စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၊ နေပြည်တော်၌ မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ ကိုကျင်းပခဲ့သည်။ အဆိုပါညီလာခံမှ စိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍ ၁၅ ချက်၊ ကြိတ်ခွဲထုတ်လုပ်မှုကဏ္ဍ ၁၀ ချက်၊ ပို့ကုန်မြှင့်တင်ရေးနှင့် ကုန်သွယ်မှုကဏ္ဍ ၁၈ ချက်၊ စုစုပေါင်းဖော်ထုတ်ချက် ၄၃ ချက်ရရှိခဲ့သည်။
ကြိတ်ခွဲထုတ်လုပ်မှုကဏ္ဍ၏ ဖော်ထုတ်ချက် ၁၀ ချက်တွင် ဆန်စပါးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေလိုအပ်သည့် သိုလှောင်ရုံနှင့် ကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် (Warehouse Receipt Financing System- WRFS) မူဘောင်ရှိပြီး အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရန် တစ်ချက်လည်းပါဝင်သည်။
သို့ဖြစ်ရာ နှစ်စဉ်စိုက်ပျိုးမှုမှ ထွက်ရှိလာသော ဆန်စပါးများကို ပြည်တွင်းစားသုံးရန်၊ ပြည်ပတင်ပို့ရန်နှင့် အရန်ဆန်အဖြစ်ထားရှိရန် စသည့်အကြောင်းအရာများအတွက်သိုလှောင်ထားသည့် ဆန်စပါးအမျိုးအစားနှင့်ပမာဏတို့ကို အချိန်တိုအတွင်း သိရှိနိုင်ရန်နှင့်WRFS စနစ်တွင်ပါဝင်မည့် ဆန်စပါး သိုလှောင်ရုံများကို မြန်မာဆန်စပါး အွန်လိုင်း(Myanmar Rice Online - MyRO) တွင် လွယ်ကူလျင်မြန်စွာ စနစ်တကျမှတ်ပုံတင်ထားရှိရန် ရည်ရွယ်၍ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်စနစ်တစ်ခုဖြစ်သောMyRO ကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံ (PPP Model) ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက်မှ စတင်ဆောင်ရွက်လျက်ရှိရာ ယခုဆိုလျှင် သုံးနှစ်နီးပါးခန့်ရှိလာပြီဖြစ်သည်။
MyRO တွင် ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်စေရေးနှင့် ပြည်ပသို့ ဆန်တင်ပို့မှု စနစ်တကျ သတ်မှတ်ဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း၊ ပုံမှန်လုပ်ငန်းလုပ်ကိုင်နေသူများအား ဝန်ထုပ်ဝန်ပိုးနှင့် အကျိုးစီးပွား ထိခိုက်မှုမရှိစေရေးတို့အတွက် လည်းကောင်း၊ ဈေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် သမားရိုးကျရောင်းဝယ်ခြင်း မဟုတ်သည့် လုပ်ငန်းများကို ထိန်းကျောင်းနိုင်ရေး အတွက် လည်းကောင်း၊ ဈေးဝယ်စင်တာ (Super Market) များနှင့် လက်လီ၊ လက်ကားဆန်ဆိုင်များတွင် ခင်းကျင်းရောင်းချမှုများ အတွက်လည်းကောင်း၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ဆန်စပါးသို လှောင်ရုံများအား MyROတွင် မှတ်ပုံတင်ရန် အသိပေးကြေညာခဲ့ပြီး ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါအမိန့်အရ စီးပွားဖြစ်ရောင်းဝယ်ရန်အလို့ငှာ လုပ်ငန်း တည်နေရာတစ်နေရာတည်းတွင် ဆန်အိတ်ပေါင်း ၅၀ဝ နှင့် ညီမျှ သည့် ဆန်တန်ချိန် ၂၅ တန်၊ စပါးတင်းပေါင်း ၂၅၀ဝ တင်းနှင့် အထက်သိုလှောင်သည့် သိုလှောင်ရုံများသည်MyRO Website တွင် မှတ်ပုံတင်ရသည့်စနစ်ကို ဆောင်ရွက်ရမည်ဖြစ်သည်။
MyRO တွင် ဆန်စပါးသိုလှောင်ရုံများအား မှတ်ပုံတင်လိုသော သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် စနစ်အား အသုံးပြုတတ်စေရန် ရည်ရွယ်၍ MyROအဖွဲ့က One Stop Service စနစ် ဖြင့် မြန်မာဆန်စပါးအွန်လိုင်း(MyRO) တွင် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် လက်တွေ့ပြသဆောင်ရွက်ခြင်းကို ၂၀၂၄ ခုနှစ် ဇွန်လတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင်လည်းကောင်း၊ ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်တွင် လည်းကောင်း၊ ဆန်စပါးလုပ်ငန်းနှင့်ပတ်သက်သည့် ပြပွဲများတွင် လည်းကောင်း လက်တွေ့ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဆန်စပါးသို လှောင်ရုံများအား မှတ်ပုံတင်ထားကြသည့် သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် MyRO Website ရှိ မိမိတို့၏ အကောင့်များတွင် လစဉ်ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် ဖြည့်သွင်းခြင်း၊ သိုလှောင်ရုံ သက်တမ်း တိုးခြင်းလုပ်ငန်းစဉ် အဆင့်ဆင့်ကို စနစ်တကျအသုံးပြုနိုင်စေရန်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများအား MyRO Sub Admin Account အသုံးပြုခြင်း သင်တန်းများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၈ ရက်မှ ၉ ရက်ထိ မန္တလေးတိုင်းဒေသကြီးရှိ သိုလှောင်ရုံလုပ်ငန်းရှင် ၁၂၁ ဦးနှင့် စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်း ၁၀ ဦး၊ ပေါင်း ၁၃၁ ဦး၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက် တွင် ရန်ကုန်မြို့ နတ်မောက်လမ်းရှိ ဆန်ကြိတ်ခွဲရေးသင်တန်းSite Engineer သင်တန်းကျောင်းတွင် ဆန်စပါးကြိတ်ခွဲရေးသင်တန်းမှ သင်တန်းသား ၅၅ ဦး၊ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်မှ ၅ ရက်ထိ ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ဆန်စပါးသိုလှောင်ရုံလုပ်ငန်းရှင် ၅၀ နှင့် စားသုံးဝန်ထမ်း ၁၅ ဦး ပေါင်း ၆၅ ဦး၊ ၂၀၂၆ ခုနှစ် ဖေဖော် ဝါရီ ၂၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ စားသုံးသူ ရေးရာဦးစီးဌာနရှိ ဝန်ထမ်း ၁၅ ဦး၊ ၂၀၂၆ ခုနှစ် မတ် ၆ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ သိုလှောင်ရုံလုပ်ငန်းရှင် ၂၅၀ နှင့် စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်း ၁၀ ဦး၊ စုစုပေါင်း ၂၆၀၊ ၂၀၂၆ ခုနှစ် ဧပြီ ၂ ရက်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့တွင် သိုလှောင်ရုံလုပ်ငန်းရှင် ၃၈ ဦး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည် နယ်နှင့် ခရိုင်ဦးစီးမှူးများ ၁၂ ဦး၊ စုစုပေါင်း၅၀၊ စုစုပေါင်း ၅၇၆ ဦးတို့အား သင်တန်းပို့ချပေးခဲ့သည်။ ထိုကဲ့သို့ သင်တန်းပို့ချပေး ခြင်းကြောင့် MyRO တွင် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် လစဉ် လုပ်ငန်းစဉ် စာရင်းထည့်သွင်းမှုမှာ သိသာစွာ တိုးတက်လာကြောင်း လေ့လာတွေ့ရှိရသည်။
မြန်မာဆန်စပါးအွန်လိုင်း (MyRO) Website အသုံးပြုခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်သင်တန်းအား တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဆန်စပါး သိုလှောင်ရုံလုပ်ငန်းရှင်များအား ယခုကဲ့သို့ ကွင်းဆင်းသင်တန်း ပို့ချခြင်းသည် ဆန်စပါးကဏ္ဍမှ သက်ဆိုင်ရာပုဂ္ဂိုလ်များအား ဒစ်ဂျစ်တယ်နည်းပညာအား လုပ်ငန်းခွင်တွင် အသုံးချမှုကို အားပေးမြှင့်တင်မှုဖြစ်စေ၍ အခြားဒေသတွင်း နိုင်ငံများမှ ဆန်စပါးစီးပွားရေးလုပ်ငန်းများ ၏ ဒစ်ဂျစ်တယ်နည်းပညာ အသုံးချမှုကို အမီလိုက်နိုင်စေရန် အထောက်အကူပြုစေလျက်ရှိသည်။
ယခုအခါ မြန်မာဆန်စပါးအွန်လိုင်း (MyRO) တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၆ ခုနှစ် မေလကုန်ထိ မှတ်ပုံတင်ထားကြ သည့် သိုလှောင်ရုံပေါင်း ၅၇၀၇ လုံးရှိပြီး သက်တမ်းတိုးဆောင်ရွက် သည့် သိုလှောင်ရုံအရေအတွက်မှာ ၄၃၃၃ လုံးရှိလာပြီဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် MyRO Website တွင် ဆန်စပါးသို လှောင်ရုံ အွန်လိုင်းမှတ်ပုံတင်စနစ်ကို လိုက်ပါကျင့်သုံးခြင်းအားဖြင့် ဆန်စပါးကဏ္ဍ၏ ဒီဂျစ်တယ်နည်းပညာအသွင်ကူးပြောင်းမှုအား မြှင့်တင်ပေးခြင်း၊ တောင်သူ၊ ကုန်သည်၊ စက်ပိုင်လုပ်ငန်းရှင်များ၊ ပြည်တွင်း၊ ပြည်ပ၊ ရောင်းဝယ်သူများ၊ ကျွမ်းကျင်ပညာရှင်များ၊ သုတေသီများနှင့် စားသုံးသူများ အပါအဝင် Stakeholder များ အားလုံးအတွက် MyRO Platform တစ်နေရာတည်းတွင် သတင်း အချက်အလက်နှင့် မှတ်ပုံတင်ခြင်း လုပ်ငန်းများကို အချိန်တို အတွင်း လွယ်ကူရိုးရှင်းစွာ ရယူဆောင်ရွက်နိုင်ခြင်းနှင့် နိုင်ငံတော် ၏ ဆန်စပါးလုပ်ငန်းဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များကို ဒီဂျစ် တယ်စနစ်အသုံးပြု၍ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်လာနိုင်တော့မည်ဖြစ်ပါကြောင်း အသိပေးတင်ပြလိုက်ရပါသည်။
ကျမ်းကိုး။ www.myro.com.mm, Home | MyRO
လှပို(CTQM)
