ဧရာဝတီတိုင်းဒေသကြီးသည် ဆန်စပါး အများဆုံး စိုက်ပျိုးလျက်ရှိသော တိုင်းဒေသကြီး တစ်ခုဖြစ်ပြီး နှစ်စဉ် မိုး၊ နွေစပါးစိုက်ဧက ၅၂သိန်း ကျော်စိုက်ပျိုးလျက်ရှိသည်၊ ထွက်ရှိလာသော စပါးများကို ဆန်ကြိတ်ခွဲထုတ်လုပ်၍ ဒေသတွင်း စားသုံးမှု၊ ဖူလုံရုံသာမက ပိုလျှံသည့်ဆန်များကို ပြည်ပဈေးကွက် တင်ပို့ရောင်းချခြင်းနှင့် အခြား တိုင်းဒေသကြီး/ပြည်နယ်များသို့လည်း လစဉ် တင်ပို့ရောင်းချလျက်ရှိသည်၊
ပုသိမ်ခရိုင်အတွင်းရှိ ပုသိမ်၊ ကန်ကြီး ထောင့်၊ ငပုတောမြို့နယ်များတွင် လူနည်းစု စား သုံးလျက်ရှိသော ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီ ထွက် စပါးဈေးနှုန်းမှာ ဇန်နဝါရီလအတွင်း ပေါ်ဆန်းစပါး တင်း ၁၀ဝ လျှင် ကျပ်၂၆ သိန်းမှ ၂၈ သိန်းဝန်းကျင်၊ ဆန်တစ်အိတ်လျှင် ကျပ် ၁၂၄၀ဝ၀ - ၁၁၅၀ဝ၀ ဈေးနှင့် ပုသိမ်၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ငပုတော၊ ကျုံပျော်၊ ရေကြည်၊ ကျောင်း ကုန်းမြို့နယ်များတွင် လူအများစားသုံးမှုရှိသော ဧည့်မထစပါး တင်း ၁၀ဝ လျှင် ကျပ် ၁၂ သိန်း ဝန်းကျင်၊ ဆန်တစ်အိတ် ကျပ် ၄၇၀ဝ၀၊ ကျပ် ၅၂၀ဝ၀ ဈေးဖြင့် ဒေသတွင်းနှင့် ရန်ကုန်အထက် အညာဒေသများသို့ တင်ပို့ရောင်းချလျက်ရှိ ကြောင်း မြို့နယ် တစ်ခုနှင့်တစ်ခု ဈေးကွက်ဖွံ့ဖြိုးမှု ဝယ်လိုအား စပါး၊ ဆန် အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းအနည်းငယ် ကွာခြားမှုရှိပြီး အရောင်း အဝယ်ဖြစ်နေကြောင်း ဆန်စပါးဈေးကွက်မှ သိရ သည်၊
ဟင်္သာတခရိုင်အတွင်းရှိ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ် အများစုတွင် ပေါ်ဆန်းစပါး စိုက်ပျိုးမှုမရှိဘဲ မိုး ဧည့်မထစပါးများသာ အဓိက စိုက်ပျိုးလျက်ရှိပြီး ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီထွက် စပါး ဈေးနှုန်းမှာ ဇန်နဝါရီ လအတွင်း ဧည့်မထစပါးဈေး တင်း ၁၀ဝ လျှင် ကျပ် ၁၂သိန်း ၊ ၁၃ သိန်းဝန်းကျင်၊ ဆန်တစ်အိတ်လျှင် ဇန်နဝါရီလတွင် ကျပ် ၅၀ဝ၀ဝ၊ ကျပ် ၅၂၀ဝ၀ ဖြစ်သည်၊
မြောင်းမြခရိုင်အတွင်းရှိ မြောင်းမြ၊ ဝါးခယ်မ၊ လပွတ္တာ၊ မော်လမြိုင်ကျွန်းမြို့နယ်များတွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီတွင် ထွက်ရှိ သော စပါးဈေးနှုန်းမှာ ပေါ်ဆန်းစပါးတင်း ၁၀ဝ လျှင် ကျပ် ၂၃ သိန်း - ၂၄သိန်းဝန်းကျင်၊ ဆန် တစ် အိတ်လျှင် ကျပ် ၁၁၀ဝ၀ဝ - ၁၂၀ဝ၀ဝ နှင့် အရောင်းအဝယ်ဖြစ်နေပြီး အဆိုပါမြို့နယ်များတွင် မိုးဧည့်မထစပါးတင်း ၁၀ဝ လျှင် ကျပ် ၁၂ သိန်း၊ ၁၃ သိန်းဝန်းကျင် ဆန်တစ်အိတ်လျှင် ကျပ် ၅၀ဝ၀ဝ ခန့်ဈေးဖြင့် ပုံမှန်ရောင်းဝယ်လျက်ရှိသည်။
မအူပင်ခရိုင် မအူပင်မြို့တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီတွင် ထွက်ရှိသော စပါးဈေးနှုန်း မှာ ပေါ်ဆန်းစပါးတင်း ၁၀ဝ လျှင် ကျပ် ၂၄ သိန်း ဝန်းကျင် ဆန်တစ်အိတ်လျှင်ကျပ် ၁၁၅၀ဝ၀ ဈေး နှင့် မိုးဧည့်မထစပါးဈေးနှုန်းမှာ တင်း၁၀ဝ လျှင် ကျပ် ၁၂သိန်း၊ ၁၃သိန်း ဝန်းကျင်နှင့် ဆန်တစ်အိတ် လျှင် ကျပ် ၅၀ဝ၀ဝ- ၅၁၀ဝ၀ ဈေးဖြင့် အရောင်း အဝယ်ဖြစ်နေသည်။
ဖျာပုံခရိုင်အတွင်းရှိ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်များတွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီတွင် ထွက်ရှိသော စပါး ဈေးနှုန်းမှာ ပေါ်ဆန်းစပါးတင်း ၁၀ဝ လျှင် ကျပ် ၂၃ သိန်း၊ ၂၄ သိန်းဝန်းကျင်ရှိသည်။ ဆန်တစ် အိတ်လျှင် ကျပ် ၁၀၅၀ဝ၀-၁၁၀ဝ၀ဝ ဈေးနှင့် ရောင်းဝယ်လျက်ရှိပြီး ဧည့်မထစပါး တင်း ၁၀ဝ လျှင် ကျပ် ၁၃ သိန်းဝန်းကျင်ဈေးနှင့် ဆန်တစ်အိတ် ကျပ် ၄၇၀ဝ၀-၄၅၀ဝ၀ ဖြစ်သည်။
မင်းမင်းဦး(ပသ)
