Main menu

Background

ရင်းဂစ်တန်ဖိုးပြန်လည်မြင့်တက်ခြင်းကြောင့် မလေးရှားစားအုန်းဆီဈေးကျဆင်း

Thu, 10/15/2015 - 20:50 -- journal_editor

         မလေးရှားနိုင်ငံသုံးငွေကြေး  ရင်းဂစ်တန်ဖိုးမြင့်တက်လာခြင်းကြောင့်လည်းကောင်း၊ ယခင်လက ရင်းဂစ်တန်ဖိုး မြင့်တက်မှုကြောင့် စားအုန်းဆီဝယ်လိုအားက အင်ဒိုနီးရှား နိုင်ငံဘက်သို့ ပြောင်းရွှေ့သွားခြင်းကြောင့် လ ည်းကောင်း၊ မလေးရှား စားအုန်းဆီကြိုရောင်းဈေးက အောက်တိုဘာ ၈ ရက်နေ့မှာ ဒုတိယနေ့အဖြစ် ဆက်လက်မြင့်တက်ခဲ့ကြောင်း ဘီရီကော်ဒါသတင်းမှာ ဖော်ပြပါတယ်။ ဘာဆာမလေးရှားကုန်စည်ဒိုင် (Bursa Malaysia Derivatives Exchange) မှာ ဒီဇင်ဘာအတွက် စားအုန်းဆီကြို ရောင်းဈေးက အောက်တိုဘာ ၈ ရက် နေ့လယ်ဈေးကွဲချိန်မှာ ၂ ဒသမ ၂၃ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ၂၃၁၉ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၅၅၀ ဒသမ ၁၈) နှုန်းရှိခဲ့ပါတယ်။ ဒါပေမယ့် စားအုန်းဆီဈေးက အောက်တိုဘာ ၇ ရက်က တစ် တန်ကို ၂၄၄၄ ရင်းဂစ်နှုန်းရှိခဲ့ပါတယ်။
       "ဒီနေ့မှာ ရင်းဂစ်တန်ဖိုး ပြန်တက်လာတဲ့အတွက် စားအုန်းဆီဈေးကျဆင်းခဲ့ပါတယ်။ အလားတူ ပဲပုပ်ဆီဈေးကလည်း ထူးထူးခြားခြားမြင့်တက်လာတာ မတွေ့ရတဲ့အတွက် ကုန်သည်တွေက ဈေးရခိုက် စားအုန်းဆီကို ေ ရာ င်းချလာတာ တွေ့ရပါတယ်"လို့  ကွာလာလမ်ပူအခြေစိုက် နိုင်ငံခြား ကုန်စည်အကျိုးဆောင်လုပ်ငန်းတစ်ခုမှ ကုန်သည်တစ်ဦးက ပြောပါတယ်။ စုစုပေါင်း  ရောင်းချရတဲ့  စားအုန်းဆီပမာဏက ၂၅ တန်ရှိအတွဲ ၄၉၉၃၅ တွဲရှိတဲ့ အတွက် တစ်ရက် နေ့စဉ်ပျမ်းမျှ ရောင်းချရနှုန်းဖြစ်တဲ့ အတွဲ ၃၅၀ဝ၀ ထက်ကျော်လွန်နေတာကို တွေ့ရပါတယ်။ မလေးရှားရင်းဂစ်တန်ဖိုးက အောက်တိုဘာ ၈ ရက်မှာ ၅ ရာခိုင်နှုန်း မြင့်တက်ပြီး ရက်သတ္တပတ် ငါးပတ်အတွင်း အြ မင့်ဆုံးဈေးနှုန်းဖြစ်ခဲ့ပါတယ်။ စားအုန်းဆီရောင်းဝယ်မှုမှာ  အသုံးပြုတဲ့ ရင်းဂစ်ငွေကြေး တန်ဖိုးကျဆင်းမှသာ စားအုန်းဆီ တင်ပို့မှုကို အထောက်အကူဖြစ်စေပါတယ်။ ရောင်းလိုအားမြင့်တက်မှုက