ပြည်ခရိုင်အတွင်း အများဆုံးစိုက်ပျိုးသော စပါးအမျိုးအစားများမှာ ကရင်မ၊ မှော်ဘီ၊ GW 11၊ ထိုင်းနှံကောက်၊ ကျောက်ရွေးစပါး၊ အင်းမ စသည့် ဧည့်မထစပါး မျိုးများဖြစ်သည်။၂၀၂၅-၂၀၂၆ ခုနှစ်တွက် ပြည်ခရိုင်တွင် ၂၂၆၄၉၇ ဧကစိုက်ပျိုး နိုင်ခဲ့သည်။
ပြည်ခရိုင်အတွင်းရှိ ပြည်၊ ရွှေတောင်၊ ပေါက်ခေါင်း၊ ပန်းတောင်း မြို့နယ် များထဲမှ ရွှေတောင်မြို့မှ ထွက်ရှိသော စပါးမျိုးသည် အမျိုးအစားကောင်းသည့် အတွက် ဈေးကောင်းရရှိသည်။ စပါးစတင်ပေါ်ချိန်တွင် စပါးတင်း ပေါင် ၅၀ တင်း ၁၀ဝ လျှင် အစိုဓာတ် ၄၀ ရာခိုင်နှုန်းဖြင့် ကျပ် ၁၃၅၀ဝ၀ဝ ဈေးဖြင့် အရောင်းအဝယ် ရှိပြီး၂၀၂၆ ခုနှစ်စပိုင်းတွင် ပေါင် ၅၀ တင်း ၁၀ဝ ဈေးမှာ ကျပ် ၁၄၅၀ဝ၀ဝ ဖြင့် ဈေးအနည်းငယ်မြင့်တက်ခဲ့ပြီး ဇန်နဝါရီလ နောက်ဆုံးပတ်အထိ ဈေးငြိမ်နေသည်။
ဆန်ဈေးနှုန်းများအနေဖြင့် ဇန်နဝါရီလ နောက်ဆုံးပတ်တွင် အင်းမဆန် (အဟာင်း) တစ်အိတ်လျှင် ကျပ် ၆၅၀ဝ၀၊ ကျောက်ရွေးဆန်အဟောင်းမှာ ကျပ် ၇၀ဝ၀ဝ၊ မနောသုခ အဟောင်း တစ်အိတ်လျှင် ကျပ် ၆၂၀ဝ၀ ဖြင့် ဈေးကွက်တွင် အရောင်းအဝယ်ရှိနေပြီး ဆန်အသစ်ဈေးမှာ အင်းမဆန် တစ်အိတ်လျှင် ကျပ် ၅၅၀ဝ၀၊ မှော်ဘီဆန်တစ်အိတ်လျှင် ကျပ် ၆၀ဝ၀ဝ၊ ကျောက်ရွေးဆန် တစ်အိတ်လျှင် ကျပ် ၅၈၀ဝ၀၊ မနောသုခအသစ် တစ်အိတ်လျှင် ကျပ် ၅၂၀ဝ၀ ဖြစ်သည်။ ဆန်ကွဲ ဈေးနှုန်းများမှာ EXTRAတစ်အိတ်လျှင် ကျပ် ၄၂၀ဝ၀၊ (၂၃၄) တစ်အိတ်လျှင် ကျပ် ၃၆၀ဝ၀၊ ဆန်ကွဲ(၁၂)တစ်အိတ်လျှင် ကျပ် ၃၈၀ဝ၀၊ ဖွဲနုတစ်ပေါင်လျှင် ကျပ် ၃၈၀ ဖြင့် အရောင်းအဝယ်ရှိသည်။
ပြည်ခရိုင်မှ ဆန်စီးထွက်မှုအနေဖြင့်၂၀၂၅ခုနှစ် ဒီဇင်ဘာလတွင် ရန်ကုန်သို့ အိတ် ၁၅၀ဝ၀၊ မန္တလေးတိုင်းဒေသကြီးသို့ အိတ် ၂၄၆၈၊ တောင်ကြီးသို့ အိတ် ၇၂၀၊ မကွေးတိုင်းဒေသကြီးသို့ အိတ် ၁၈၀ဝ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
လွင်လွင်ဆန်း (ပြည်)
