို့နယ်နှင့် မုံရွာမြို့နယ်တို့မှ ရွှေဘို ပေါ် ဆန်း (စပါး)ဈေးနှုန်းမှာ ဝယ်လက်များနေ ချိန်ဖြစ်သော ကြောင့်  ဈေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရ သည်။ 

 

ငြိမ်းကို (မုံရွာ)