စားအုန်းဆီကြမ်း (CPO) ဈေးနှု န်းများမတက်အောင် အဟန့်အတား ဖြစ်နေတဲ့အတွက် လည်းကောင်း၊ စားအုန်းဆီထုတ်လုပ်မှုအတွက် ရင်းနှီးမြှုပ်နှံ မှုကို ကျဆင်းလာတဲ့အတွက်ကြောင့်လည်းကောင်း၊ စားအုန်း ဆီထုတ်လုပ်သူများအတွက် ချေးငွေရရှိမယ့် အ လားအလာကို ကျဆင်းစေခဲ့ကြောင်း Mood's Investors Service အေဂျင်စီက ပြောပါတယ်။
      စားအုန်းဆီကြမ်းရဲ့  ပျမ်းမျှဈေးနှုန်းက ၂၀၁၂ ခုနှစ် ဒုတိယသုံးလပတ်က ရှိခဲ့တဲ့နှုန်းနဲ့ နှိုင်းယှဉ်ရင် ယခုနှစ် ဒုတိယ သုံးလပတ်တွင် ၃၀ ရာခိုင်နှုန်း ကျဆင်းပြီး တစ်တန်ကို ၂၁၉၁ ရင်းဂစ်နှုန်းရှိခဲ့ပါတယ်။ ဇူလိုင်-ဩဂုတ်ကာ လအတွင်း ပျမ်းမျှ ဈေးနှုန်းက တစ်တန်ကို ၂၀၆၇ ရင်းဂစ်နှုန်းရှိခဲ့ပါတယ်။ "ဟင်းသီးဟင်းရွက်ဆီရဲ့ ရောင်းလိုအားက ပိုလျှံနေပြီး ဝယ်လိုအားကကျဆင်းနေတဲ့အတွက် စားအုန်းဆီကြမ်းဈေး နှုန်းကလာမယ့် ၁၈ လအတွင်း ဆက် လက်ကျဆင်းနေဦးမှာ ဖြစ်ပါတယ်''လို့ Mood's အေဂျင်စီရဲ့ ဒုတိယဥက္ကဋ္ဌ အေလန် ဂရင်းက ပြောပါတယ်။ ရင်းဂစ်တန်ဖိုးကျဆင်းမှုက ပို့ကုန်ဝင်ငွေ၊ မတည်ရင်း နှီးငွေစီးထွက်မှုနဲ့ မလေးရှားစီးပွားရေးအပေါ် ယုံကြည်မှု ကျဆင်း လာစေခြင်းစတဲ့ အကြောင်းတရားများရဲ့ လက္ခဏာ တစ်ရပ် ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံခြားငွေနဲ့ ပေးချေရမယ့် မလေးရှားအစိုးရရဲ့ ေြွကးမြီအချိုးအစားက နိမ့်ကျနေတဲ့အတွက် ရင်းဂစ်တန်ဖိုးကျဆင်းမှုကြောင့် တိုက်ရိုက်ဖြစ်ေ ပါ် တဲ့ ဂယက်ကို ထိန်းသိမ်းချုပ်ကိုင်လို့ရနိုင်မယ့် အခြေအနေ ရှိကြောင်း အေဂျင်စီက ပြောပါတယ်။စုဆောင်းရရှိတဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ စားအုန်းဆီဈေးက တစ်တန်ကို ၂၃၄၉-၂၄၆၄ ရင်းဂစ်ကြား မှာရှိမယ်လို့ ရိုက်တာသတင်းဌာနရဲ့ ကုန်စည်နဲ့ စွမ်းအင် လေ့လာဆန်းစစ်ရေးမှူး ဝမ်တာအိုက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စု ပဲပုပ်ဆီရဲ့ ဒီဇင်ဘာကြိုရောင်းစာချုပ်ဈေး က သုည ဒသမ ၂၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။    
 

 

UNT