Main menu

Background

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်ပဈေးကွက် ဝယ်လိုအားရှိသော ပေါင်းဆန်များ ကြိတ်ခွဲထုတ်လုပ် ရောင်းချလျက်ရှိ

Wed, 09/03/2025 - 12:18 -- journal_editor

ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံအတွက် အားထားရသော တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး မိုးစပါးစိုက်ဧက ၃၇ သိန်းကျော်နှင့် နွေစပါးစိုက်ဧက ၁၅ သိန်းကျော် စုစုပေါင်းစိုက်ဧက ၅၂ သိန်းကျော် နှစ်စဉ်စိုက်ပျိုး ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ 
ဒေသတွင်း စားသုံးမှုဖူလုံရုံသာမက ပိုလျှံသည့် ဆန် ၊ ဆန်ထွက်ပစ္စည်းများကို ပြည်တွင်းဈေးကွက်နှင့် ပြည်ပသို့ တင်ပို့ ရောင်းချလျက်ရှိသလို ဈေးနှုန်းပိုမိုရရှိသည့် ပေါင်းဆန်များကိုလည်း တိုင်းအတွင်းရှိ ပေါင်းဆန် စက်ရုံ ၁၃ စက်မှ ကြိတ်ခွဲထုတ် လုပ်၍ ရန်ကုန်မှတစ်ဆင့်အိန္ဒိယနိုင်ငံနှင့် စင်ကာပူနိုင်ငံများသို့ အဓိက တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း  ပြည်ပဈေးကွက်ဈေးနှုန်း ပိုမိုရရှိသည့် အတွက်  ပေါင်းဆန်ကြိတ်ခွဲထုတ်လုပ်နိုင်မှု ပမာဏမှာ  တစ်နှစ်လျှင် ခန့်မှန်း ၃၅၄၄၆၀ တန် ထုတ်လုပ်လျက်ရှိပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဧပြီလမှ သြဂုတ်လအထိ ပေါင်းဆန်တန် ၂၁၅၁၉ တန်နှင့် အိတ်ရေ ၄၃၀၃၈၀ တင်ပို့ ရောင်း ချခဲ့ကြောင်း သိရသည်။                                                            

 

  မင်းမင်းဦး (ပသ)