ပခုက္ကူမြို့သည် စပါးစိုက်ဧကနည်းပြီး ဆန်လိုဒေသဖြစ်သောကြောင့် အခြားတိုင်းဒေသများနှင့် မြို့နယ်များမှ ဆန်တင် သွင်းရသော မြို့ဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်၊ မြောင်းမြမြို့များမှလည်းကောင်း၊ ရွှေဘိုခရိုင်မှလည်းကောင်း၊ ဆင်ဖြူကျွန်း၊ စလင်းဒေသများမှလည်းကောင်း နေ့စဉ်ဝင်ရောက်လျက်ရှိသည်။
ဖေဖော်ဝါရီလ စတုတ္ထပတ်၌ အများစားသုံးသောဆန်မှာ ဧရာပဒေသာ၊ မနောသုခ၊ ဖန်သီးသုခ၊ ရက်(၉၀)ဆန်များဖြစ်ပြီး မြောင်းမြဧရာပဒေသာ(သစ်) တစ်အိတ်လျှင် ကျပ် ၁၁၈၀ဝ၀ ၊ မနော သုခ တစ်အိတ်လျှင် ကျပ် ၈၀ဝ၀ဝ ၊ ရက်(၉၀)တစ်အိတ် လျှင် ကျပ် ၇၂၀ဝ၀၊ ဇီယာ တစ်အိတ်လျှင် ကျပ် ၇၀ဝ၀ဝ၊ ဖန်သီးသုခ တစ်အိတ်လျှင် ကျပ် ၉၀ဝ၀ဝ-၉၂၀ဝ၀၊ သီးထပ် တစ်အိတ် လျှင် ကျပ် ၇၈၀ဝ၀၊ ဧည့်မထမျိုးစုံ တစ်အိတ်လျှင် ကျပ် ၇၀ဝ၀ဝ-၇၂၀ဝ၀၊ ရတနာတိုး တစ်အိတ်လျှင် ကျပ် ၇၂၀ဝ၀၊ ပန်းနှံကား တစ်အိတ်လျှင် ကျပ် ၈၅၀ဝ၀၊ ရိုးနီ တစ်အိတ်လျှင် ကျပ် ၉၃၀ဝ၀၊ မနောဖြူ(သစ်) တစ်အိတ်လျှင် ကျပ် ၆၆၀ဝ၀၊ ဧရာမင်း တစ် အိတ်လျှင် ကျပ် ၉၅၀ဝ၀-၁၁၀ဝ၀ဝ၊ စလင်းမြို့နယ် ရှောက်တောဘက်မှလာသော ကုန်းဇောင်းဧရာပဒေသာ(ရှယ်) တစ်အိတ် လျှင် ကျပ် ၁၄၂၀ဝ၀၊ ဝန်ကြီးပဒေသာ တစ်အိတ်လျှင် ကျပ် ၁၄၅၀ဝ၀၊ ဆန်လတ်တစ်အိတ်လျှင် ကျပ် ၅၇၀ဝ၀၊ ဆန်ကွဲတစ်အိတ် လျှင် ကျပ် ၄၂၀ဝ၀ ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်ကို တွေ့ရသည်။
ပေါ်ဆန်းမွှေးမှာ ဒုတိယအများဆုံး စားသုံးသောဆန်ဖြစ်ပြီး မြောင်းမြဒေသမှ ဝင်ရောက်သလို ရွှေဘိုဒေသမှလည်း အများဆုံး ဝင်ရောက်သည်။ ရွှေဘို ပေါ်ဆန်းမွှေး(အသစ်)များမှာ ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် စတင်ဝင်ရောက်လျက်ရှိပြီး တစ်အိတ်လျှင် ကျပ် ၁၉၀ဝ၀ဝ၊ မြောင်းမြပေါ်ဆန်းမှာလည်း တစ်အိတ်လျှင် ကျပ် ၁၄၀ဝ၀ဝ ရှိပြီး ရွှေဘိုပေါ်ဆန်းမွှေးမှာ ယခု အချိန်တွင် ဝယ်ရင်းဈေး မြင့်မားခြင်း၊ အဆင့်ဆင့်သယ်ယူရသောကြောင့် ဈေးမြင့်နေသည်ကို တွေ့ရသည်။
ဆန်စီးဝင်မှုအနေဖြင့် ဖေဖော်ဝါရီအတွင်း ရေကြောင်းလမ်းမှ ဆန်မျိုးစုံ အိတ် ၂၁၀ဝ၀ ခန့်၊ စစ်ကိုင်း၊ ရွှေဘို ကုန်းကြောင်း လမ်းမှ အိတ်ရေ ၁၀ဝ၀ ကျော်၊ စလင်း ဆင်ဖြူကျွန်းဘက်မှ အိတ်ရေ ၃၅၀ဝ ခန့်ဝင်ရောက်သည်။
စန်းမြင့်ရီ (ပခုက္ကူ)
