မွန်ပြည်နယ်အတွင်းသို့ ဆန်အိတ်များ ဝင်ရောက်လျက်ရှိပြီး မတ်လ နောက် ဆုံးအပတ်တွင် ဆန်ဈေးနှုန်းမှာ အနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရှိရ သည်။
အခြားတိုင်းဒေသကြီးများမှ မွန်ပြည်နယ်သို့ ဆန်စီးဝင်မှုများမှာ ၂၀၂၆ ခုနှစ်၊ မတ်လတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ရွှေဘိုပေါ်ဆန်း ၁၀၄၀၅ အိတ်ခန့်၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးမှ ဧရာဝတီပေါ်ဆန်း ၃၅၈၁၇ အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ဧည့်မထ ၂၀၉၄၆ အိတ်ခန့်၊ စုစု ပေါင်း ၆၇၁၆၈ အိတ်ခန့်၊ တန်ချိန်အားဖြင့် ၃၃၅၈ တန်ခန့် စီးဝင်ခဲ့သည်။ မတ်လ တွင် မွန်ပြည်နယ်မှ အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ ဆန်စီးထွက်မှု မရှိ ကြောင်း သိရသည်။
မွန်ပြည်နယ်ဈေးကွက်၌ မတ်လ၏ နောက်ဆုံးအပတ်တွင် ဆန်ဈေးနှုန်းမှာ ၁၀၈ ပေါင် ဆန်တစ်အိတ်လျှင် ရွှေဘိုပေါ်ဆန်း ကျပ် ၁၉၀ဝ၀ဝ ခန့်၊ ဧရာဝတီပေါ် ဆန်း ကျပ် ၁၅၅၀ဝ၀-၁၆၀ဝ၀ဝ ခန့်၊ ဧည့်မထ ကျပ် ၆၅၀ဝ၀ ခန့်ရှိပြီး ယခုမတ်လ နောက်ဆုံးအပတ်တွင် ဆန်ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရသည်။
DOCA(မွန်)
