Main menu

Background

အထွက်နှုန်းမြင့်မားမှုကြောင့် မလေးရှားစားအုန်းဆီဈေးနှုန်းကျဆင်း

Thu, 05/26/2016 - 11:50 -- journal_editor

မလေးရှားစားအုန်းဆီအထွက်နှုန်းနဲ့ ရောင်းချမှုကိန်း ဂဏန်းများ မြင့်တက်လာလိမ့်မယ်ဆိုတဲ့ ခန့်မှန်းချက်များက စားအုန်းဆီဈေးကွက်ကို နိမ့်ကျသွားအောင်ဆွဲချခဲ့တဲ့အတွက် မလေးရှားစားအုန်းဆီကြိုရောင်းဈေး ရဲ့အခြေခံစံထားဈေး နှုန်းများမှာ မေ ၁၈ ရက်က ရက်သတ္တပတ်နှစ်ပတ်အတွင်း အနိမ့်ဆုံးနှုန်းသို့ကျဆင်းခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော် ပြပါတယ်။ဘာဆာမလေးရှား ကုန်စည်ဒိုင်(Bursa Malaysia Derivatives Exchange)မှာ သြဂုတ်လအတွက်ချုပ်ဆိုတဲ့ မလေးရှားစားအုန်းဆီဈေးက မေ ၁၈ ရက်က ဈေးပိတ်ချိန်မှာ ၁ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းပြီးတစ်တန်ကို ၂၅၆၁ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၃၃) နှုန်းအထိ ရောက်ရှိ ခဲ့ပါတယ်။ စောစောပိုင်းကမူ စားအုန်းဆီတစ်တန်ကို ၂၅၄၁ ရင်းဂစ် နှုန်း အထိ ကျဆင်းခဲ့တဲ့အတွက် မေ ၄ ရက်နောက်ပိုင်း အနိမ့်ဆုံး နှုန်းဖြစ်ခဲ့ပါတယ်။ တစ်နေ့တာရောင်းချရတဲ့ စားအုန်းဆီပမာ ဏက ၂၅ တန်ရှိအတွဲ ၆၈၂၉၅ တွဲအထိရှိခဲ့တဲ့အတွက် ၂၀၁၅ ခုနှစ်အတွင်း ရှိခဲ့တဲ့တစ်နေ့ပျမ်းမျှ တန် ၄၄၆၀၀ ထက် ကျော် လွန်နေတာကို တွေ့ရပါတယ်။
''မကြာသေးမီ  ရက်သတ္တပတ်များအတွင်းက မိုးအကြီး အကျယ်ရွာသွန်းတဲ့အတွက်  စားအုန်းဆီအထွက်ကောင်း မယ်လို့ယူဆရပါတယ်။ ဒါပေမယ့်  မိုးရွာသွန်းမှုအခြေအနေက ဒေသအလိုက်ကွဲပြားမှုရှိနေပါတယ်}}လို့ ကွာလာလမ်ပူအခြေ စိုက်ကုန်သည်တစ်ဦးက ပြောပါတယ်။
ယခုနှစ်ပထမသုံးလပတ်မှာ အယ်လ်နီညိုရာသီဥတု ကြောင့် သီးနှံပျက်စီးခဲ့တဲ့အတွက်  စားအုန်းဆီဈေးနှုန်းတွေ ၁၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။  အကယ်၍အထွက်နှုန်းတွေ မြင့်တက်လာမယ်ဆိုရင်တော့ စားအုန်းဆီဈေးနှုန်းကို ထိခိုက် မှုရှိနိုင်ပါတယ်။ အယ်လ်နီညိုရာသီဥတုကြောင့် အရှေ့တောင် အာရှဒေသမှာ ရာသီဥတုအခြေအနေ   ဆိုးရွားခဲ့တဲ့အတွက် အင်ဒိုနီးရှားနဲ့ မလေးရှားတို့မှာ ထွက်နှုန်းတွေ ကျဆင်းခဲ့ပါ တယ်။
ယခုနှစ်အချိန်ထိ ၄ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဖြစ်တဲ့ စားအုန်းဆီအခြေခံစံထားဈေးနှုန်း  မြင့်တက်မှုကို  ထိပ်တန်းစားသုံးနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ ဝယ် လိုအားကျဆင်းမှုကြောင့် ထိခိုက်မှုရှိနိုင်ပါတယ်။
မေလဝက်အတွင်း မလေးရှားစားအုန်းဆီတင်ပို့မှုက လွန်ခဲ့တဲ့တစ်လကနဲ့ နှိုင်းယှဉ်ရင် ၁၄ ရာခိုင်နှုန်းနဲ့ ၁၆ ရာခိုင် နှုန်းအကြားမြင့်တက်ခဲ့ပါတယ်။ မေလပထမ ၁၀ ရက်မှာ ရရှိ ခဲ့တဲ့ ၂၂ ရာခိုင်နှုန်းနဲ့ ၃၂ ရာခိုင်နှုန်းအကြားမြင့်တက်မှုနဲ့ နှိုင်း ယှဉ်ရင်ကျဆင်းခဲ့တာကို တွေ့ရပါတယ်။ တခြားဟင်းရွက်ဆီ ဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံဒါလီယံကုန်စည်ဒိုင်  (Dilian Commodity Exchange) မှာ စက်တင်ဘာအတွက်ပဲပုပ်ဆီ ကြိုရောင်းဈေးက သုည ဒသမ ၅ ရာခိုင်နှုန်း   မြင့်တက်ပြီး အမေ ရိကန်နိုင်ငံချီကာဂိုကုန်သွယ်ရေးဘုတ်အဖွဲ့မှာ   သြဂုတ် အတွက် ပဲပုပ်ဆီကြိုရောင်းဈေးက သုည ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းပါတယ်။