မွန်ပြည်နယ်အတွင်း ပြည်နယ်၏ ဆန်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှဆန်များ စီးဝင်လျက်ရှိပြီး ဇူလိုင်လ၏ စတုတ္ထပတ်၌ ဆန်ဈေးနှုန်းမှာ အနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရသည်။ အခြားတိုင်းဒေသကြီးများမှ မွန်ပြည်နယ်သို့ ဆန်စီးဝင်မှုများမှာ ၂၀၂၆ ခုနှစ် ဇူလိုင်လတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ရွှေဘိုပေါ်ဆန်း အိတ် ၈၁၅၀၊ ရန်ကုန်မှ ဧရာဝတီပေါ်ဆန်း အိတ် ၂၀၈၀ဝ၊ ပဲခူးနှင့် ရန်ကုန်တို့မှ ဧည့်မထ ၁၉၁၉၂ အိတ်၊ စုစုပေါင်း ၄၈၁၄၂ အိတ်၊ တန်ချိန်အားဖြင့် ၂၄၀၇ တန်ခန့် စီးဝင်ခဲ့သည်။
ဇူလိုင်လတွင် အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ ဆန်စီးထွက်မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးသို့ ဧည့်မထဆန် အိတ် ၁၄၉၀၊ ဒေသပေါ်ဆန်းအိတ် ၁၄၆၀၊ စုစုပေါင်း အိတ် ၂၉၅၀၊ တန်ချိန်အားဖြင့် ၁၄၇ တန်ခန့် စီးထွက်ခဲ့ ကြောင်း သိရသည်။
မွန်ပြည်နယ်၌ ဇူလိုင်လ၏ စတုတ္ထပတ်တွင် ဆန်ဈေးနှုန်းမှာ (၁၀၈) ပေါင် ဆန် တစ်အိတ်လျှင် ရွှေဘိုပေါ်ဆန်း ကျပ်၂၃၅၀ဝ၀ ခန့်၊ ဧရာဝတီပေါ်ဆန်း ကျပ် ၁၆၂၀ဝ၀ခန့်၊ ဧည့်မထ ကျပ် ၇၂၀ဝ၀ ခန့်ရှိပြီး ဆန်ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။
ဖူးဝေ (မွန်)
