မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ဒေသထွက် ဆန်ဈေးနှုန်း ယခင် လထက် အနည်းငယ်တက်လာကြောင်း သိရသည်။ အောက်တိုဘာလ စတုတ္ထပတ်တွင် ဈေးနှုန်းများအနေဖြင့် ကျားပျံဆန် (၁၀၈) ပေါင်အိတ် ကျပ် ၁၄၀ဝ၀ဝ၊ ပေါ်ဆန်းဆန် (၁၀၈) ပေါင်အိတ် ကျပ် ၁၂၀ဝ၀ဝ၊ ကမာ ကြည်ဆန် (၁၀၈) ပေါင်အိတ် ကျပ် ၈၀ဝ၀ဝ နှင့် ဧည့်မထ(ရှယ်) (၁၀၈) ပေါင်အိတ် ကျပ် ၇၀ဝ၀ဝ တို့ဖြင့် ရောင်းချနေပြီး ယခင် စက်တင်ဘာလ စတုတ္ထပတ်တွင် ကျားပျံဆန် (၁၀၈) ပေါင်အိတ် ကျပ် ၁၃၅၀ဝ၀၊ ပေါ် ဆန်းဆန် (၁၀၈) ပေါင်အိတ် ကျပ် ၁၁၅၀ဝ၀၊ ကမာကြည်ဆန် (၁၀၈) ပေါင်အိတ် ကျပ် ၇၅၀ဝ၀ နှင့် ဧည့်မထ(ရှယ်) (၁၀၈) ပေါင်အိတ် ကျပ် ၆၄၀ဝ၀ ဖြစ်ပေါ်ခဲ့ရာ ယခုတစ်ပတ်နှင့် ယခင်တစ်ပတ်ကို နှိုင်းယှဉ်ပါက ကျားပျံဆန် (၁၀၈) ပေါင် တစ်အိတ်လျှင် ကျပ် ၅၀ဝ၀၊ ပေါ်ဆန်းဆန် (၁၀၈) ပေါင် တစ်အိတ်လျှင် ကျပ် ၅၀ဝ၀၊ ကမာကြည်ဆန် (၁၀၈) ပေါင် တစ်အိတ်လျှင် ကျပ် ၅၀ဝ၀ နှင့် ဧည့်မထ(ရှယ်) (၁၀၈) ပေါင် တစ်အိတ် လျှင် ကျပ် ၆၀ဝ၀ အသီးသီး ဈေးနှုန်း အနည်းငယ်မြင့်တက်ခဲ့ကြောင်း သိရသည်။
ဈေးတက်လာခြင်း အကြောင်းရင်းမှာ မိုးရာသီအကုန်တွင် ဆန်စပါးလက်ကျန်နည်းခြင်း၊ ထုတ်လုပ်မှုနည်းခြင်း၊ သယ်ယူပို့ဆောင် ရေးကုန်ကျစရိတ်များ တက်လာခြင်းတို့ကြောင့် ဈေးနှုန်း အနည်းအငယ် တက်လာရခြင်းဖြစ်သည်ဟု ဒေသခံကုန်သည်များ၏ ပြောကြားချက် အရသိရသည်။
ဇင်ဖြူဝင်း (ဘီးလင်း)
