Main menu

Background

စားအုန်းဆီထုတ်လုပ်မှုမြင့်မားလာပေမယ့်တရုတ်နှစ်သစ်ကူးပွဲတော်ကြောင့်စားအုန်းဆီဈေးမြင့်တက်

Tue, 02/24/2015 - 21:43 -- journal_editor

အတွဲ(၁၅)အမှတ်(၈)

           တရုတ်နှစ်သစ်ကူးပွဲတော်မစတင်မီ အမေရိကန်ပဲပုပ်ဆီ ဈေးမြင့်တက်မှုနဲ့အတူ မလေးရှားစားအုန်းဆီရဲ့ ကြိုရောင်း ဈေးက ဖေဖော်ဝါရီ ၁၈ ရက်မှာ အနည်းငယ်မြင့်တက်ခဲ့ ကြောင်း ဒေးလီးတိုင်းမ်သတင်းမှာဖော်ပြထားပါတယ်။ ဒါပေမယ့် စားအုန်းဆီအထွက်နှုန်းတွေ မြင့်လိမ့်မယ်ဆိုတဲ့ သတင်းက စားအုန်းဆီဈေး အဆ မတန် မြင့်တက်မလာအောင် ထိန်းသိမ်းပေးနိုင်ခဲ့ပါတယ်။
မလေးရှားစားအုန်းဆီဈေးကွက်ကိုဖေဖော်ဝါရီလ ၁၈ ရက်မှာ မနက်ပိုင်းဖွင့်ပြီး အားလပ်ရက်အဖြစ် ပိတ်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၃ ရက်မှာ ဈေးကွက်ပြန်ဖွင့်မှာ ဖြစ်ပါတယ်။ ဈေးပိတ်ချိန်မှာ  မေလအတွက် အခြေခံစံထားဈေးနှုန်းက သုည ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ရင်းဂစ် ၂၃၀၀ (၆၄၀ ဒေါ်လာ)နှုန်းကို ရောက်ရှိခဲ့ပါတယ်။ အရောင်း အဝယ်ဈေးနှုန်းက ၂၂၈၉ ရင်းဂစ်နဲ့ ၂၃၁၂ ရင်းဂစ်အကြားမှာ အတက်အကျရှိခဲ့ပါတယ်။
ရင်းနှီးမြှုပ်နှံသူအများစုက ဈေးကွက်ကို ရောက်ရှိမလာတဲ့ အတွက် ရောင်းဝယ်မှုပမာဏက ၂၅ တန်ရှိအတွဲ ၁၀၉၃၃ တွဲရှိခဲ့ရာ ပုံမှန်ပျမ်းမျှရောင်းချနေကျအတွဲဖြစ်တဲ့ ၁၂၅၀ တွဲ အောက် ကျဆင်းနေတာကို တွေ့ရပါတယ်။ ဒီဇင်ဘာနဲ့ ဇန်န ဝါရီလအတွင်း မုတ်သုံမိုးရွာသွန်းကာ ရေလွှမ်းမိုးမှုကြောင့် မလေးရှားနိုင်ငံရဲ့ စားအုန်းဆီကြမ်းထုတ်လုပ်မှုက ဇန်န ဝါရီလအတွင်းမှာ လေးနှစ်အတွင်း အနိမ့်ဆုံးနှုန်းကို ရောက် ရှိခဲ့ပါတယ်။
    အဓိကဝယ်လက်တွေရဲ့ ဝယ်လိုအားကျဆင်းလို့ မလေး ရှားနိုင်ငံမှာ ဆီလက်ကျန်များပြီး ဈေးနှုန်းတွေ အကျဘက်ကို ဦးတည်သွားစေခဲ့ပါတယ်။
    ''ဝယ်လိုအား နှေးကွေးကျဆင်းတာနဲ့ လာမဲ့လတွေမှာ ထုတ်လုပ်မှုမြင့်မားလာမယ့်  အလားအလာတွေကြောင့် ဈေး ကွက်အပေါ် ယုံကြည်မှုကျဆင်းလာစေနိုင်ပါတယ်'' လို့ ကွာ လာလမ်ပူရှိ နိုင်ငံခြားကုန်စည်လုပ်ငန်း  ကုန်သည်တစ်ဦးက ပြောပါတယ်။
ကိန်းဂဏန်းများအပေါ် အခြေခံတွက်ချက်မှုအရ အနိမ့် ဆုံးဈေးက တစ်တန်ကို ၂၂၆၁ ရင်းဂစ်ထိရောက်ရှိပြီး ဆက် ကျမယ်ဆိုရင် ၂၂၃၂ ရင်းဂစ်နှုန်းထိ ရောက်ရှိနိုင်ပါတယ်။
တခြား   ဟင်းသီးဟင်းရွက်ဆီဖြစ်တဲ့ အမေရိကန်ပဲပုပ် ဆီရဲ့ မတ်လအတွက် ဈေးနှုန်းက သုည ဒသမ ၃ ရာခိုင်နှုန်းမြင့် တက်ပြီး တရုတ်ဒါလီယံဈေးကွက်က နှစ်သစ်ကူးပိတ်ရက်ဖြစ် ပြီး ဖေဖော်ဝါရီ ၂၅ ရက်မှာ ပြန်ဖွင့်ပါမယ်။          

 ဉာဏ်တင်