ရွှေဘိုခရိုင်အတွင်းတွင် သြဂုတ်လ စတုတ္ထပတ်တွင် စပါး/ ဆန်ဈေး နှုန်းများ တည်ငြိမ်နေသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန် စီးထွက်မှုမှာ သြဂုတ်လ ဒုတိယပတ်တွင် ရန်ကုန်သို့ အိတ် ၇၀၅၆၃ ၊ မန္တလေး သို့ ၄၂၆၉၉၊ နေပြည်တော်သို့ အိတ် ၁၀၃၀၊ ပဲခူးတိုင်းဒေသကြီးသို့ ၆၇၂၅ အိတ်၊ မကွေးတိုင်း ဒေသကြီးသို့ ၃၄၅ အိတ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ အိတ် ၁၄၄၄၀၊ ကချင်ပြည်နယ်သို့ အိတ် ၂၄၁၀၊ မွန်ပြည်နယ်သို့ ၆၄၅၅၊ ကရင်ပြည်နယ်သို့ အိတ် ၁၅၀ဝ၊ မူဆယ်သို့ အိတ် ၄၆၀၊ ဧရာဝတီသို့ ၁၂၅ အိတ်၊ စုစုပေါင်း အိတ်ရေ ၁၄၆၇၅၂၊ တန်အားဖြင့် ၇၃၃၈ တန် စီးထွက်ခဲ့ သည်။
ယခု သြဂုတ်လ တတိယပတ်တွင် ရန်ကုန်သို့ ၇၁၀၅၉ အိတ်၊ မန္တလေး သို့ ၄၅၀၉၃ အိတ်၊ နေပြည်တော်သို့ ၁၃၅၅ အိတ်၊ပဲခူးတိုင်းဒေသကြီးသို့ အိတ် ၈၆၇၀၊ မကွေးတိုင်းဒေသကြီးသို့ ၁၅၇၉ အိတ်၊ ရှမ်းပြည်နယ်(တောင် ပိုင်း)သို့ ၂၁၀၆၄ အိတ်၊ ကချင်ပြည်နယ်သို့ ၄၂၅ အိတ်၊ မွန်ပြည်နယ်သို့ အိတ် ၆၁၂၀၊ ကရင်ပြည်နယ်သို့ အိတ် ၃၀၆၀၊ မူဆယ်သို့ အိတ် ၁၈၀၊ ဧရာ ဝတီတိုင်းဒေသကြီးသို့ အိတ် ၄၂၀၊ စုစုပေါင်း အိတ်ရေ ၁၅၉၀၂၅ တန်အား ဖြင့် ၇၉၅၁ တန် စီးထွက်ခဲ့သည့်အတွက် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုတစ်ပတ်အတွင်း အိတ်ရေ ၁၂၂၇၃၊ တန်အားဖြင့် ၆၁၄ တန် ပို၍စီး ထွက်ခဲ့သည်။
ရွှေဘိုမြို့၏ သြဂုတ်လ စတုတ္ထပတ်တွင် ဖြစ်ပေါ်ခဲ့သော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း ၁၀ဝ လျှင် ကျပ် ၄၈၀ဝ၀ဝ၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၆၅၀ဝ၀၊ ဧရာမင်း စပါး တင်း ၁၀ဝလျှင် ကျပ် ၂၈၀ဝ၀ဝ၀၊ ဧရာမင်းဆန် ၂၄ ပြည်ပါ တစ်အိတ် လျှင် ကျပ် ၁၂၅၀ဝ၀၊ ၇၄၇ စပါး တင်း ၁၀ဝ လျှင် ကျပ် ၁၄၀ဝ၀ဝ၀၊ ၇၄၇ ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၅၈၀ဝ၀၊ ရွှေဝါထွန်းစပါး တင်း ၁၀ဝ လျှင် ကျပ် ၁၄၀ဝ၀ဝ၀၊ ရွှေဝါထွန်း ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၃၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
အေးသိင်္ဂီစိုး(ရွှေဘို)