Main menu

Background

ဆန်အလုံအလောက်ရှိနေလို့ အပိုဆောင်းတင်သွင်းဖို့မလိုအပ်ဘူးလို့ NFA ကဆို

Thu, 02/25/2010 - 08:39 -- Anonymous (not verified)

   အယ်နီညိုကြောင့်  လယ်ယာကဏ္ဍမှာဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ပေမယ့် လက်ရှိနိုင်ငံရဲ့ ဆန်သိုလှောင်ရုံတွေမှာ ဆန်အလုံအလောက်  ရှိနေတာရယ်၊ လာမယ့်လတွေမှာ   တင်သွင်းထားတဲ့ ဆန်တွေရောက်လာတော့မှာ ဖြစ်တာရယ်ကြောင့် ထပ်ပြီးအပိုဆောင်း တင် သွင်းဖို့ မလိုအပ်ဘူးလို့ ဖိလစ်ပိုင်နိုင်ငံစားနပ်ရိက္ခာအာဏာပိုင်  NFA မှ တာဝန်ရှိသူများက ပြောကြားပါတယ်။     ဆန်တန်ချိန်  လေးသိန်းဝန်းကျင်မှာ နိုင်င်ငံကိုရောက်ရှိပြီးဖြစ်ပြီး တန်ချိန် ၁ ဒသမ ၇ သန်းခန့်မှာ မနီလာကို တင်ပို့နေဆဲဖြစ် တယ်လို့ NFA လက်ထောက်အုပ်ချုပ်ရေးမှူး Jose Cordero က ပြောကြားပါတယ်။ လက်ရှိနိုင်ငံရဲ့ အရန် န်သိုလှောင်မှု တန်ချိန် ၂ ဒမသ ၆ သန်းရှိတဲ့အနက် တန်ချိန် ၁ ဒသမ ၂ သန်းမှာ သိုလှောင်ရုံတွေမှာရှိပြီး တန်ချိန်  တစ်သန်းမှာ NFA က သိုလှောင်ထားပြီး တန်ချိန် ၄၁၇၁ဝဝ  ခန့်မှာ စီးပွားရေးလုပ်ငန်းရှင်တွေလက်ထဲမှာ ရှိတယ်လို့ဆိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ယမန်နှစ် မုန်တိုင်း များ ကြောင့် ဆန်တန်ချိန် ၂ ဒသမ ၄ သန်းအထိ တင်သွင်းနေတာ ဖြစ်ပါတယ်။ Sources: riceonline