ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ဆန်စပါး အများဆုံး စိုက်ပျိုးထုတ်လုပ်လျက်ရှိသော တိုင်းဒေသကြီး တစ်ခုဖြစ်ပြီး နှစ်စဉ်မိုးစပါး၊ နွေစပါးစိုက်ဧက ၅၂သိန်းကျော် စိုက်ပျိုး လျက်ရှိရာ ဒေသတွင်း စားသုံးမှုဖူလုံရေးသာမက ပိုလျှံသည့် ဆန်နှင့် ဆန်ထွက်ပစ္စည်းများ ကို ပြည်ပဈေးကွက်နှင့် အခြား တိုင်းဒေသကြီး/ ပြည်နယ်များသို့လည်း လစဉ် တင်ပို့ရောင်းချလျက်ရှိသည်၊
ပုသိမ်ခရိုင်အတွင်းရှိ ပုသိမ်၊ ကန်ကြီးထောင့်၊ ငပုတောမြို့နယ်များ တွင် ဇူလိုင်လအတွင်း လူနည်းစုစားသုံးလျက်ရှိသော ပေါ်ဆန်းစပါး တင်း ၁၀ဝလျှင် ကျပ် ၂၃ သိန်း၊ ၂၄ သိန်းဝန်းကျင်၊ ပေါ်ဆန်းဆန် တစ် အိတ်လျှင် ကျပ် ၁၁၀ဝ၀ဝ-၁၁၆၀ဝ၀ ပုသိမ်၊ ကန်ကြီးထောင့်၊ ငပုတော၊ သာပေါင်း၊ ရေကြည်၊ ကျောင်းကုန်း၊ ကျုံပျော်မြို့နယ်များတွင် လူအများ စု စားသုံးလျက်ရှိသော ဧည့်မထ မိုးစပါး တင်း ၁၀ဝ လျှင် ကျပ် ၁၅သိန်း၊ ၁၅ သိန်းခွဲဝန်းကျင် ဆန်တစ်အိတ်လျှင် ကျပ် ၇၀ဝ၀ဝ နှင့် အရောင်း အဝယ်ဖြစ်နေပြီး ဒေသတွင်းနှင့် ပြည်တွင်း ဈေးကွက်အနေဖြင့် ရန်ကုန် နှင့် အထက်အညာ ဒေသများ ဆန်လို သည့် တိုင်းများသို့ လစဉ်တင်ပို့ ရောင်းချလျက်ရှိသည်။ ခရိုင်အတွင်း မြို့နယ်တစ်ခုနှင့်တစ်ခု စပါး၊ ဆန် အရည်အသွေး ဈေးကွက်ဖွံ့ဖြိုးမှု ဝယ်လိုအားအပေါ်မူတည်၍ ဈေး နှုန်းအနည်းငယ် ကွာခြားမှုရှိပြီး အရောင်းအဝယ်ပုံမှန်ဖြစ်နေကြောင်း ဈေးကွက်မှ သိရသည်၊
ဟင်္သာတခရိုင်အတွင်းရှိ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ မြန်အောင်၊ အင်္ဂပူ၊ ကြံခင်းမြို့နယ်များတွင် ပေါ်ဆန်းစပါးစိုက်ပျိုးမှု အနည်းငယ်သာရှိပြီး အဓိက မိုးဧည့်မထစပါးများသာ စိုက်ပျိုးလျက် ဇူလိုင်လအတွင်း မိုးဧည့်မထစပါး တင်း ၁၀ဝ လျှင် ကျပ် ၁၄ သိန်း ဝန်းကျင်နှင့် ဆန်တစ်အိတ်လျှင် ကျပ် ၆၃၀ဝ၀-၆၅၀ဝ၀ ဈေးအတွင်း အရောင်းအဝယ်ဖြစ်နေပြီး ဈေးနှုန်းအပြောင်းအလဲမရှိဘဲ တည်ငြိမ် လျက်ရှိသည်။
မြောင်းမြခရိုင်အတွင်းရှိ မြောင်းမြ၊ ဝါးခယ်မ၊ လပွတ္တာ၊ မော်လမြိုင်ကျွန်းမြို့နယ်များတွင် ပေါ်ဆန်းစပါး တင်း ၁၀ဝ လျှင် ကျပ် ၂၅ သိန်းဝန်းကျင်၊ ပေါ်ဆန်းဆန်တစ်အိတ်လျှင် ကျပ် ၁၀၅၀ဝ၀-၁၀ဝ၀ဝ၀၊ နွေဧည့်မထစပါးတင်း ၁၀ဝလျှင် ကျပ် ၁၃သိန်း- ၁၄ သိန်းဝန်းကျင် ဆန်တစ်အိတ်လျှင် ကျပ် ၅၅၀ဝ၀ - ၆၅၀ဝ၀ ဈေးဖြင့် ဈေးကွက်အတွင်း ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
မအူပင်ခရိုင် မအူပင်မြို့နယ်တွင်သာ ပေါ်ဆန်းထွက်ရှိပြီး ပေါ် ဆန်းစပါးတင်း ၁၀ဝလျှင် ကျပ် ၂၄၈၀ဝ၀ဝ၊ ဆန်တစ်အိတ်လျှင် ကျပ် ၁၁၅၀ဝ၀ ဈေးနှင့် မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူ မြို့နယ်များ တွင် ဧည့်မထစပါးတင်း ၁၀ဝလျှင် ကျပ် ၁၆ သိန်းဝန်းကျင်၊ ဆန်တစ် အိတ်လျှင် ကျပ် ၇၃၀ဝ၀ ဖြင့် အဓိက ရန်ကုန်ဈေးကွက်နှင့် အထက် အညာဒေသများသို့ တင်ပို့ရောင်းချလျက်ရှိသည်။
ဖျာပုံခရိုင်အတွင်းရှိ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲမြို့ နယ်များတွင် ပေါ်ဆန်းစပါး တင်း ၁၀ဝလျှင် ကျပ် ၂၃၈၀ဝ၀ဝ၊ ဆန်တစ် အိတ်လျှင် ကျပ် ၁၀၅၀ဝ၀ -၁၁၀ဝ၀ဝနှင့် မိုးဧည့်မထ စပါးတင်း ၁၀ဝ လျှင် ကျပ် ၁၄၇၀ဝ၀ဝ၊ ဆန်တစ်အိတ်လျှင် ကျပ် ၆၆၀ဝ၀-၆၇၀ဝ၀ အတွင်း အရောင်းအဝယ်ဖြစ်နေသည်။
ဧရာဝတီတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးသို့ ဆန်စီးထွက် မှုမှာ မေလတွင် အိတ်ရေ ၁၆၃၉၅၁၈ စီးထွက်ခဲ့ပြီး ဇွန်လတွင် အိတ်ရေ ၁၆၂၄၅၃၆ အိတ် စီးထွက်ခဲ့သည်၊ ဇူလိုင် ၂၉ ရက်အထိ ဆန်စီးထွက်မှု မှာ အိတ်ရေ ၁၃၃၂၉၅၃ စီးထွက်ခဲ့ကြောင်း သိရသည်။
မင်းမင်းဦး(ပသ)