Main menu

Background

ရင်းဂစ်တန်ဖိုးမြင့်တက်မှု၊ ဝယ်လိုအား ကျဆင်းမှုတို့ကြောင့် စားအုန်းဆီဈေးကျ

Thu, 04/02/2015 - 17:33 -- journal_editor

အတွဲ(၁၅)အမှတ်(၁၃)

        စာရင်းဇယားများဖြင့် တွက်ချက်မှုအရ အလားအလာ ကျဆင်းမှု၊ ရင်းဂစ်ငွေတန်ဖိုးမြင့်တက်မှုနဲ့ အဓိက ဝယ်လက် တွေရဲ့ ဝယ်လိုအားမှေးမှိန်နေမှုအတွက် စိုးရိမ်မှုများက မတ်  ၂၄ ရက်  စားအုန်းဆီကြိုရောင်းဈေးတွေ ကျဆင်းခဲ့ကြောင်း ဘီရီကော်ဒါသတင်းမှာဖော်ပြပါတယ်။
စားအုန်းဆီဈေးကွက်ပိတ်ချိန်မှာ  ဘာဆာမလေးရှား စာချုပ်စာတမ်းရောင်းဝယ်ရေး အိတ်ချိန်းမှာ ဇွန်လအတွက် အခြေခံစံထားဈေးနှုန်းက ၁ ဒသမ ၃၇ ရာခိုင်နှုန်း  ကျဆင်း ကာ တစ်တန်ကို ၂၁၅၆ ရင်းဂစ် (၅၉၁ ဒေါ်လာ) နှုန်းရှိခဲ့ပါ တယ်။
စားအုန်းဆီအကြမ်း   တင်ပို့မှုကို  အခွန်ကောက်ခံရန် အင်ဒိုနီးရှားနိုင်ငံက  စီစဉ်ဆောင်ရွက်မှုကြောင့် စားအုန်းဆီ အများဆုံးထုတ်လုပ်တဲ့နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားထံမှာ စား အုန်းဆီကြမ်း ဝယ်ယူမှုမြင့်တက်လာပြီးနောက်ပိုင်း စားအုန်း ဆီဈေးက မတ် ၂၃ ရက်မှာ တစ်တန်ကို ၂၂၀၈ ရင်းဂစ်နှုန်းထိ မြင့်တက်လာတာကိုတွေ့ရပါတယ်။ ဒါပေမယ့် ဒီလိုမြင့်တက် မှုက ရေရှည်တော့မဖြစ်နိုင်ဘူးလို့  တချို့ကုန်သည်တွေက ပြောပါတယ်။
''ဈေးအဖွင့်မှာတော့ ဈေးနှုန်းကတော်တော်မြင့်တက်ခဲ့ပါတယ်။ ဒါပေမယ့် မတ် ၂၄ ရက်လောက်ကတော့ ဆက်ပြီး တက်မလာသေးပါဘူး'' လို့ မလေးရှားရှိ နိုင်ငံခြားကုန်စည် ရောင်းဝယ်ရေးလုပ်ငန်းနဲ့   နီးစပ်သူ စားအုန်းဆီကုန်သည် တစ်ဦး ကပြောပါတယ်။
ကိန်းဂဏန်းအချက်အလက်တွေကိုအခြေခံပြီး ခန့် မှန်းမယ်ဆိုရင် ဈေးကွက်အပေါ်ဖိအားပေးမှုတွေရှိနေပြီး တစ် တန်ကို ရင်းဂစ် ၂၂၀၀ ထက်မကျော်နိုင်ကြောင်း သူက ပြော ပါတယ်။
မတ် ၂၅ ရက်က စုစုပေါင်းရောင်းချခဲ့တဲ့ ပမာဏက ၂၅ တန်ရှိ  အတွဲပေါင်း ၄၉၂၂၃ တွဲရှိခဲ့ပါတယ်။ ဒါကြောင့် ပျမ်းမျှရောင်းချရတဲ့အတွဲ ၃၅၀၀၀ နဲ့ အထက်များစွာ ပိုမိုနေ တာကို တွေ့ရပါတယ်။
အင်ဒိုနီးရှားနိုင်ငံက ပို့ကုန်ခွန်သုညရာခိုင်နှုန်းနဲ့ တင်ပို့ တဲ့  စားအုန်းဆီကြမ်း (Crude Palm Oil-CPO) တစ်တန် အတွက် ဒေါ်လာ ၅၀ ကောက်ခံသွားဖို့   စီစဉ်ဆောင်ရွက် လျက်ရှိနေပါတယ်။ ဒီကောက်ခံငွေကို   ဇီဝလောင်စာဆီ အတွက် ထောက်ပံ့ကြေးပေးမယ့် ရန်ပုံငွေအဖြစ် ထားရှိသွား မှာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို သမ္မတရဲ့ အတည်ပြုချက်ရယူဖို့လိုဦးမှာဖြစ်ပါတယ်။
အခွန်  (Levy)  ကောက်ခံငွေကြောင့် ရေတိုမှာစားအုန်း ဆီကြမ်းဈေးကို မြင့်တက်စေမှာဖြစ်ကြောင်း၊ ပြည်တွင်းဇီ၀ လောင်စာဆီသုံးစွဲမှုကို  ထိခိုက်စေနိုင်ကြောင်း လေ့လာဆန်း စစ်သူတွေက ပြောပါတယ်။
စားအုန်းဆီနဲ့ပြိုင်ဘက်သီးနှံဖြစ်တဲ့ ဟင်းရွက်ဆီဈေး ကွက်မှာ မေလအတွက်  အမေရိကန်ပြည်ထောင်စု ပဲပုပ်ဆီ စာချုပ်ဈေးက ၀ ဒသမ ၁၉ ရာခိုင်နှုန်း ကျဆင်းပြီး တရုတ်နိုင်ငံ ဒါလီယံဈေးကွက်မှာ စက်တင်ဘာလအတွက် ပဲပုပ်ဆီဈေးက ၀ ဒသမ ၈၈ ရာခိုင်နှုန်းမြင့်တက်ပါတယ်။        

     ဉာဏ်တင်