မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပခုက္ကူမြို့သည် ဆန်စပါး စိုက် ဧက နည်းပြီး ဆန်လိုအပ်သော ဒေသတစ်ခုဖြစ်ပြီး အခြားတိုင်းဒေသကြီး များမှ ဆန်တင်သွင်းရသော မြို့လည်းဖြစ်သည်။ ပခုက္ကူမြို့သို့ ဆန်တင် သွင်းသောဒေသများမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်၊ မြောင်းမြ၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ရွှေဘို၊ မကွေးတိုင်းဒေသကြီး အတွင်းရှိ ဆင်ဖြူကျွန်း၊ စလင်း၊ ပွင့်ဖြူ၊ ကုန်းဆောင်းဒေသများမှ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ပခုက္ကူမြို့၏ လူအများဆုံး စားသုံးသောဆန်များမှာ ဧရာပဒေသာ (မြောင်းမြ)၊ ဧရာပဒေသာ(စလင်း)၊ အမေ့နို့ရည်၊ ကုန်းဆောင်း၊ မနော သုခ၊ ဖန်သီး(ရှယ်)တို့မှာ လူကြိုက်အများဆုံး ဆန်များဖြစ်ကြသည်။ ယခင်က ပခုက္ကူခရိုင်အတွင်းသို့ ဧရာဝတီတိုင်းဒေသကြီးမှ ရေလမ်းခရီး ဖြင့် နေ့စဉ် ဆန်ဝင်ရောက်မှုမှာ တစ်ရက်လျှင် အိတ်ရေ ၁၂၀ဝ၀ ရှိပြီး ယခုအချိန်တွင် တစ်ပတ်လျှင် အိတ်ရေ ၁၂၀ဝ၀-၁၃၀ဝ၀ ၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ တစ်ရက်လျှင် အိတ်ရေ ၁၀ဝ၀ ဝင်ရောက်လျက်ရှိကြောင်း၊ ယခုအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ တစ်ပတ်လျှင် အိတ်ရေ ၈၀ဝ မှ ၁၂၀ဝ ထိ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ပခုက္ကူမြို့၏ ဆန်ဈေးနှုန်းအနေဖြင့် ဇွန်လ နောက်ဆုံးပတ်တွင် ဧရာပဒေသာ(မြောင်းမြ)ဟောင်း တစ်အိတ်လျှင် ကျပ် ၁၃၅၀ဝ၀၊ ကုန်း ဆောင်း တစ်အိတ်လျှင် ကျပ် ၁၄၅၀ဝ၀၊ ဖန်သီး(ရှယ်)တစ်အိတ်လျှင် ကျပ် ၉၄၀ဝ၀၊ မနောသုခ တစ်အိတ်လျှင် ကျပ်၈၇၀ဝ၀၊ ရက်(၉၀)တစ် အိတ်လျှင် ကျပ် ၉၀ဝ၀ဝ၊ ဝန်ကြီး ဧရာပဒေသာ တစ်အိတ်လျှင် ကျပ် ၁၃၅၀ဝ၀၊ အုန်းသျှစ်ကြီး တစ်အိတ်လျှင် ကျပ် ၁၂၅၀ဝ၀ ၊ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၁၆၀ဝ၀ဝ၊ သီးထပ်(ရှယ်)တစ်အိတ်လျှင် ကျပ် ၉၉၀ဝ၀၊ အမေ့နို့ရည် တစ်အိတ်လျှင် ကျပ် ၁၅၀ဝ၀ဝ တို့ဖြင့် ရောင်းချ လျက်ရှိကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။
လှိုင်ဥမ္မာဦး (ပခုက္ကူ)