ပြည်ခရိုင်အတွင်း ဖြစ်ပေါ်နေ သောမိုးစပါး/နွေစပါးဈေးနှုန်းများမှာ ပြည်မြို့နယ်တွင် မိုးစပါး (၄၆)ပေါင် တင်း ၁၀ဝ လျှင် ကျပ် ၁၅၁၆၀ဝ၀၊ နွေ စပါး တင်း ၁၀ဝ လျှင် ကျပ် ၁၂၈၀ဝ၀ဝ မိုးဆန်အဟောင်းတစ်အိတ်လျှင် မှော်ဘီ ဆန် ကျပ် ၈၀ဝ၀ဝ၊ ကျောက်ရွေးဆန် တစ်အိတ်လျှင် ကျပ် ၈၅၀ဝ၀၊ နွေဆန် သစ်များမှာ အင်းမစူပါ တစ်အိတ်လျှင် ကျပ် ၆၅၀ဝ၀၊ ကရင်မဆန် တစ်အိတ် လျှင် ကျပ် ၅၄၀ဝ၀၊မနောသုခဆန် တစ် အိတ်လျှင် ကျပ် ၆၃၀ဝ၀ ဖြင့် အရောင်း အဝယ်ရှိသည်။ ရွှေတောင်မြို့နယ်တွင် မိုးစပါး အဟောင်းဈေးမှာ (၄၆)ပေါင် တင်း ၁၀ဝ လျှင် ကျပ် ၁၅၆၀ဝ၀ဝ၊ နွေ စပါး (၄၆)ပေါင် တင်း ၁၀ဝ လျှင် ကျပ် ၁၂၄၀ဝ၀ဝ၊ ဆန်အဟောင်း တစ်အိတ် လျှင် မှော်ဘီ ကျပ် ၈၅၀ဝ၀၊ ကျောက် ရွေးဆန် တစ်အိတ်လျှင် ကျပ် ၈၅၀ဝ၀၊ နွေဆန်သစ်များဖြစ်သည့် ဧည့်မထဆန် တစ်အိတ်လျှင် ကျပ် ၆၅၀ဝ၀ ဖြင့် အရောင်းအဝယ်ရှိသည်။ ပေါက်ခေါင်း မြို့နယ်တွင် မိုးစပါးအဟောင်းမှာ ကျပ် ၁၅၆၄၀ဝ၀၊ နွေစပါးမှာ ကျပ် ၁၂၀ဝ၀ဝ၀ ဖြင့်အရောင်းအဝယ်ရှိပြီး ဆန်အဟောင်း ဈေးမှာ ကရင်မ တစ်အိတ်လျှင် ကျပ် ၇၂၀ဝ၀၊ အင်းမဆန် တစ်အိတ်လျှင် ကျပ် ၈၀ဝ၀ဝ၊ နွေဆန်သစ် တစ်အိတ် လျှင် ကျပ် ၆၀ဝ၀ဝ ဖြင့် အရောင်း အဝယ်ရှိသည်။ ပန်းတောင်းမြို့နယ်တွင် စပါးအဟောင်းမှာ ကျပ် ၁၅၆၄၀ဝ၀၊ နွေစပါးမှာ ကျပ် ၁၂၀ဝ၀ဝ၀ ဈေးရှိ သော်လည်း ပန်းတောင်းမြို့နယ်အနေ ဖြင့် နွေစပါးစိုက်ပျိုးမှု အနည်းငယ်သာ ရှိသည်။
ဆန်အဟောင်းဈေးမှာ ကျပ် ၇၃၀ဝ၀၊ နွေဆန်သစ်တစ်အိတ်လျှင် ကျပ် ၆၀ဝ၀ဝ ဖြင့် အရောင်းအဝယ် ရှိသည်။ ပြည်ခရိုင်တွင်ယခုနှစ် ၂၀၂၅-၂၀၂၆ တွင်နွေစပါးစိုက်ဧက (၃၆၅၈၂)ဧက စိုက်ပျိုးနိုင်ခဲ့သည်။ အထွက်နှုန်း အနေဖြင့် တစ်ဧကလျှင် ၁၁၂တင်းထွက် ရှိပြီး နွေစပါး စတင်ထွက်ပေါ်ချိန် တွင် စပါးတင်း ၁၀ဝ လျှင် ကျပ် ၁၀၅၀ဝ၀ဝ ဈေးဖြင့် အစိုဓာတ်ပေါ် မူတည်၍ ဈေး ပေါက်ခဲ့ပြီး ဇူလိုင်လတွင် နွေစပါးမှာ အစိုဓာတ်နည်းပါးလာခြင်း၊ စပါးလက် ကျန် နည်းလာခြင်းတို့ကြောင့် စပါးဈေး မှာ (၄၆)ပေါင် တင်း ၁၀ဝ လျှင် ကျပ် ၁၂၈၀ဝ၀ဝ အထိ ဈေးမြင့်တက်လာခဲ့ သည်။
ပြည်ခရိုင်အနေဖြင့် မိုးစပါးထက် နွေစပါးမှာ အထွက်နှုန်း ပိုမိုထွက်ရှိ သော်လည်း ဆည်ရေရရှိသော ပေါက် ခေါင်းမြို့နယ်၊ ပြည်မြို့နယ်၊ ရွှေတောင် မြို့နယ်တို့တွင်သာ စိုက်ပျိုးနိုင်သည်။ မိုးစပါးအနေဖြင့် ဆင်းသုခ၊ ရတနာတိုး၊ အင်းမရဲဘော်၊ မှော်ဘီစပါးမျိုးစေ့များ ကို အဓိကစိုက်ပျိုးပြီး နွေစပါးအနေဖြင့် ရက်(၉၀)စပါး၊ ျွွှ-၈၅ စပါးမျိုးကို စိုက် ပျိုးကြသည်။
ပြည်ခရိုင်အနေဖြင့် မိုးစပါး အဟောင်းမှာ ဈေးဖွင့်ထားရှိသော် လည်း ဈေးကွက်အတွင်းတွင် အရောင်း အဝယ်မရှိပါ။ ပြည်ခရိုင်၏ ဆန်တင်ပို့ ရောင်းချမှုအနေဖြင့် ပြီးခဲ့သည့် ဇွန်လ အတွင်း မကွေးတိုင်းသို့ ၁၂၃၆ အိတ်၊ မန္တလေးတိုင်းသို့ ၃၇၀၅ အိတ်၊ ရန်ကုန် တိုင်းသို့ ဆန်အိတ် ၁၈၀ဝ ခန့်တင်ပို့ ရောင်းချမှုရှိခဲ့ကြောင်း သိရသည်။
လွင်လွင်ဆန်း (ပြည်)